Showing posts with label ငပလီ. Show all posts
Showing posts with label ငပလီ. Show all posts

Saturday, February 23, 2019

ရခိုင်ပြည်နယ်မှာ တာဝန်သိရင်းနှီးမြှုပ်နှံဖို့ အတိုင်ပင်ခံ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
မခင်ဖြူထွေး 
22 ဖေဖော်ဝါရီ၊ 2019
ငပလီကမ်းခြေမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ 

လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အကြမ်းဖက် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ တာဝန် သိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေအနေ တွေကို အမြင်ကျဉ်းကျဉ်းနဲ့ အဆိုးဘက်ကပဲ ကြည့်မနေကြဖို့ ဒီကနေ့ ငပလီကမ်းခြေမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်မှာ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်း သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တချို့နဲ့အတူ ဒေသခံ တချို့ရဲ့ အမြင်တွေကို ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

Friday, February 22, 2019

ရခိုင်မြောက်ပိုင်းတင်းမာမှုများကိုသာ နိုင်ငံတကာမှ အာရုံထားနေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မဇ္ဈိမ
By စိုးသူအောင်၊
22 February 2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။ ။ နိုင်ငံတကာအသိုင်းအဝိုင်းသည် ရခိုင်ပြည်နယ်၏ အခွင့်အလမ်းအလား အလာ ကောင်းများထက် ရခိုင် မြောက်ပိုင်း တင်းမာမှုများကိုသာ အမြင်ကျဉ်းစွာ အာရုံထားနေသည်ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */