" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ၿပန္လာသူ. Show all posts
Showing posts with label ၿပန္လာသူ. Show all posts

Thursday, June 4, 2020

ဘင်္ဂလားဒေ့ရှ်မှပြန်လာသူတစ်ဦးတွင် ပိုးတွေ့

7DAY
By ကိုတူး
Thursday, June 4, 2020
ဘင်္ဂလားဒေ့ရှ်မှပြန်လာသူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ပြီး စုစုပေါင်းအတည်ပြုလူနာ ၂၃၄ ဦးရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက်တွင် ထုတ်ပြန်သည်။

ဇွန်လ၃ရက်အတွက် ဒုတိယအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ် ခွဲနမူနာ ၆၈၄ခုအား စစ်ဆေးရာတွင် အထက်ပါအတိုင်း လူနာသစ်တစ်ဦးတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

Thursday, September 19, 2019

ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှ ပြန်လာသူ ၂၀ဝ ဦးခန့်ရှိနေ

မြန်မာတိုင်းမ်
မြတ်သူရ
မြန်မာတိုင်းမ်အပတ်စဉ်
19 Sep 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားသူများထဲံမှ မြန်မာနိုင်ငံသို့ မိမိသဘောဆန္ဒအလျောက်ပြန် လည် ဝင်ရောက်လာသူ ဦးရေ ၂၀ဝ ခန့်ရှိနေပြီး ဥပဒေနှင့်အညီဆောင်ရွက်ပေးလျက်ရှိကြာင်း အလုပ်သမား လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

"သူတို့ ပြန်လာတာစုစုပေါင်း ၂၀ဝလောက်တော့ရှိသွားပါပြီ ပြန်လာတဲ့သူတွေက ဟိုဘက်မှာနေ ရတာအ ဆင်မပြေလို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လာကြတာဖြစ်ပါတယ် ပြန်လာရင်လည်းပဲ UEHRD အစီအစဉ် အ ရ စနစ်တကျမှတ်တမ်းတင်တယ်လက်ခံတယ် သူတို့ကိုသေချာစီစစ်တယ် သေချာတော့မှ သူတို့ကိုလက် ခံ တာတွေ NVC ကတ်ထုတ်ပေးတာတွေ ဆောင်ရွက်တာဖြစ်ပါတယ်" ဟုဦးသိန်းဆွေကပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */