Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Monday, November 25, 2024

ရိုဟင်ဂျာအရေး တူရကီနိုင်ငံ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၅ နိုဝင်ဘာ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ရိုဟင်ဂျာအရေးပြေလည်စေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ နိုင်ငံတကာအဆင့်မှာ ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တူရကီသံအမတ်ကြီးက မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ(BNP) ထွေထွေအတွင်းရေးမှူး Mirza Fakhrul Islam Alamgir နဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာပါ။

ရိုဟင်ဂျာအကျပ်အတည်းကိုဖြေရှင်းဖို့ နယ်မြေထိန်းချုပ်ထားတဲ့ အေအေကို ထည့်သွင်းစဉ်းစားရမယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

BBC မြန်မာ
၂၅ နိုဝင်ဘာ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေး မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန်

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(အေအေ)ရဲ့ ထိန်းချုပ်မှုကို ထည့်သွင်းမစဉ်းစားရင် ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေး မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန် က ပြောပါတယ်။

Sunday, November 17, 2024

ရိုဟင်ဂျာအရေး ပြင်သစ်သံအမတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၄ နိုဝင်ဘာ၊ ၂၀၂၄ 
တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာများကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် (ဇွန် ၄၊ ၂၀၂၂)
 

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာပြဿနာထပ်ပြီး ရှည်ကြာနေတာနဲ့ ပတ် သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီး Jashim Uddin တို့ အင်္ဂါနေ့ကဆွေးနွေးခဲ့ကြပါတယ်။

Wednesday, November 13, 2024

ရိုဟင်ဂျာအရေး နိုင်ငံတကာ အထောက်အကူရဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးစား

RFA
RFA Burmese
2024.11.13
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP Photo

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ပဋိပက္ခကို အထူးစိုးရိမ်မကင်းဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Jashim Uddin က ပြောကြားလိုက်ပါတယ်။

Monday, November 11, 2024

ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင် ဝင်ရောက်တဲ့ ရိုဟင်ဂျာ ၈၁ ယောက် ဖမ်းဆီးခံရ

RFA
RFA Burmese
2024.11.11 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

Tuesday, October 15, 2024

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘေးကင်းဇုန်ထားရှိပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို

RFA
RFA Burmese
2024.10.15
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP Photo
 

ရခိုင်မှာ လုံခြုံရေးဇုံဖန်တီးဖို့ ကုလကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၆ အောက်တိုဘာ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ် အစိုးရအကြီးအကဲ Muhammad Yunus

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂက အာမခံတဲ့ လုံခြုံစိတ်ချရေးဇုံတခုဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးအကြီး အကဲ Muhammad Yunus က တနင်္လာနေ့က အဆိုပြုလိုက်ပါတယ်။ ဒီဇုံဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့သူတွေကို အကူအညီပေးဖို့နဲ့ ဖြစ်ပွါးနေတဲ့ လူသားချင်းစာနာ ထောက်ထား ရေး အကြပ်အတည်းကို ကိုင်တွယ်ဖို့ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Anadolu သတင်းဌာနက ပြောပါတယ်။

ရိုဟင်ဂျာအရေး တရုတ် ကူညီဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၅ အောက်တိုဘာ၊ ၂၀၂၄ 
မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (အောက်တိုဘာ ၁၉၊ ၂၀၁၇)
 
မြန်မာအပေါ်မှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အထင်အရှား ရှိနေတယ်လို့ ယူဆတာကြောင့် တရုတ်အနေနဲ့ ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရာမှာ ပိုပြီး တက်တက်ကြွကြွ ကြိုးပမ်းစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က ပြောကြားခဲ့ပါတယ်။​

Sunday, October 6, 2024

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားကို ဘင်္ဂလားဒေ့ရှ်တောင်းဆို

RFA
RFA Burmese
2024.10.04 

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် တွေ့ရသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (ဝဲ)နှင့် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ် (ယာ) တို့အား တွေ့ရစဉ်။ AFP

မြန်မာရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မလေးရှားအစိုးရက ကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်ကတောင်း ဆိုလိုက်ပါတယ်။

Monday, September 30, 2024

ရိုဟင်ဂျာတွေကို ဆက်လက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ကတိပြု

VOA
ဗွီအိုအေ (မြန်မာဌာန)

၃၀ စက်တင်ဘာ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus ကုလသမဂ္ဂမှာ မိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)
 

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပစ်ပယ်ထားလို့ မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်း ဆောင် Muhammad Yunus က ပြောလိုက်ပါတယ်။

Sunday, September 29, 2024

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်အသစ်တွေ အကူအညီ ကင်းမဲ့နေကြောင်း HRW ထုတ်ပြန်

RFA
RFA Burmese
2024.09.27
 

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကယ်ထုတ်ပေးနေစဉ်။ Screenshot from Arakan Bay News's Video
 
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကနေ လတ်တလော ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အကာအကွယ်ကင်းမဲ့နေတာကြောင့် သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ တရားမျှတမှုရရေးနဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေး ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

RFA
RFA Burmese
2024.09.28

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တက်ရောက်မိန့်ခွန်းပြောကြားနေသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက် ယူနွတ်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
 

ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့ အရေးကြီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၂၈ စက်တင်ဘာ၊ ၂၀၂၄ 
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြီးအကဲ Muhammad Yunus မိန့်ခွန်းပြောဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုအကူအညီတွေ ဆက်လက် လိုအပ်နေတဲ့ တချိန်တည်းမှာ ဒီဒုက္ခသည်တွေကြုံရတဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရရေးကလည်း အလားတူ အရေးကြီးတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြီးအကဲ Muhammad Yunus က မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

Thursday, September 26, 2024

အဆင့်မြင့်အရာရှိတွေပါတဲ့ ရိုဟင်ဂျာအရေးဆွေးနွေးပွဲလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ပြင်ထား

BBC
၂၆ စက်တင်ဘာ ၂၀၂၄

၇၉ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ခဲ့တဲ့ မိုဟာမက်ယူနွတ်

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ မိုဟာမက်ယူနွတ်ကဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်နေတဲ့ ရိုဟင်ဂျာတွေအရေးအဆင့်မြင့်အစည်းအဝေးတရပ်ကိုကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး တာဝန်ခံ တောဟစ်ဟူစိန်က ပြောပါတယ်။

ရိုဟင်ဂျာအရေးအဆင့်မြင့်အစည်းအဝေး ဘင်္ဂလားဒေ့ရှ်ခေါ်ယူမည်

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၆ စက်တင်ဘာ၊ ၂၀၂၄ 
၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံဘေးပန်းမှာ ရိုဟင်ဂျာအရေး အဆင့်မြင့်အစည်းအဝေးခေါ်မယ့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammd Yunus (ယူနုစ်)
 
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammd Yunus (ယူနုစ်) ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အဆင့်မြင့် အစည်းအဝေးတရပ်ကို ကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး တာဝန်ခံMd Touhid Hossai က အင်္ဂါနေ့က ပြောပါတယ်။

Sunday, August 25, 2024

ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတဲ့ ၇ နှစ်မြောက် အထိမ်းအမှတ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ကျင်းပ

RFA
RFA Burmese
2024.08.25 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ REUTERS

စ်တပ်က ဖြိုခွင်းတဲ့အတွက် ရခိုင်ပြည်နယ်ကနေ ၂၀၁၇ သြဂုတ် ၂၅ ရက်မှာ ထွက်ပြေးလာရတဲ့ ၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကျင်းပကြပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်လိုက်ဖို့နဲ့ မြန်မာနိုင်ငံကို လုံခြုံ စွာပြန်နိုင်ဖို့ တောင်းဆိုကြပါတယ်။

Tuesday, August 20, 2024

ရိုဟင်ဂျာတွေကို ဆက်ပြီးစောင့်ရှောက်ပံ့ပိုးမယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်ကတိပေး

BBC
၁၉ သြဂုတ် ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ဒ် ယူနွတ်စ်
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာအသိုက်အဝန်းကို ဆက်ပြီးပံ့ပိုးကူညီစောင့် ရှောက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ဒ် ယူနွတ်စ်က ကတိပေးလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ် ဆက်ထောက်ပံ့မည်

RFA
RFA Burmese
2024.08.18
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဒါကာမြို့တွင် တွေ့ရစဉ်။ AFP
 
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ အဝတ်အထည် ပြည်ပတင်ပို့ရေးလုပ်ငန်းတွေကို အထောက်အကူပေးမယ်လို့ မူဝါဒရေးရာ ပထမဆုံးမိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်က သြဂုတ် ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

Monday, August 12, 2024

ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ဖြတ်ကျော်ကူးသွားဖို့ ထောင်နဲ့ချီတဲ့ရိုဟင်ဂျာတွေ စောင့်ဆိုင်းနေ

RFA
RFA Burmese
2024.08.11 

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့သည်ကို AA က ထုတ်ပြန်ထားစဉ်။ Telegram/ AA Info Desk

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွင့်ရဖို့ နတ်မြစ်အနီးက လယ်ကွင်းတွေထဲမှာ စောင့်ဆိုင်းနေဆဲပဲလို့ တူရကီနိုင်ငံအခြေစိုက် AA သတင်း ဌာနက သြဂုတ်လ ၁၁ ရက်နေ့မှာ ရေးသားပါတယ်။

Friday, August 9, 2024

မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာ တစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး

RFA
RFA Burmese
2024.08.09 

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသည့် ရိုဟင်ဂျာများလိုက်ပါလာသည့်လှေသည် နတ်မြစ်အတွင်းနစ်မြုပ်ပြီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။AFP


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ အရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်း ထန်နေပြီး အဲဒီတိုက်ပွဲတွေကြောင့် ရိုဟင်ဂျာငါးထောင်ခန့်ဟာ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက် ပြေးခိုလှုံဖို့ မြစ်ကမ်းဘေးမှာ စောင့်ဆိုင်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။