" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 22, 2024

ရေးမြို့နယ်၌ ရိုဟင်ဂျာ ၈၀ ခန့် ဖမ်းဆီးခံရ

DVB ·
March 21, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင်အတွင်း စက်လှေတစီးနဲ့ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၇၈ ဦး မတ် ၁၉ ရက် မနက်ပိုင်းက ဖမ်းဆီးခံရတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းရဲ့ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း မတ် ၁၉ ရက် မနက် ၆ နာရီကျော်က ဇွဲခေတ်ဆန်း အမည်ရှိ စက်လှေတစီးကို ရေကြောင်းထိန်းသိမ်းရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာ အခုလို ဖမ်းဆီးရမိခဲ့တာလို့ လုံခြုံရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရေကြောင်းထိန်းသိမ်းလုံခြုံရေးအဖွဲ့ အဲဒီလှေကို မသင်္ကာလို့ သွားပြီးစစ်ဆေးကြည့်မှ လှေပေါ်မှာ ဘင်္ဂါလီ (ရိုဟင်ဂျာ) လူမျိုးတွေ တင်ဆောင်လာလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ လောလောဆယ် ကျွန်းမှာပဲ ထိန်းသိမ်းထားပါတယ်။ အချက်အလက်တွေ စစ်ဆေးပြီးရင်တော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပါ။”

အဲဒီစက်လှေပေါ်မှာ ရိုဟင်ဂျာ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၃၄ ဦး၊ စုစုပေါင်း ၇၈ ဦးလိုက်ပါလာပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံကို သွားရောက်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကလည်း သံဖြူဇရပ်မြို့၊ ဝါခရူကျေးရွာအနီးမှာ မော်တော်ယာဥ်နှစ်စီးပေါ်က ရိုဟင်ဂျာ ၁၁၉ ဦးကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယာဉ်မောင်း နှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက် သွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */