" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရသေ့တောင်မြို့နယ်. Show all posts
Showing posts with label ရသေ့တောင်မြို့နယ်. Show all posts

Saturday, February 3, 2024

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ပြန်လာတဲ့ ရိုဟင်ဂျာ ၃၃ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2024.02.03 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ဆိပ်ကမ်းအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။Photo: RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ပြန်လာတဲ့ ရိုဟင်ဂျာ ၃၃ ဦးကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီရွာအနီးမှာ ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီအာဘော် ရခိုင်နေ့စဉ်က ဖေဖော်ဝါရီလ ၃ ရက်မှာ ဖော်ပြပါတယ်။                                                                               

Monday, November 13, 2023

ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ရက္ခိုင့် တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒုံးပိုက်စခန်းကို သိမ်းပိုက်ရရှိပြီဟုဆို

Narinjara
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ယနေ့မနက်ပိုင်းက ရက္ခိုင့်တပ် တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒုံးပိုက်နယ်ခြားစောင့် စခန်းကို သိမ်းပိုက်ရရှိပြီး မီးစွဲ လောင် နေသည်ကိုမြင်တွေ့ရကြောင်း ဒေသခံများက နိရဉ္စရာသို့ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် ၊ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ချိန်ခါလီစခန်းနှင့် ဒုံးပိုက်စခန်းတို့ကို ထိုး စစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဒုံးပိုက်စခန်း မီးစွဲလောင်နေသည်ကို မြင် တွေ့ ရကြောင်း အနီးအနားရှိဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲ အေအေ ဘာပြောလဲ

BBC
၁၃ နိုဝင်ဘာ ၂၀၂၃, 

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာတိုက်ပွဲတွေနဲ့ပစ်ခတ်မှုတွေ နိုဝင်ဘာ ၁၃ ရက် မှာ စတင်ဖြစ်ပွားနေပါတယ်။ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း၊ မေယု မြစ်ကမ်းဘေးက ဒုံးပိုက်နဲ့ ချိန်ခါလီကျေးရွာတွေက နယ်ခြားစောင့် ရဲစခန်းတွေကို ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ တိုက်ပွဲစဖြစ်တာလို့ ဒေသခံအချို့ကပြောပါတယ်။

ရက္ခိုင့်တပ်တော် - အေအေ ဘက်ကလည်း ရသေ့တောင်မြို့ထဲက နေရာအချို့နဲ့ မင်းပြားမှာတိုက်ပွဲ တွေဖြစ်နေတယ်လို့ ‌ရက္ခိုင့်တပ်တော် အေအေ ပြောခွင့်ရ ခိုင်သုခကအတည်ပြုပြီး ရသေ့တောင် မှာ တပ်စခန်းအချို့ကိုသိမ်းပိုက်ရရှိထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */