Showing posts with label MFTB. Show all posts
Showing posts with label MFTB. Show all posts

Thursday, September 7, 2023

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှောင်ခိုလုပ်ငန်း များ ကြီးထွားလာနိုင်

ဧရာဝတီ
3 September 2023

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်
 
ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်လိုက်သဖြင့် နှစ် နိုင်ငံကုန် သည်များ အကြား ငွေပေးချေမှု ခက်ခဲသွားရာ တရားဝင်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်၍ မှောင်ခိုလုပ်ငန်းများ ကြီးထွားလာမည့် အခြေအနေ ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် ( MICB ) တို့၏ ဘဏ်အကောင့်များကို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ အရေးယူထားကြောင်းထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

Wednesday, May 5, 2021

စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု ချက်ချင်းဖြတ်တောက်ဖို့ ကန်အောက်လွှတ်တော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မေ၊ 2021

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းး။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)
စစ်အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အပေါ်မှာ အမေရိကန်ဘက်က ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ ကြားနာပွဲမှာ တိုက်တွန်းပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */