ဧရာဝတီ
15 September 2025
Monday, September 15, 2025
ရိုဟင်ဂျာတွေ အသတ်ခံရတယ်ဆိုတဲ့ ထန်းရှောက်ခံရွာသို့
Wednesday, May 22, 2024
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေ အနေနှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေအနေနှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်
၂၀၂၄ခုနှစ်၊ မေလ ၂၁ ရက်
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘူးသီးတောင်ဒေသခံ ရခိုင်နှင့် ဟိန္ဒူပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊ ဘူးသီးတောင်ဒေသခံ ပြည်သူများ၏ နေအိမ်များလောင်ကျွမ်းစေရန် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် ရိုဟင်ဂျာ ပြည်သူများ အပါအဝင် ဒေသခံပြည်သူအများအပြား နေရပ်မှဖိအားပေး ပြောင်းရွှေ့ခံရမှု၊ အများပြည်သူပိုင် အဆောက်အဦးများ ဖျက်ဆီးခံရမှု၊ ကျေးရွာများ မီးရှို့ခံရမှုများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် များစွာ စိုးရိမ်မိပါသည်။ ထို့အပြင် အရေအတွက် အတိအကျ အတည်မပြုနိုင်သော ပြည်သူများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်မှာ စိတ်ပူစရာ အခြေအနေဖြစ်ပါသည်။
Thursday, September 28, 2023
AA၏ ဘူးသီးတောင်မြို့နယ် နယ်မြေရှင်းလင်းရေးအတွင်း အာဆာသံသယရှိသူ ၈ ဦးခန့် ဖမ်းဆီးခံထားရ
Narinjara
ရေးသူ: Web Master (NN 16)
| ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
ရက္ခိုင့်တပ်တော်(AA)က ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များကိုနယ်မြေရှင်းလင်းရေး လုပ်စဉ် အာဆာ(ARSA) အဖွဲ့ဝင်များဟု သံသယရှိသူ၈ဦးခန့်ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။
၎င်းတို့မှာ စက်တင်ဘာလ ၁၉ ရက်ခန့်မှစတင်ပြီး အေအေမှ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်း လင်းရေး လုပ်စဉ် ဘူးသီးတောင်မြို့နယ်ရှိ ဦးလှဖေ၊ အတွင်းငှက်သေ၊ ဆေးအိုးကျနှင့် ဝရကျွန်းဒိုးတန်း စသည့် ကျေးရွာများမှ ဖြစ်ကြသည်ဟု သိရသည်။
Tuesday, September 26, 2023
ဘူးသီးတောင်မြို့နယ်မှာ အာဆာလှုပ်ရှားမှု ရှိလို့ စိုးရိမ် ကြောင်း ဒေသခံတွေပြော
RFA
RFA Burmese
2023.09.26
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ နာမည် ပေးထားတဲ့ (ARSA) အဖွဲ့ရဲ့ လှုပ်ရှားမှုရှိနေတာကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
Friday, July 21, 2023
ဘူးသီးတောင်မြို့နယ် AA နဲ့ ARSA တိုက်ပွဲ နှစ်ဖက်ထိခိုက် မှုရှိ
RFA
RFA Burmese
2023.07.20
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မေယုတောင်ကြော စိမ်းညှင်းပြာ၊ ဂူတာပြင်၊ အာကာပျံရွာတွေနားမှာ ဇူ လိုင် လ ၁၈ နဲ့ ၁၉ ရက်နေ့တွေက ရက္ခိုင့်တပ်တော် (AA) နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Friday, January 27, 2023
ရခိုင်တွင် မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
Myanmar Now
မျိုးသစ်
Published on Jan 27, 2023
တိုက်ပွဲရပ်ထားသည့် ရခိုင်ပြည်နယ်အတွင်း မိုင်းကြောင့် ဒေသခံတို့ ထိခိုက်မှုများ မကြာခဏဖြစ်နေပြီး လတ်တ လော ထိခိုက်သေဆုံးသူများထဲတွင် ကလေးများလည်း ပါဝင်နေသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ အဆက်မပြတ်ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုတို့ကြောင့် နှစ်ရက်အတွင်း ဒေသခံ နှစ်ဦးသေဆုံး၊ သုံးဦး ဒဏ် ရာရရှိသွားသည်။
ယနေ့ (ဇန်နဝါရီ ၂၇ )၊ မွန်းလွဲ ၁၂ နာရီခွဲခန့်က မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဦးသန်းရွှေမောင်ဆိုသူ ရွာအနီး တောတောင်ထဲသို့ ထင်းခုတ်ရန် သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြော သည်။
Tuesday, November 15, 2022
ဘူးသီးတောင်မြို့နယ်၌ စစ်ကား ၂ စီးကို အေအေ မိုင်းဆွဲ တိုက်ခိုက်
DVB
14 November, 2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာသို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီကား ၂ စီး ကို နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီလောက်မှာ ဘူးသီးတောင်-ဂူတာပြင်လမ်း တောင်ကြားတနေရာမှာ ရက္ခိုင် တပ် တော် (အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်ဒေသခံတဦးက " ည ၇ နာရီခွဲ ကျော်လောက်မှာ ဘူးသီးတောင်မြို့ပေါ်က စစ်ကား နှစ်စီး စစ်သား အပြည့်နဲ့ ဘူးတောင်-ဂူတာပြင် ဘက်ကိုဆင်းသွားကြတယ်။ ဂေါက်ကွင်းအလွန်မှာ ပေါက်ကွဲသံ နှစ်ချက်ကြား ရတယ်။ လက်နက်ကြီးလက်နက် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီလောက်ဖြစ်ခဲ့ကြတယ်။"လို့ ပြောပါတယ်။
Friday, October 28, 2022
ဘူးသီးတောင် ဂူတာပြင်ကျေးရွာအနီး တိုက်ပွဲအပြင်းအထန် ဖြစ်၊ မူဆလင်လူကြီးတစ်ဦးကျည်စထိမှန်ဒဏ်ရာရ
နိရဉ္စရာ
အောက်တိုဘာ ၂၈/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင်နှင့် ဂူတာပြင်ကျေးရွာ နှစ်ရွာအကြားတွင် ရက္ခိုင့်တပ် တော်(AA ) နှင့် မြန်မာ့စစ်ကောင်စီတပ်တို့ ယမန်နေ့ ညနေက ၁ နာရီခန့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသ ခံမူဆလင်အမျိုးသားတစ်ဦးတွင်လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။
Sunday, October 9, 2022
ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်တိုက်ပွဲမှာ စစ်ကောင် စီ ဘက်က အကျအဆုံးရှိပြီး လက်နက်ခဲယမ်းတွေပါ သိမ်း ဆည်းရမိတယ်လို့ အေအေထုတ်ပြန်
B B C
ဘီဘီစီမြန်မာပိုင်းအေအေက ထုတ်ပြန်လာတဲ့ ဖမ်းဆီးရမိလက်နက်များ
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင် (ခမီ)ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေဘက်က အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ကျောက်စာတိုင်ကျေးရွာနဲ့ ၁ ဒသမ ၃ ကီလိုမီတာအကွာမှာ အောက်တိုဘာ ၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲကစတင်ပြီး ငါးနာရီခန့်အကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၇ ဦးကျဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ ဒါ့အပြင် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီကျော်မှာလည်း ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာရဲ့ အရှေ့ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြသလို အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီမှာလည်း ဖရုံချောင်းကျေးရွာအနောက်ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ အခုလအတွင်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
Monday, July 27, 2020
Sunday, August 11, 2019
ဘူးသီးတောင်မြို့နယ်ကျောက်ရန်ရွာမှ အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၈ဦး ဖမ်းဆီးခေါ်ဆောင်ခံရဟုဆို
ခိုင်လူလှ( ရိုးမမြေ)
နိရဉ္စရာ၊ သြဂုတ် ၁၁/ ၂ဝ၁၉
Wednesday, August 7, 2019
ဘူးသီးတောင်မှာ အဖမ်းခံရတဲ့ ကျောင်းဆရာကို အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်
ဘီဘီစီ မြန်မာပိုင်း
07 သြဂုတ် 2019
တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မြို့နယ်မှာ ပညာ ရေး ဝန်ထမ်းတစ်ဦးကို တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးလိုက်ပြီး ဒီကနေ့ သြဂုတ်လ ၇ ရက်နေ့မှာ ဘူးသီး တောင်မြို့နယ်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် ရမန်ယူလိုက်ပါတယ်။
Friday, July 26, 2019
AA/ARSA ပူးပေါင်းအဖွဲ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေရုံးစခန်းကိုတိုက်ခိုက်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
Myanmar Radi and Television
Friday, July 26, 2019
AA/ARSA ပူးပေါင်းအဖွဲ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေရုံးစခန်းကို အင်အားအလုံး အရင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်၊ မိမိစခန်းကျဆုံးမှု မရှိဘဲ AA အဖွဲ့ထံမှ အလောင်း နှင့် လက်နက် များသိမ်းဆည်းရမိ။
ဘူးသီးတောင် ညောင်ချောင်းရဲစခန်းကို အေအေ တပ်ဖွဲ့ ဝင်တိုက်၊ ရဲ ၂ ဦးဒဏ်ရာရ
By ဒီဗွီဘီ
26 July 2019
Sunday, July 21, 2019
တပ်မတော် စစ်ရေယာဉ်တွေကို AA အဖွဲ့တိုက်ခိုက်
လွတ်လပ်တဲ့ အာရှအသံ
2019-07-20
Photo: RFA
ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်က တောင်ဆိပ်မြစ်နဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အကြားက မယူမြစ်အတွင်းမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က မနေ့ ကနဲ့ ဒီနေ့မနက်မှာ ဒုံးပစ်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Monday, July 15, 2019
ဘူးသီးတောင်မြို့နယ် နွားရုံတောင်ရွာ နေအိမ်တချို့ မီးရှို့ခံရ
Sunday, July 14, 2019
တိုက်ပွဲဖြစ်ပွားအပြီး ဘူးသီးတောင်မြို့နယ်နွားရုံ တောင် ရွာမှ နေအိမ်တချို့မီးရှို့ခံရဟုရွာသားများဆို
သိန်းဇော်(မောင်တော)
Saturday, July 13, 2019
ဘူးသီးတောင်တွင် တိုက်ပွဲဖြစ်ပြီး နွားရုံတောင်ကျေး ရွာ မီးရှို့ခံရဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၃
Tuesday, July 9, 2019
ကံပြင်ရွာသား ၂၀ ကျော် ဘုန်းကြီးကျောင်းမှာ ထိန်း သိမ်း ခံထားရ
လွတ်လပ်တဲ့ အာရှအသံ
2019-07-09
■ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို တပ်မ - ၂၂ ရဲ့ အင်အား ၁၀၀ ဝန်းကျင်လောက်ပါတဲ့ တပ်မေ တာ် စစ်ကြောင်းတစ်ခုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကရောက်ရှိလာပြီး စခန်းချနေတာလို့ ရွာသားတွေ ကပြောပါတယ်။