Showing posts with label ထောက်ပံ့မည်. Show all posts
Showing posts with label ထောက်ပံ့မည်. Show all posts

Monday, August 19, 2024

ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ် ဆက်ထောက်ပံ့မည်

RFA
RFA Burmese
2024.08.18
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဒါကာမြို့တွင် တွေ့ရစဉ်။ AFP
 
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ အဝတ်အထည် ပြည်ပတင်ပို့ရေးလုပ်ငန်းတွေကို အထောက်အကူပေးမယ်လို့ မူဝါဒရေးရာ ပထမဆုံးမိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်က သြဂုတ် ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

Friday, March 10, 2023

ရိုဟင်ဂျာဒုက္ခသည်အရေး အပါအဝင် ကဏ္ဍစုံအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော် ကနေဒါ ထောက်ပံ့မည်

DVB
9 March, 2023

မတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ခဲ့စဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် တခြားကဏ္ဍတွေအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော်ကို ကနေဒါနိုင်ငံက ထောက်ပံ့ကူညီသွားမယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး ဌာန ဝန်ကြီး ဟာဂျစ် ဆာဂျန်က ပြောလိုက်ပါတယ်။

ဝန်ကြီး ဟာဂျစ် ဆာဂျန်ဟာ ကနေဒါနိုင်ငံရဲ့ ပစိဖိတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့ တာဝန်ရှိသူတ ယောက် လည်းဖြစ်ကာ ဝန်ကြီးအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၅ ရက်အတွင်း ဖိလစ်ပိုင်၊ ဘင်္ဂ လားဒေ့ရှ်နဲ့ ကာတာနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ခုလို အတည်ပြုလိုက်တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */