" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လယ်မြေသိန်း. Show all posts
Showing posts with label လယ်မြေသိန်း. Show all posts

Saturday, October 22, 2022

ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို တပ်အမည်ပေါက် သိမ်းယူ

MYANMAR NOW
စထွန်းအောင်
Published on Oct 22, 2022
၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှု များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရိုဟင်ဂျာမိသားစုများကို ၎င်းတို့၏မီးလောင်နေသောရွာ နောက်ခံပြုလျက် တွေ့ရစဉ်။ (ဓာတ်ပုံ​ - K.M. Asad/AFP via Getty Image) 

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော မြေလှန်မီးရှို့ စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သိန်း နှင့် ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ အသက်လု ထွက်ပြေးခဲ့ရသည်မှာ ပြီးခဲ့သည့်လပိုင်း တွင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများဆုံး ရှုံး ကာ အနာဂတ်မရေမရာဖြစ်နေသည့် ရိုဟင်ဂျာများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် မြေယာများ ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းယူခံလိုက်ရခြင်းပင်ဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */