" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘူးသီးတောင်. Show all posts
Showing posts with label ဘူးသီးတောင်. Show all posts

Saturday, December 2, 2023

ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့စားသုံးဆီ(၁)ပိဿာ လျှင် (၅၂၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေး

INFORMATION AND PUBLIC RELATION DEPARTMENT
Sat, 12/02/2023 

ဘူးသီးတောင် ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူ များသို့ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမပေါ်၌ စုရပ် ထားရှိကာပြည်သူများသို့ စားသုံးဆီများ လက်လီ ရောင်းချပေးခဲ့ကြသည်။

Friday, December 1, 2023

ဘူးသီးတောင်တွင် စစ်ကောင်စီကပစ်သည့် သေနတ်ကျည် ထိ၍ အပြောနှင့်အကြားအာရုံမသန်စွမ်းသည့် စစ်ဘေးရှောင် တစ်ဦး ဒဏ်ရာရ

Narinjara
ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ယနေ့မွန်းတည့်က စစ်ကောင်စီက ပစ်ခတ်သည့် သေနတ်ကျည်ထိ၍ အ ပြော နှင့်အကြားအာရုံမသန်စွမ်းသည့် စစ်ဘေးရှောင်အမျိူးသားတစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

Wednesday, November 29, 2023

ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

ဧရာဝတီ
28 November 2023

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ (CJ)

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကြီး အပါအဝင် ဒရုန်းများဖြင့် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၄ ဦး ပွဲချင်း ပြီးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Tuesday, November 28, 2023

ဘူးသီးတောင်တွင်စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ် ၍ ကလေး ၂ ဦးအပါအဝင် မွတ်ဆလင် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Narinjara
ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် မွတ်ဆ လင် ကလေး ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသွားသူများမှာ ကွန်တိုင်အုပ်စု ဝါးချီးလားရွာမှ အာရုရူလ္လာ(၈) နှစ်၊ အဒူလ္လာ(၁၀) နှစ်နှင့် ဒေါ် ဘေဇာ(၆၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။

Monday, November 27, 2023

ဘူးသီးတောင်တွင်စီးပွားရေးလုပ်ငန်းရှင်‌တစ်ဦးကိုစစ်ကောင်စီ ဖမ်းဆီး

Narinjara
ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်း ဆီးသွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ အုတ်ဖိုလုပ်ငန်းပိုင်ရှင် အသက် ၄၅ နှစ်အရွယ်ဦးအောင် သန်းထွန်းဖြစ်သည်။

Sunday, November 19, 2023

ဘူးသီးတောင်က စစ်စခန်း ၂ ခုကို အေအေတိုက်ခိုက်၊ ရေတာရှည်တိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေ

DVB
November 19, 2023 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက စစ်စခန်း ၂ ခုကို ရက္ခိုင်တပ်တော် အေအေက ဒီနေ့ တိုက် ခိုက်နေပြီး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ဗိုလ်ကြီး ၁ ယောက် အပါအဝင် အယောက် ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

Wednesday, November 15, 2023

စစ်တွေနှင့် ဘူးသီးတောင်ဒေသခံများကို စစ်တပ်က ဖမ်းဆီး၊ မင်းပြားတွင် လက်နက်ကြီးကြောင့် ၂ ဦးသေဆုံး၊ ၈ ဦးဒဏ် ရာရ

DVB
November 15, 2023


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ စစ်အင်အား တောင်းခံတာတွေရှိလာပြီး ရပ်ကွက်တချို့မှာ အကြောင်းမဲ့ နေအိမ်ပေါ်အထိ တက်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိမ်ညိုရဲစခန်း အပါအဝင် စစ်တပ်စခန်း ၃ ခု စွန့်ခွာထွက် ပြေး၊ ဘူးသီးတောင်တွင်စစ်ကား ၃ စီးကိုအေအေတိုက်ခိုက်

DVB
November 15, 2023
 
 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်ညက တိမ်ညိုနယ်မြေရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၃ ခု စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီး စပ်သူတွေဆီကနေ သိရပါတယ်။

Tuesday, November 14, 2023

ဘူးသီးတောင်တွင်စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး ချွန်ထက် သည့်အရာတစ်ခုဖြင့်အထိုးခံရပြီးသေဆုံး

Narinjara
ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃ 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၅၂ မှ တပ်ကြပ်ကြီးတစ်ဦးသည် ချွန်ထက်သည့် အရာတစ်ခုဖြင့် အထိုးခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ 
 
ဘူးသီးတောင်မြို့၊ ကုလားပန်းဇင်ချောင်းတံတားအောက်တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီခန့်က သေဆုံးနေသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

ဘူးသီးတောင်မှာ စစ်ကောင်စီ တပ်သားနဲ့ နယ်ခြားစောင့်ရဲ ပစ်သတ်ခံရ

RFA
RFA Burmese
2023.11.14

 ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် တံတားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ နိုဝင်ဘာလ ၁၄ ရက်ဒီနေ့ စစ်ကောင်စီသားတစ်ဦး ပစ်သတ်ခံရပြီး နိုဝင်ဘာ ၁၃ ရက်မနေ့ကလည်း နယ်ခြားစောင့်ရဲတစ်ဦး ပစ်သတ်ခံခဲ့ ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Monday, November 13, 2023

ဘူးသီးတောင်တွင်နယ်ခြားစောင့် ရဲတပ်ကြပ်ကြီးတစ်ဦး စျေးတစ်ခုအတွင်း သေနတ်ပစ်ခံရပြီးသေဆုံး

Narinjara News
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းစျေးထဲတွင် နယ်ခြားစောင့်ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူ တပ်ကြပ်ကြီးမှာ ဒေသအခေါ် ဓားထိုး (ခ) တင်မြထွန်းဟု သိရသည်။

Thursday, October 5, 2023

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း သတ်ဖြတ်မှု ၂ ဦး သေဆုံး

ဧရာဝတီ
5 October 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု / REUTERS
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ ယမန်နေ့ မနက်ပိုင်း က ပစ်ခတ်မှု ဖြစ် ပွားရာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ စခန်းနေ ရိုဟင်ဂျာ လူငယ် ၁ ဦးလည်း ဓားခုတ် သတ်ဖြတ်ခံရကြောင်း သတင်း ရရှိသည်။

Tuesday, October 3, 2023

ဘူးသီးတောင်တွင် လူမှောင်ခိုပွဲစားနှစ် ဦး ဖမ်းဆီးရမိ

ရခိုင်နေ့စဉ်
အောက်တိုဘာလ( ၃)ရက်

ဘူးသီးတောင်မြို့နယ်၊ သင်္ဘောဆိပ်အနီးတွင် လူကုန်ကူးမှုသတင်းအရ တာဝန်ရှိသူများ စောင့်ဆိုင်း နေစဉ် ယမန်နေ့ ညနေပိုင်းက မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ရိုဟင်ဂျာ( ၂ )ဦးနှင့်အတူ လူမှောင်ခိုပွဲစား (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်။

Monday, September 25, 2023

ဘူးသီးတောင်ရှိ ရိုဟင်ဂျာကျေးရွာများကို AA ဝင်စစ်ပြီး ဒေသခံတချို့ကို ဖမ်းဆီး

Myanmar Now
ရောင်နီ
September 25, 2023

မိုခါမုန်တိုင်းအလွန် ရသေ့တောင်မြို့နယ်၊ ရိုဟင်ဂျာကျေးရွာတစ်ရွာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် ရောက်ရှိနေသည့် AA တပ်ဖွဲ့ဝင်များကို ယခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာတချို့ကို ယခုရက်ပိုင်းအတွင်း ဝင် ရောက်စစ်ဆေးကာ ဒေသခံတချို့ကို ဖမ်းဆီးထားသည်ဟု သိရသည်။

အင်အား ရာဂဏန်းဖြင့် AA တပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ ရွက်ညိုတောင်၊ ဦးလှဖေ၊ အ တွင်းငှက်သေ၊ သိမ်တောင်၊ ဝါးရကျွန်းဒူးတန်း စသည့် ကျေးရွာများအတွင်း ဝင်ရောက်လာကြောင်း၊ ဒေသခံများ ကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နှင့် ဆက်စပ်မှု ရှိမရှိ ဝင်ရောက်စစ်ဆေးခြင်း ဖြစ် ကြောင်း ဦးလှဖေကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

Thursday, September 14, 2023

တကျော့ပြန် ရခိုင်စစ်ပွဲနှင့် နယ်စပ်ပဋိပက္ခ ဘာလဲ၊ ဘယ်လဲ ?

