Showing posts with label ရိုဟင်ဂျာခေါင်းဆောင်. Show all posts
Showing posts with label ရိုဟင်ဂျာခေါင်းဆောင်. Show all posts

Saturday, October 9, 2021

ရိုဟင်ဂျာခေါင်းဆောင် လုပ်ကြံခံရမှု မျက်မြင်သက်သေ သရုပ်ဖော်ပုံကြမ်း

RFA
လွတ်လပ်တဲ့အာရှအသံ 
Oct 8, 2021 

■ ၂၀၂၁ စက်တင်ဘာလ ၂၉ ရက်နေ့က ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခ သည်ခေါင်းဆောင် မိုဟစ်အူလာ လုပ်ကြံသတ်ဖြတ်ခံရ စဉ်က အတူရှိနေခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးရဲ့ ပြန် ပြောပြချက်ကို RFA ကာတွန်းဆရာ Rebel Pepper က သရုပ်ဖော်ပုံကြမ်း ရေးဆွဲပေးထားပါတယ်။ 

Link : Here

Friday, October 1, 2021

ရိုဟင်ဂျာခေါင်းဆောင်ကို သတ်ဖြတ်မှု ကုလပြင်းထန်စွာ ရှုတ်ချ

VOA
ဗွီအိုအေ(မြန်မာပိုင်း)
01 အောက်တိုဘာ၊ 2021

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းခေါင်းဆောင် Mohib Ullah

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazaar မှာ ရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ် ခံရတာအတွက် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ လက် ထာက်ပြောခွင့်ရ Stephanie Tremblay က ကြာသပတေးနေ့မှာ ပြောပါတယ်။

Thursday, September 30, 2021

ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ပစ်သတ်ခံရ

VOA
VOA (မြန်မာပိုင်း)
30 စက်တင်ဘာ၊ 2021 
ရိုဟင်ဂျာအဖွဲ့အစည်း ARPSH ဥက္ကဋ္ဌ ဦး Mohib Ullah (Photo : HRW website )
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ သေနတ်သမားတွေ လက်ချက်နဲ့ ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တ ယောက် သေဆုံးသွားပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်း (ARPSH) ဥက္ကဋ္ဌ ဦး Mohib Ullah ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ သေနတ်သမားတွေက အနီးကပ်ပစ်သွား ခဲ့တာလို့လည်း အဖွဲ့ရဲ့ ပြောခွင့်ရသူကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Sunday, September 6, 2020

ရိုဟင်ဂျာခေါင်းဆောင်တချို့ Bhashan Char ကျွန်းကို သွားရောက်လေ့လာ

VOA
 ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
06 စက်တင်ဘာ၊ 2020   
 Bhasan Char ကျွန်းကို သွားရောက်လေ့လာမယ့် ရိုဟင်ဂျာခေါင်းဆောင်များ။ (စက်တင်ဘာ ၆၊ ၂၀၂၀။ ဓာတ်ပုံ - Refugees from Rohingya Camps)
ရိုဟင်ဂျာဒုက္ခသည်တွေကို ပြောင်းရွှေ့ပို့ဖို့ ဘင်္ဂလားဒေ့ရ်ှအစိုးရက စီစဉ်ထားတဲ့ Bhashan Char ကျွန်း ဆီကို ရိုဟင်ဂျာခေါင်းဆောင်တွေ သွားရောက်လေ့လာကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်း တင်ပြ ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */