" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တရုတ်. Show all posts
Showing posts with label တရုတ်. Show all posts

Friday, September 3, 2021

တရုတ်ရဲ့ထောက်ပံ့မှုတွေပေါ်မှာ မှီခိုအားထားမယ်လို့ တာလီဘန်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဆို

Myanmar Muslim Media
ဘာသာပြန် သတင်း
စက်တင်ဘာ ၃၊ ၂၀၂၁ 

အာဖဂန်ကနေ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေရုပ်သိမ်းသွားမှုနဲ့ နိုင်ငံကိုသိမ်းယူနိုင်ပြီးနောက် တာလီ ဘန် အဖွဲ့ဟာ တရုတ်ဆီကနေ ဘဏ္ဍာရေးပိုင်းအဓိကမှီခိုအားထားရလိမ့်မယ်လို့ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟွလ္လာ မူဂျာဟစ်က အီတလီသတင်းစာတစ်ခုကိုပြောကြားခဲ့ပါတယ်။

ကြာသာပတေးနေ့ကထုတ်ဝေခဲ့တဲ့ La Repubblica နဲ့အင်တာဗျူးမှာ မူဂျာဟစ်က တာလီဘန် တွေဟာ တရုတ်ဆီကအကူအညီနဲ့အတူ စီးပွားရေးပိုင်းပြန်လည်ထူထောင်ဖို့လုပ်ဆောင် သွား မယ် လို့ ပြောကြား ခဲ့ပါ တယ်။ သြဂုတ်လ ၁၅ရက်နေ့မှာ တာလီဘန်တွေက အာဖဂန်မြို့ေ တာ် ကဘူးလ်ကို သိမ်းယူထိန်း ချုပ်ခဲ့ပြီး နောက် နှစ်၂၀ကြာစစ်ပွဲကုအဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် လည်း စီးပွားရေးပြိုလဲမှုတွေ အငတ်ဘေးဆိုက်မှု တွနဲ့ပတ်သက်ပြီး ကြောက်ရွံ့ပူပန်မှုတွေ ရှိ နေပါတယ်။

Tuesday, November 17, 2020

ရိုဟင်ဂျာအရေး သုံးပွင့်ဆိုင်ဆွေးနွေးဖို့ ကပ်ဘေးကြောင့် နှောင့်နှေး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-11-17
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA


ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာမယ့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ မကြာခင် စတင်နိုင် မယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆွေးနွေးမှုတွေစတင်ဖို့ လောလောဆယ် အစီအစဉ် မရှိ သေးဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

Monday, November 16, 2020

အိုင်စီစီတရားရုံးဆီ မြန်မာစစ်သား ၂ ယောက်ကို တရုတ် နိုင်ငံ ဘယ်လိုပို့ခဲ့သလဲ

People Media
နယူးဒေလီ၊
နိုဝင်ဘာ ၁၀


မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေအပေါ်သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို နိုင်ငံတကာရာဇ၀တ်တရားရုံး (အိုင်စီ စီ)ဆီ ၀န်ခံခဲ့တဲ့မြန်မာစစ်သား ၂ ယောက်ကို လွှဲပြောင်းပေးရာမှာ တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍတရပ် ကနေ ပါဝင်နေပါတယ်။

အသက် ၃၃ နှစ်ရှိနေတဲ့မျိုးဝင်းထွန်းနဲ့ အသက် ၃၀ ရှိနေတဲ့ဇော်နိုင်ထွန်းတို့ဟာ မြန်မာနိုင်ငံအနောက် ပိုင်း ရခိုင်ပြည်နယ်က ဘင်္ဂါလီလူနည်းစုတွေအပေါ်ရက်စက်မှုတွေမှာ မြန်မာစစ်တပ်ပါဝင်နေတယ်ဆိုတာဝန်ခံဖို့ အိုင်စီစီထံရောက်နေပါတယ်။

Saturday, October 31, 2020

ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာများ ကို မြန်မာက ပြန်ခေါ် လိမ့်မည် ဟု တရုတ်ပြော

ABANA  

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အောက္တိုဘာ ၂၆, ၂၀၂၀

နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။
 


နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန် မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမန်တို့ ကြာသာ ပတေးနေ့ညက တွေ့ဆုံစဉ်မှာ ဒီလိုပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Sunday, October 25, 2020

ရိုဟင်ဂျာများကို ပြန်လက်ခံမည်ဟု မြန်မာက တရုတ်ကို အာမခံဟုဆို

မဇ္ဈိမ
အောက်တိုဘာ ၂၅၊ ၂၀၂၀

Photo Creadit - ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက လှေစီးပြေး ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒုက္ခသည်စခန်းသို့ ပြန်လည် ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ - AFP)

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာ ရိုဟင်ဂျာများ ကို ပြန်လက်ခံသွားမည်ဟု တရုတ်အစိုးရကို မြန်မာ က မကြာသေးမီတွင် အာမခံ ပြောဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာ ထရီးဗြူးသတင်းစာက ရေး သားထားသည်။

Saturday, October 24, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဒုတိယအကြိမ် ၃ ပွင့်ဆိုင်ဆွေး နွေးရေး တရုတ်စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)


ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကျင်း ပနိုင်ဖို့အရေး တရုတ် နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာမခံ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး United News of India - UNI သတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Dr. AK Abdul Momen ကို ကြာ သပတေးနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောရာမှာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေး aကာက်ပွဲ ကျင်းပပြီးနောက်ပိုင်း သုံးပွင့် ဆိုင် ဆွေးနွေးကြဖို့ကို မူအားဖြင့် သဘောတူညီခဲ့ကြ ဖြစ်လို့လည်း ပြောပါတယ်။

Tuesday, October 13, 2020

ရိုဟင်ဂျာများနေရပ်ပြန်ရေး ကြန့်ကြာမှုအပေါ် တရုတ်နိုင်ငံ စိုးရိမ်နေ

UNB

2020-10-13


ရိုဟင်ဂျာများ ရခိုင်ပြည်နယ်မှနေရပ်သို့ပြန်မည့် လုပ်ငန်းစဉ်များ အထမမြောက်သေးသည့်အတွက် စိုးရိမ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျင်မင်းက တနင်္ဂနွေနေ့တွင်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော့က်စ်ဘဇားရှိဒုက္ခသည်စခန်းများတွင် ဂိုဏ်များနယ်မြေစိုးမိုးရေး တိုက်ပွဲများ ကြောင့် ရိုဟင်ဂျာများနှင့်ဒေသခံ ၈ ယောက်သေဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများမပြန်ပါက သူ တို့သည် ဒေသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်နေမည်ဟု မိုမန်ကပြောသည်။

 

Monday, October 5, 2020

ဒုက္ခသည်များနေရန်ပြန်ခြင်း မြန်မာစတင်ရေး တရုတ်က တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို။

H2OU
05/10/2020
ဘာသာပြန်

ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားတွင် ယာယီခိုလှုံနေရသည့် ဒုက္ခသည် ရိုဟင်ဂျာ တို့မှာ အေ ရအတွက် ၁.၁ သန်းခန့်ရှိသည်။ အတင်းအဓမ္မမောင်းထုတ်ခြင်းခံခဲ့ရသူတို့၏ နေရပ်ပြန်ခြင်း စတင်စေရေး၌ မြန်မာနိုင်ငံအား ဆွဲဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရေးအတွက် ဘင်္ဂ လားဒေ့ရှ်က တောင်းဆိုလိုက်သည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

Saturday, January 18, 2020

မြန်မာအပေါ် သြဇာပိုလွှမ်းမိုးနိုင်ဖို့ တရုတ် ကြိုးပမ်း

NHK World Japan
2020.01.18

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သောကြာနေ့က စတင်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် ၂ ခုနီးပါး အတွင်း တရုတ်ခေါင်းဆောင်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ် လည်းဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို သမ္မတ ရှီ တက်ရောက်မှာ ဖြစ်ပါတယ်။

Sunday, January 12, 2020

တရုတ်သမ္မတခရီး မြန်မာပြည်အတွက် ဘာမျှော်လင့်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန) 
မဆုမွန်
11 ဇန်နဝါရီ၊ 2020
တရုတ်သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping ရဲ့ ၂၀၂၀ ပြည့် နှစ်သစ်အတွက် ပထမဆုံး သွားရောက်မယ့် ပြည်ပနိုင်ငံဟာ မြန် မာနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလားအလာ ရလဒ်ကောင်းတွေ မြင်ရဖို့ မျှော်လင့်တယ်လို့ တရုတ်-မြန်မာအရေး အ ကဲ ခတ်တွေက သုံးသပ်လိုက်ပါတယ်။ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတ တဦးအနေနဲ့ မြန် မာနိုင်ငံ ကို ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ရေး နဲ့ ဘက်စုံ ပူးပေါင်း ဆောင်ရွက်လာနိုင်ခြေတွေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြထားပါ တယ်။

အစိုးရနှင့်တွေ့ဆုံဆွေးနွေးရန် AA အဖွဲ့ကို တရုတ်ဖိအား ပေးခဲ့

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ 
12 JAN 2020 
ဓာတ်ပုံ - The Kachin Net


ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ရေးနည်းဖြင့်ဖြေရှင်းမှုထက် အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုကို များ များလုပ်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)အား တရုတ်အစိုးရက ဖိအားပေးခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆမ်အောင်က ပြောသည်။

Thursday, December 19, 2019

တရုတ်က မြန်မာရဲ့ အားကိုးရာ ဖြစ်နေပြီလား

မြန်မာတိုင်းမ်အပတ်စဉ်
ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၉၊ ကြာသပတေးနေ့
ဆွေလဲ့မွန်
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိတို့ ယခုလဆန်းက နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

၀၁၅ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)က အစိုးရအဖွဲ့ကိုဦးဆောင်ဖွဲ့စည်းနိုင်ပါက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများသည် အနောက်ဘက်သို့ယိမ်းမည်ဟု ပြည်တွင်းပြည်ပမှ နိုင်ငံရေးစိတ်ဝင်စားသူများက မှန်းဆခဲ့ကြသည်။

Friday, September 20, 2019

ရိုဟင်ဂျာပြဿနာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လာမယ့်အပတ် ကျင်းပမယ်

RFA
လွတ်လပ်တဲ့ အာရှအသံ
20 September 2019
(ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Li Jiming နဲ့ ကော့ဘဇားခရိုင် Shalbagan ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေ ၂၀၁၉ စက်တင်ဘာ ၁၆ ရက်နေ့ကတွေ့ဆုံစဉ်)
■ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်မယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့်အပတ်အတွင်း တရုတ်ပြည်ရဲ့ ပါဝင်ညှိနိုင်းပေးမှုနဲ့ နယူးယောက်မြို့မှာ ကျင်းပမယ် လို့ ဒါကာမြို့က ဒီကနေ့ လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာ ခံကျ င်းပေ နေစဉ်ကာလအတွင်း ညီလာခံပြင်ပမှာ အဲဒီတွေ့ဆုံပွဲကို ပြုလုပ်မှာ ဖြစ်တယ်လို့ The Daily Star သ တင်းစာက ရေးပါတယ်။

Wednesday, September 18, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေး ကုလမှာ သီးခြား ဆွေးနွေးဖွယ်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စတင်နေပြီ ဖြစ်တဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဘေးပန်းမှာ မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတို့ သုံးနိုင်ငံ သီးခြားတွေ့ဆုံပြီး ရိုဟင်ဂျာ အေ ရး ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးရာ လွှတ်တော် အမြဲတမ်းကော်မတီရဲ့ ဥက္ကဌ Muhammad Faruq Khan က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

Thursday, August 22, 2019

တိုက်ပွဲတွေ ရပ်တန့်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကို တရုတ်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22


တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးသံတမန် Sun Guoxiang ကို ၂၀၁၈ ဇူလိုင် ၁၂ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/RFA