DMG
2022 September 3
by Myo Myart Zaw Hein
(Analysis Report)

၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ အထိ နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် ရခိုင်ဒေသ သည် နိုဝင်ဘာလ ၂၀၂၀ ရွေးကောက်ပွဲမှစတင်ပြီး နှစ်ဘက်တပ်များ၏ Gentleman agreement ဖြင့် အပစ်အခတ် ရပ်နိုင်ခဲ့သော်လည်း ဒုတိယအကျော့အနေဖြင့် နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်း ထန်လာ နေသည်။

Monday, September 4, 2023

စစ်တပ်က ARSA ကို စစ်ရေးထောက်ပံ့နေတယ်ဆိုတာ ကြောင့် ဒေသခံရိုဟင်ဂျာတွေစိုးရိမ်နေ

dna
Delta News
September 4, 2023

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနဲ့ဘူးသီးတောင်မြို့နယ်တွေထဲက စစ်ကောင်စီတပ်ထိန်းချုပ် နယ်မြေထဲ ARSA အဖွဲ့တွေလှုပ်ရှားနေပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတယ်ဆိုတဲ့ သ တင်းတွေလည်း ထွက် နေတာကြောင့် ပဋိပက္ခတွေ ထပ်ပြီးဆိုးရွားလာမှာစိုးရိမ်နေရတယ်လို့ ဒေသခံ တွေက DNA ကိုပြောပါတယ်။

Monday, August 28, 2023

အကြမ်းဖက်ဝါဒဆန့်ကျင်ကြ

DVB
September 24, 2017

ယခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေနှင့် လူထု အလေးထားဆုံးသော ပြဿနာမှာ ရခိုင်ပြဿနာ ဖြစ်၏။ ရခိုင်ပြဿနာကို ပြည်ထောင်စုအစိုးရကရော ပြည်နယ်အစိုးရကပါ ဖိဖိစီးစီး ကိုင်တွယ်နေသလို ပြတ်ပြတ် သားသားလည်း ဆောင်ရွက်နေသဖြင့် ကမ္ဘာ့ထိပ်တန်း အလေးအထားရဆုံးသော သတင်းလည်း ဖြစ်နေပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရခိုင်ပြဿနာ တင်မည်၊ မတင်မည်ဟု အမျိုးမျိုး ယူဆနေသလိုရခိုင်ပြဿ နာကြောင့် ထိုပြဿနာကို မီးခွက်ထွန်းရှာသူများ၊ ပြဿနာ၏ ဇာစ်မြစ်ကို မသိ၊ လေးနက်မှု မရှိသူများက ပုံကြီးချဲ့ ပြီး သူခိုးက လူဟစ်သည့် ချဲ့ကားမှုများဖြင့် မြန်မာနိုင်ငံကို သိက္ခာကျအောင်နှင့် အထင်အမြင်လွဲအောင် ဖန်တီးမှု များ ရှိလာပါတော့သည်။ 

Friday, August 25, 2023

ရိုဟင်ဂျာတွေရဲ့ ၆ နှစ်ကြာ နေရပ်ပြန်ရေး မျှော်လင့်ချက်

VOA
ဇော်ဝင်းလှိုင်

၂၅ ဩဂုတ်၊ ၂၀၂၃ 

ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးရမှု ၆ နှစ်ပြည့်အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကော့ဘဇားဒုက္ခသည်စခန်းမှာ ဆန္ဒပြနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ဩဂုတ် ၂၅၊ ၂၀၂၃)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင် ဂျာတွေ အများအပြား အသတ်ခံခဲ့ရပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက် သိန်းနဲ့ချီ ထွက်ပြေးခဲ့ ရတာ ဒီနေ့ဆိုရင် ၆ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ အခုချိန်ထိ ဒုက္ခသည်စခန်းတွေမှာ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်သလို၊ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်ခွင့်ရချင်ပြီလို့ ဒုက္ခသည်တွေက ပြော ဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေး ပါမယ်။

Monday, July 24, 2023

ARSA ထိပ်ပိုင်းခေါင်းဆောင်နှင့်အဖွဲ့ဝင် ၅ ဦးအား ဘင်္ဂလား ဒေ့ရှ်အထူးရဲတပ်ဖွဲ့ ဖမ်းမိ

ဧရာဝတီ
24 July 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနဖ်မြို့နယ်အတွင်း အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) ထိပ်ပိုင်း ခေါင်း ဆောင်တဦးနှင့်အတူ အဖွဲ့ဝင် ၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရာဇဝတ်မှု အထူးနှ်ိမ်နှင်းရေးရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက သတင်း ထုတ်ပြန်သည်။

Sunday, July 23, 2023

ဘူးသီးတောင်တွင် AA နှင့် ARSA တိုက်ပွဲဖြစ်သည့်နေရာ အနီး စစ်ကောင်စီက အင်အားရာချီဖြည့်တင်း

Narinjara News
ရေးသူ: Web Master
ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၃ 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည့် နေရာအနီး စစ်ကောင်စီတပ်က အင် အားရာနှင့်ချီဖြည့်ထားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။AA နှင့် ARSA အဖွဲ့တို့သည် ဇူလိုင်လ ၁၈ ရက်၊ ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းတို့တွင် ဘူးသီးတောင်မြို့နယ်၊ အာကာ ပျံ နှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */