Showing posts with label MCN. Show all posts
Showing posts with label MCN. Show all posts

Wednesday, December 18, 2019

ICJ က ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်လိမ့်မယ်လို့ "ရိုဟင်ဂျာ" တွေ မျှော်လင့်ထားလဲ

MCN TV NEWS CHANNEL
17 ဒီဇဘာ 2019


အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်လိမ့်မယ်လို့ "ရိုဟင်ဂျာ" တွေ မျှော် လင့် ထားလဲဆိုတာ ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်း အ ဖွဲ့က ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်ကို ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

● MCN သတင်းဌာနရဲ့ The Streamiz Show အစီအစဉ်ကနေ ကိုနေဆန်းလွင်ကို တိုက်ရိုက်ဆက်သွယ် မေးမြန်း တင်ဆက်ပေးထားပါတယ်။


Link : Here

Thursday, December 5, 2019

ဦးကျော်မင်းနှင့် MCN TV Channel တွေ့ဆုံမေးမြန်းခန်း။

MCN TV News Channel
05 ဒီဇင်္ဘာလ 2019

●အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲခံရတဲ့အပြင် နိုင်ငံတကာရဲ့ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာအရေးကို အတွေးအခေါ်ပြောင်းလဲပြီး ပူးပေါင်းဆောင်ရွက်ခွင့်ပြုရင် တပ်မတော်ကာ ကွယ် aရး ဦးစီးချုပ်သာမက အတိုင်ပင်ခံပုဂ္ဂိုလ်လည်း နိုဘယ်ငြိမ်းချမ်းဆု ထပ်မံရရှိလိမ့်မယ်လို့ ဒီအသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သူ ဦးကျော်မင်းက ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် နိုင်ငံတကာဖိအားတွေနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေမှာ အဲ့ဒီအသိုင်းဝိုင်းက အမှန်တ ကယ် ထောက်ခံပြီး တာဝန်ခံမှုနဲ့ ကိုယ်စားပြုစု အပြည့်အဝရှိတဲ့ သူတွေကို တန်းတူညီမျှစွာ အားလုံးပါဝင် ခွင့်ပေးခြင်းအားဖြင့်လည်း ပြည်တွင်းရေး ပြဿနာအဖြစ် ပြေလည်စွာဖြေရှင်းနိုင်မယ်လို့လည်းသူက ဆိုတာပါ။

Wednesday, December 4, 2019

ICJ တရားခွင်ကို ဘယ်လိုမြင်ပါသလဲ။ ဦးရွှေမောင်နှင့် တွေ့ဆုံ မေးမြန်းခန်း။

MCN TV 
News Channel
03.12.2019


ICJ တရားခွင်ကို နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးလာရောက် ဖြေရှင်းမယ်အပေါ် ထောက်ခံကြောင်းနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားဆိုရာမှာ လူတစ်စုကို ချန်လပ်ခဲ့တာမျိုး မဖြစ်ဖို့ အလွန်အရေးကြီးတယ်လို့ (ဘင်္ဂါလီ-မွတ်စလင်) "ရိုဟင်ဂျာ" အသိုင်းအဝိုင်းရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောကြားလိုက်ပါတယ်။

● လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး စာချုပ် (Genocide Convention) ပါ အချက်တွေကို ချိုးဖောက် တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာက တရားစွဲဆို ထားတဲ့အပေါ် MCN သတင်း ဌာနက ဆက်သွယ်မေးမြန်းရာမှာ ဦးရွှေမောင်က ပြောကြားလိုက်တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */