RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.09.10
Tuesday, September 10, 2024
AA အကျဉ်းစခန်း တိုက်ခိုက်ခံရ၊ အကျဉ်းသားနဲ့ စစ်သုံ့ပန်း ငါးဆယ်ကျော် ပွဲချင်းပြီးသေဆုံး
Sunday, May 5, 2024
ရခိုင် NUPA နှင့်ရိုဟင်ဂျာ ARNO တို့ ပူးတွဲဦးဆောင်သော “အာရကန်လွတ်လပ်ရေး မဟာမိတ်အဖွဲ့” Arakan Independence Alliance (AIA) ဖွဲ့စည်းခဲ့ခြင်း
ရခိုင်NUPAနှင့်ရိုဟင်ဂျာARNOတို့ ပူးတွဲဦးဆောင်သော “အာရကန်လွတ်လပ်ရေး မဟာမိတ်အဖွဲ့” Arakan Independence Alliance (AIA) ဖွဲ့စည်းခဲ့ခြင်း (စက်တဘ်ာ၁၆၊ ၂၀၀၀)
၁၉၇၇ ခုနှစ်တွင် အာရကန်ပြည်သားအချို့က ကြံစည်ခဲ့သော အာဏာသိမ်းမှု အကြံအစည်တစ်ခု ပျက်ပြားသွားခဲ့သည်။ ဤအာဏာသိမ်းမှုကို အောင်စိန်သာ၊ ထင်လင်းနှင့် ကျော်လှ(ခ) မုစ်တာဖာကာမာလ်တို့က ကြိုးကိုင်ကြံစည်ခဲ့သည်။ မြန်မာ့ထောက်လှမ်းရေးက ရန်ကုန် ဘင်္ဂလားဒေ့ရှ်သံရုံးရှိ စစ်သံမှူးကို ကြံစည်မှုတွင် ပါဝင်ပတ် သက်နေသည်ဟု ပွင့်ပွင့်လင်းလင်းစွပ်စွဲပြီး မည်သို့မျှ လက်မခံနိုင်ဟုပြောဆိုကာ နှင်ထုတ်ခဲ့သည်။
Sunday, December 17, 2023
စစ်တွေ ဒေသခံ ၃ ဦးကို ALP အဖွဲ့က ဖမ်းဆီး
DVB
December 17, 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက ဒေသခံ ၃ ယောက်ကို ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီ လက် အောက်ခံ ALP အဖွဲ့ဝင် ၁၀ ကျော်လောက်က ဒေသခံ ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ စစ်တွေမြို့ ဒေသခံတဦးက ပြောပါတယ်။
Tuesday, September 26, 2023
ဘူးသီးတောင်မြို့နယ်မှာ အာဆာလှုပ်ရှားမှု ရှိလို့ စိုးရိမ် ကြောင်း ဒေသခံတွေပြော
RFA
RFA Burmese
2023.09.26
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ နာမည် ပေးထားတဲ့ (ARSA) အဖွဲ့ရဲ့ လှုပ်ရှားမှုရှိနေတာကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
Saturday, September 16, 2023
စစ်တွေတွင် ALP တပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးတင်းကြပ်
DVB
September 16, 2023
ALP အရာရှိ စစ်တွေတွင် ပစ်သတ်ခံရ၊ ၇ ဦးမြောက် လုပ်ကြံ ခံရသူဖြစ်
Myanmar Now
ရောင်နီ
September 15, 2023
.png)
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိကြေးနန်း ရုံးအနီးတွင် ယနေ့ (စက်တင်ဘာ ၁၅)၊ မွန်းတည့်ချိန်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံလိုက်ရသည်။
Thursday, March 23, 2023
ALP ပါတီကနေ ထုတ်ပယ်ခံရတဲ့ စောမြရာဇာလင်းနဲ့ VOM ဆက်သွယ်မေးမြန်းချက်
VOM
မတ်၂၂-၂၀၂၃
SW(VOM)
ဖြေ – စောမြရာဇာလင်း (ALP) : ကျွန်မကို ထုတ်ပယ်လို့မရပါဘူး။ ကျွန်မကို ထုတ်ပယ်စရာလည်း မလိုပါဘူး။ ကျွန်မက သူတို့ကို ထားခဲ့ပြီးပြီ။ လမ်းစဉ်မတူဘူး။ မတူတဲ့အတွက် ကျွန်မကိုယ့်လမ်းစဉ်ကိုယ် သေချာလျှောက်ဖို့ လိုတယ်။ ကျွန်မနဲ့ ဝါသနာတူတဲ့လူ၊ သဘောထားတိုက်ဆိုင်တဲ့လူတွေနဲ့ သွားဖို့ရာအတွက် ကျွန်မတို့ ပါတီတွင်းမှာ (၄) ကြိမ်တိုင်တိုင် တိုင်ပင်ပြီးတော့မှ ပါတီအသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပါတီကနေ (၆) လနဲ့အထက် ကင်းကွာနေတဲ့လူတွေကို ကျွန်မတို့ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခိုင်ပေါ်လင်း အဖမ်းခံရပြီး နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်တွေဟာ ပါတီတည်နေရာ၊ တပ်တည်နေရာ၊ ထဲက ထွက်ပြေးသွားကြတဲ့လူတွေဖြစ်တယ်။ ဒီလူတွေက ပါတီနဲ့ တပ်မတော်အတွက် အလုပ်မလုပ်ဘူး။ ဒီလူတွေက အဝေးကနေ အမိန့်ပေးနေလို့လည်း မရပါဘူး။ အဲဒါ ကြောင့် လုပ်ဆောင်နိုင်စွမ်းရှိတဲ့၊ အရည်အချင်းရှိတဲ့ ပါတီပေါ်မှာ သံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ကျမတို့က ဖွဲ့ စည်းမှုကို လုပ်လိုက်ရတာဖြစ်တယ်ဆိုတာကို အရင်ဆုံးပြောချင်ပါတယ်။
ဒေါ်စောမြရာဇာလင်း ခေါင်းဆောင်ပြီး ALP ပါတီ ပြန်ဖွဲ့ စည်းမှု တရားမဝင်ဟု ALP ကြေညာ
DVB
21 March, 2023
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ ဒု-ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒေါ်စောမြရာဇာလင်းဟာ ပါတီဥက္ကဋ္ဌ အ ဖြစ် ခံယူပြီး ဗဟိုကော်မတီအသစ်တွေနဲ့ ALP ပါတီကို အသစ်ပြန် ဖွဲ့စည်းတာနဲ့ပတ်သက်လို့ လက်မခံကြောင်း ALP ပါတီအတွင်းရေးမှူး ဦးခိုင်ကျော်ခိုင်က မတ်လ ၂၀ ရက်မှာ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။
ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း၊ ပါတီနဲ့ လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အနာဂတ်
RFA
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2023.03.21
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်လို့ ALP ပါတီအတွင်း အပြန်အလှန်စာတွေ ထုတ်ပြန်နေပါတယ်။
ထုတ်ပြန်စာတွေဟာ ALP ပါတီရဲ့ letterhead ခေါင်းစီးတွေ အသုံးပြုထားတာဖြစ်ပါတယ်။
ဒေါ်စောမြရာဇာလင်းဟာ သူ့သဘောနဲ့သူ ပါတီကို ပြန်လည်ဖွဲ့စည်းတာလို့ ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ပြန်လည်ဖွဲ့စည်း လိုက်ကြောင်းစောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန် ယူထားသည့် ALP ဗဟိုကော်မတီ ကြေညာ
ELEVEN MEDIA
21 March 2023
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ရည်ရွယ်ချက်တူသူများနှင့် ခရီးဆက်နိုင်ရန် ပြန်လည်ဖွဲ့စည်းလိုက် ကြောင်း စောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူထားသည့် ALP ဗဟိုကော်မတီက ထုတ်ပြန်ကြေညာ ခဲ့သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (ALP) လက်မှတ်ထိုးပြီးချိန်မှစ၍ ပါတီခေါင်းဆောင်ပိုင်းအချို့အကြား အမြင်မတူမှုများ သိသိ သာသာတိုးပွားလာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဝမ်းနည်းဖွယ်ရာ ဖြစ်ပေါ်လာ ခဲ့ပြီး မမျှော်လင့်ဘဲ ပါတီမှာ အသွင်နှစ်မျိုးဖြစ်လာခဲ့ကြောင်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီတွင်း အကွဲအပြဲ
ဉာဏ်ဝင်းအောင်
၂၂ မတ်၊ ၂၀၂၃
ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ALP ရဲ့ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို ပါတီစည်း မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ALP ပါတီက မနေ့က ထုတ်ပြန်ထားပါတယ်။ စောမြရာဇာလင်းဘက်ကတော့ ပါတီနဲ့လမ်းစဉ်နဲ့မကိုက်ညီတာကြောင့် သူကိုယ်တိုင်ပါတီအသစ်ဖွဲ့လိုက်ပြီလို့ပြော ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
ALP က ဒေါ်စောမြရာဇာလင်းကို တာဝန်ကနေ ရပ်စဲမှုလက် မခံဟု ပြော
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တရားရေးဌာနအမည်ကို သုံးစွဲ၍ ပါတီတည်နေရာ၊ တပ်တည်နေရာမှ ထွက်ပြေးနေသည့် အသျှင်ပညာသာမိက ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို နိုင်ငံဆွေးနွေးရေးကော်မတီ ခေါင်းဆောင် တာဝန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ရှိ တာဝန်များကနေ ရပ်စဲကြောင်း စာပို့ လာခြင်းသည် လုံးဝတရားမဝင်သည့်အတွက် လက်မခံကြောင်း ALP ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။
ဗဟိုကော်မတီ၏ အဆိုပြုချက်အရ ဥက္ကဋ္ဌရာထူးကို လက်ခံ ခြင်းဟု ဒေါ်စောမြရာဇာလင်း ပြော
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဥက္ကဋ္ဌရာထူးကို လက်ခံခြင်းမှာ ဗဟိုကော်မတီ၏ အဆိုပြုချက်အရ လက်ခံခြင်းဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
သစ်လွင်သည့် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး ၆ လအကြာကတည်းက ၎င်းကို ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် တိုက်တွန်းမှုများ ရှိနေကြောင်း၊ ယခုကဲ့သို့ အကျပ်အတည်းကာလမှာ တပ်မှူးများနှင့် တိုင်ပင်ခဲ့ကြောင်း ၎င်းက ပြောသည်။
Daw Saw Mya Yazar Lin takes helm of ALP
21 Mar 2023
English Section
- She accepted the chair of the Arakan Liberation Party because the party central committee proposed her to take the helm of the party, Daw Saw Mya Yazar Lin told the CNI.
Six months after the new politburo was formed, she was urged to take the helm of the party and she accepted the post in consultation with commanders during the leadership crisis.
ALP ပါတီနှင့် ဒေါ်စောမြရာဇာလင်း လုံးဝသက်ဆိုင်မှုမရှိ ကြောင်း ထုတ်ပြန်
Myo Myart Zaw Hein
March 21, 2023

ALP အကွဲအပြဲ ဘယ်ကိုဦးတည်နေသလဲ
ဧရာဝတီ
22 March 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အတွင်းက အကွဲအပြဲ ဇာတ်လမ်းမှာ ပို၍ ကြီးထွားလာခဲ့သည်။
ALP
ပါတီတွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ၊ ညှိနှိုင်းမရမှုများ
ဖြစ်ပေါ်နေချိန်အတွင်းမှာပင် မတ်လ ၂၀ ရက် မနက်ပိုင်းက ALP ၏
စည်းရုံးရေးနှင့် သတင်းပြန်ကြားရေး Facebook စာမျက်နှာတွင် ပါတီ ပြန်လည်
ဖွဲ့စည်း ကြောင်း ထုတ်ပြန်ချက်တခု ဖော်ပြလာခဲ့သည်။
အသစ်ပြန်လည်
ဖွဲ့စည်းလိုက်သည့် ALP ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက
တာဝန်ယူထားပြီးအကြံ ပေး အဖွဲ့ဝင် ၂ ဦး၊ အဓိပတိ ကော်မတီအဖွဲ့ဝင် ၃ ဦး၊
အတွင်းရေးမှူးအဖွဲ့ဝင် ၄ ဦး၊ ဗဟိုကော်မတီဝင်များနှင့် အရံ ဗဟိုကော်
မတီဝင်အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၈ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။
Monday, February 20, 2023
ALP ဒုစစ်ဦးစီးချုပ်နှင့်စစ်သည်၂ဦးကိုဒေါ်စောမြရာဇာလင်း အဖွဲ့က ဖမ်းဆီး
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
Wednesday, August 17, 2022
ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်ခရီးနဲ့ ရက္ခိုင့်နိုင်ငံရေး ပဋိပက္ခ
ဩဂုတ် ၁၇ ၂၀၂၂
(ဆောင်းပါး)
ယခုဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော်ရဲ့ Online သတင်းစာရှင်း လင် းပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခိုင်အမာ ပြန်လည်ပြောကြားလာတာကို တွေ့ရပြီးတဲ့နောက် ရက္ခိုင်ပြည်တွင်း နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေးကိုပါ ဂယက်ရိုက်ခတ်သွားတာကို တွေ့ရပါတယ်။
ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ဟာ (၂၀၁၈)နှစ်ကုန်ပိုင်းကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ (၂၀၂၀) နိုဝင်ဘာလ(၁၁)ရက်နေ့ကနေစတင်ကာ အပစ်ရပ်နေခဲ့ပါတယ်။
Friday, January 14, 2022
ရခိုင်လက်နက်ကိုင် ALP အဖွဲ့ နှစ်ခြမ်းကွဲ
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) မှာ စစ်တပ် က အာဏာသိမ်းပြီးနောက် ရပ်တည်ချက်ချင်းကွဲလွဲပြီး ခေါင်းဆောင်ပိုင်း သဘောထား ကွဲလွဲမှုများဖြစ်ကာ နှစ်ဖွဲ့ကွဲသွားကြောင်း သိရသည်။
ပါတီ ခေါင်းဆောင် ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့နှင့် ခိုင်ရဲခိုင်၊ ဒေါ်စောမြရာဇာလင်းတို့ ဦးဆောင် သော အဖွဲ့တို့ နှစ်ခြမ်းကွဲကာ တခုတည်းသော ပါတီတံဆိပ်ကို သုံး၍ သဘောထား ကြေညာချက်များကို လည်း အပြိုင်အဆိုင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
Sunday, January 9, 2022
ရက္ခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ထုတ်ပြန်ချက် နောက်ကွယ်က ဝှက်ဖဲတစ်ချပ်က ဘာဖြစ်နိုင်မလဲ
ဇန္နဝါရီ ၉ ၂၀၂၂
(အတွေးအမြင်ဆောင်းပါး)
၁၉၆၇ ခုနှစ်မှာ စတင်ခဲ့ပြီး တော်လှန်ရေးဂုဏ်သိက္ခာ ကြီးမားတဲ့ ရခိုင်ပြည်လွတ်မြောက်ပါတီက ဇန်နဝါရီလ ၆ ရက်နေ့ ၂၀၂၂ ခုနှစ် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ သာမန်ထုတ်ပြန်ချက်တစ်ခုဆိုပေမယ့် မြန်မာနိုင်ငံ အနှံ့ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေတဲ့ ခုခံတော်လှန်ရေးဖြစ်စဉ်တွေနဲ့ တိုက်ဆိုင်စဉ်းစားလိုက်ရင် ထူးခြားမှုတွေ ရှိနေတာကို သတိထားမိတယ်။
ဒီထုတ်ပြန်ချက်ရဲ့ နှောက်ကွယ်က စဉ်းစားချက်တွေက ဘာလဲ။ ဘယ်ခြေလှမ်း ကို သူတို့လှမ်းမှာလဲ။ဘာကြောင့် အဲဒီခြေလှမ်းတွေကို လှမ်းဖို့ ပြင်ဆင်လာတာလဲ။ ရက္ခိုင်ပြည်အတွက် ဘယ် လို အကျိုးစီးပွားတွေဖြစ်ထွန်းပြီး၊ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်သလဲ။ ရက္ခိုင်ပြည်တော်လှန်ရေး အုပ်စုနဲ့ ဘယ်လိုဘယ်လို ချိတ်ဆက် မျှော် မှန်းချက်တွေရှိနိုင်သလဲ။ ဒီမေးခွန်းပေါင်းများစွာဟာ ဒီထုတ်ပြန်ချက်နဲ့အတူ တွဲပြီးပေါ်လာတဲ့ ကွတ်ချန်မက်(ခ်) တွေဖြစ်ပါတယ်။ ဒီမေးခွန်းတွေအပေါ် ထင်မြင် ယူ ချက်တွေက ဘာတွေ ဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။ (ဒီဆောင်းပါးကို ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ နည်းနဲ့ သုံးသပ်ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။)