                                              
ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ဖို့နဲ့ ဒီတိုက်ပွဲတွေကို တရုတ်နိုင်ငံအနေနဲ့ လက်မခံကြောင်း မြောက်ပိုင်းလက်နက်ကိုင်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ် စားလှယ် မစ္စတာ ဆွန်ကော့ရှန်က ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

Tuesday, July 23, 2019

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း AA ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-22

ရက္ခိုင့်တပ်တော် (AA) ရဲ့ ကြေညာချက်ကို တွေ့ရစဉ်


တရုတ်နိုင်ငံရဲ့ One Belt One Road(OBOR) နဲ့ ဆက်စပ်ပတ်သက်နေတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းတွေကို အပြုသဘောနဲ့ကြိုဆိုတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာတွေနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Sunday, May 12, 2019

ရိုဟင်ဂျာ အရေး တရုတ်ပြောဆိုချက် ဘင်္ဂလားဒေ့ရှ် ဝေဖန်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-12
                                တရုတ်သံအမတ်ကြီး ဇန်ဇူး (အလယ်)ကို ဒါကာမြို့မှာ တွေ့ရစဉ်
                                                                  Photo: BenarNews


ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရင် ရိုဟင်ဂျာ ပြဿနာကို ပြေလည် စေနိုင်တယ်လို့ တရုတ်သံအမတ်ကြီးရဲ့ ပြောဆိုချက်ကို ဘင်္ဂလာဒေ့ရှ်အရာရှိနဲ့ နိုင်ငံရေးလေ့လာသူတွေက သောကြာနေ့က ဝေဖန်လိုက်ပါတယ်။

Monday, April 29, 2019

ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ BCIM ကို တရုတ် ဖယ်ရှား

VOA
ဗွီအိုအေ (မြန်မာဌာန)
29 ဧပြီ၊ 2019
အင်ကြင်းနိုင်
 ရပ်ဝန်းနဲ့ ပိုးလမ်းမ ဒုတိယအကြိမ် နိုင်ငံတကာညီလာခံ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ တရုတ်သမ္မတ ရှီကျင်ဖျင် (ဧပြီလ ၂၆၊ ၂၀၁၉)


တရုတ်ကနေ ဥရောပထိ ဖေါက်လုပ်မယ့် BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်း စာရင်း စနေနေ့က ထုတ်ပြန် ရာမှာ အရင်က ပါခဲ့တဲ့ BCIM ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ စီးပွားရေးစင်္ကြန် စီမံကိန်းကို တရုတ်က ဖြုတ်ချခဲ့ပါတယ်။

Sunday, April 28, 2019

ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ရှေ့အလား အလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဧပြီ၊ 2019
မအေးသန္တာကျော်
                                                                     ကျောက်ဖြူဆိပ်ကမ်း
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဆီ သွားရောက်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေး
နွေး ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ကြမှာကို ကြိုဆိုတာပါ။ ရခိုင်မြောက်ပိုင်းက လူမျိုးရေးပဋိပက္ခတွေကြောင့် အထူးသဖြင့် ကုလသ မဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုနဲ့ ကြုံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွား ရာက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ဒေသခံတွေကတော့ တရုတ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့
ဒေ သကို တကယ်ပဲ အကျိုးဖြစ်စေပါ့မလားဆိုပြီး စိုးရိမ်းနေကြပါတယ်။ Libby Hogan ကျောက်ဖြူက ပေး ပို့တဲ့ သတင်းကို မအေးသန္တာကျော် ပြောပြပေးပါခင်ဗျာ။

Friday, March 29, 2019

ရင်နှီးမြှုပ်နှံခြင်းနဲ့သာ ရိုဟင်ဂျာပြဿနာကို ကူညီရာ ကျမယ်လို့ တရုတ်သတင်းစာ ရေးသား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-28

 ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် 


မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာပြေလည်ရေးအတွက် ဝေဖန်နေခြင်းအားဖြင့် ကူညီရာမရောက်နိုင်ပဲ ရင်းနှီး မြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်သာ သက်သာပျောက်ကင်းစေမှာဖြစ်တယ်လို့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */