မြဝတီမြို့နယ်စပ်က လူဝင်မှုကြီးကြပ်ရေးဂိတ်တခု (ဓာတ်ပုံ - AFP)
မြန်မာတနိုင်ငံလုံးမှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားကဒ် ဒါမှမဟုတ် ကိုင်ဆောင်သင့်တဲ့ ကဒ်တမျိုးမျိုး ထုတ် ပေးမယ့် ပန်းခင်းစီမံချက်ကို စစ်ကောင်စီက ဆောင်ရွက်နေပါတယ်။ ဒီစီမံချက်နဲ့ တနိုင်ငံလုံး နိုင်ငံသားစိစစ် ရေး ကဒ် ၄ သန်း ထုတ်ပေးနိုင်မယ်လို့မျှော်လင့်ထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီး ဌာနဝန် ကြီး ဦးခင်ရီက ဗီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ ဒီစီမံချက်အရ ရခိုင်ပြည်နယ်က နိုင်ငံသားဖြစ်ခွင့် ရှိ သူတွေ နိုင်ငံသားစိစစ်ရေးကဒ်တွေ ရနိုင်ဖို့ ပိုပြီးနီးစပ်လာပါပြီလား။ ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင် ကတင်ပြပါမယ်။