Showing posts with label ဒူတာတေး. Show all posts
Showing posts with label ဒူတာတေး. Show all posts

Thursday, March 13, 2025

ဒူတာတေး ICC သို့ ချက်ချင်းပို့ခံရ၊ စစ်ခေါင်းဆောင်အတွက် သတိပေး ခေါင်းလောင်းသံလား

Myanmar Now
March 13, 2025 

အင်္ဂါနေ့(မတ် ၁၁) က ဖမ်းဆီးခံလိုက်ရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့မှာရှိတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာဖော်ပြပါတယ်။

Wednesday, March 12, 2025

ဒူတာတေးအဖမ်းခံရတာ မြန်မာစစ်ခေါင်းဆောင်ကို သတိပေးချက်ဖြစ်နိုင်ကြောင်းထောက်ပြ

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.03.11 

ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အောက်လွှတ်တော်ကော်မတီတွင် မူးယစ်ဆေးနှိမ်နင်းရေး စီမံချက်များနဲ့ပတ်သက်သည့် စစ်ဆေးကြားနာပွဲ တက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Reuters

နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က Crime Against Humanity ဆိုတဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့အလိုရှိနေတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ်လ ၁၁ ရက် အင်္ဂါနေ့က ဟောင်ကောင်ကနေအပြန် မနီလာမြို့လေဆိပ်မှာဖမ်းပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ပို့လိုက်ပါတယ်။ ICC ထုတ်ထားတဲ့ ဖမ်းဝရမ်းကိုပေးအပ်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။

Tuesday, March 5, 2019

"ရိုဟင်ဂျာ"များကို နိုင်ငံသားပေးမည်ဟု ဒူတာတေး ကမ်းလှမ်း


ဧရာဝတီ
4 March 2019ဧရာဝတီ
၂၀၁၇ ခုနှစ် ဖိလစ်ပိုင်တွင် ကျင်းပသော အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တွေ့မြင်ရသော နှစ်နိုင်ငံ ခေါင်းဆောင်များ / Reuters

 ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ဒုက္ခသည်များကို ဖိလစ်ပိုင်နိုင်ငံမှ လက်ခံရန် ၎င်းလိုလားချက်ကို ထပ်လောင်းအတည်ပြုပြီး နိုင်ငံသားအဖြစ် ကမ်းလှမ်းလိုက်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */