" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label လုံခြုံရေးကောင်စီ. Show all posts
Showing posts with label လုံခြုံရေးကောင်စီ. Show all posts

Wednesday, March 3, 2021

မြန်မာကိစ္စ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးဖို့ ဗြိတိန် ပန်ကြား


မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လာမယ့် သောကြာနေ့ မှာ ဆွေးနွေး ကြဖို့ ဗြိတိန်က ပန်ကြားထားကြောင်း သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်း က ရေးသားပါတယ်။

Tuesday, May 12, 2020

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
12 မေ၊ 2020

Wednesday, February 5, 2020

ICJ ဆုံးဖြတ်ချက် မြန်မာလိုက်နာရေး လုံခြုံရေးကောင်စီ သဘောတူညီချက်မရ

VOA
05 ဖေဖော်ဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)
ကုလ လုံခြုံရေးကောင်စီ 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်မယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်သွားဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးပါတယ်။

Wednesday, March 27, 2019

တပ်ချုပ်နဲ့ ကုလအထူးကိုယ်စားလှယ် Burgener တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာဌာန)
27 မတ်၊ 2019
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Burgener နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံ (Photo-seniorgeneralminaunghlaing.com)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အင်္ဂါနေ့က နေပြည် တော်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်တိုက်ပွဲတွေ ကိစ္စ အပါအ၀င် စစ်ဘေးစစ်ရှောင်တွေ အရေး ဆွေးနွေးခဲ့ကြပါတယ်။

Saturday, March 2, 2019

ဒုက္ခသည်တွေ ထပ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလ တိုက်တွန်း


VOA
ဗွီအိုအေ (မြန်မာဌာန)

ကလေးချီထားတဲ့ ရိုဟင်ဂျာ အမျိုးသား ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ သံဆူးကြိုးအကာအရံတွေတလျှောက် လမ်းလျှောက်လာပုံ (စက်တင်ဘာ၊ ၀၇၊ ၂၀၁၇)

ပဋိပက္ခအခြေအနေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ခိုလှုံခွင့်
ပေး သင့် တယ်လို့ ကုလသမဂ္ဂ က ပြောလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီတဲ့နေရာမှာ သိပ်ကို သဘောထားကြီးလှပါ တယ်။ ယေဘုယျအားဖြင့် တနှစ်အတွင်းမှာ နိုင်ငံတခုကိုရောက်သွားတဲ့ ဒုက္ခသည်အရေအတွက်ကို ကြည့်မယ်ဆို ရင် ၇ သိန်း နီးပါးရှိပါတယ်။ ပဋိပက္ခကနေ ထွက်ပြေးလာသူတွေအနေနဲ့ သူတို့ ဘယ်ကို ပဲသွားသွား ဘေး ကင်းလုံခြုံတဲ့နေရာမှာ ခိုလှုံနိုင်ဖို့က အရေးကြီးပါတယ်” လို့ သောကြာနေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က ပြောသွားပါတယ်။

လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကျော်အောင်လွင်၊ 01 မတ်၊ 2019 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် Ms. Christine Burgener
 
လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ် ဆိုပေမယ့် လည်း နိုင်ငံရဲ့ငြိမ်း ချမ်းရေးကတော့ စိုးရိမ် နေရဆဲဖြစ်တယ်လို့ မကြာခင်ကပဲ မြန်မာပြည် ကနေပြန်လာခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် Ms. Christine Burgener က ပြောလိုက် ပါတယ်။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ကို ပိုပြီးလုပ်ဆောင် ဖို့ လည်း သူကတိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ Ms.Burgener မနေ့ တုန်းက တင်ပြခဲ့တာနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ချက်တွေအကြောင်း ကိုကျော်အောင် လွင်က ပြောပြပါလိမ့်မယ်။

Tuesday, February 5, 2019

မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းမှု လုံခြုံရေး ကောင်စီပြန်သုံးသပ်

လုံခြုံရေးကောင်စီ စည်းဝေးပွဲ

ရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေးမှာ နိုင်ငံသားဖြစ်ရေးကိစ္စအပါအ၀င် ကိုဖီအာနန်ကော်မရှင်ရဲ့ အကြုံပြု ချက်တွေကို လက်တွေ့အကောင်အထည်ဖေါ်ရေး မြန်မာကို ဖိအားပေးဖို့ လိုနေကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဟောင်းနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

Thursday, October 25, 2018

ရိုဟင်ဂျာ လူမျိုးတုံး ရှင်းလင်းမှုတွေ ရှိဆဲလို့ လုံခြုံရေး ကောင်စီမှာ တင်သွင်း

B B C
ဘီဘီစီ မြန်မာပိုင်း
25 အောက်တိုဘာ 2018

မြန်မာအစိုးရရဲ့ တင်းမာတဲ့ သဘောထားက အကြီးမားဆုံး အတားအဆီး ဖြစ်တယ်လို့ မစ္စတာ ဒါရူစ်မန် ဝေဖန်


ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ မြန်မာနိုင်ငံမှာ ဆက်ရှိနေဆဲပဲလို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝ တည်ဆောက် ကျင့်သုံးဖို့ အစိုးရအနေနဲ့ လုံးဝ စိတ်မဝင်စားဘူး ဆိုတာ တနေ့တခြား ပေါ်လွင်နေတယ်လို့ ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */