Showing posts with label Biography. Show all posts
Showing posts with label Biography. Show all posts

Wednesday, March 12, 2025

သမိုင်းသုတေသီ ဝတ်လုံတော်ရ ဦးခေါ်လီလုရ် ရာဟမာန်

  


ဝတ်လုံတော်ရ ဦးခေါလီလုရ် ရာဟာမာန်သည် ထင်ရှားသော ရိုဟင်ဂျာသမိုင်းသုတေသီ တစ်ဦးဖြစ် သည်။ နိုင်ငံတကာသမိုင်းပညာရှင်များက ယနေ့အထိ သူ၏ သမိုင်းစာအုပ်ကို အလွန်တန်ဖိုးရှိတဲ့ မှီငြမ်းကျမ်းအဖြစ် အသုံးပြုကြသည်။

ခေါ်လီလုရ်ရာဟမာန်သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခြိတ်တောင်ရွာ ဇာတိဖြစ်ပြီး ပထမကမ္ဘာစစ်ကြီးမတိုင်မီ ၁၈၉၈ ခန့်တွင် ဖွားမြင်ခဲ့သည်။ ဖခင် မှာ ကာဇီဦးမိုဟာမတ်အစ်မိုင်လ် (အာတီယား) ဖြစ်သည်။ ဖခင်မျိုးရိုးမှာ ထိုခေတ်က စာတတ်ပေတတ် ဂုဏ်ဩဇာကြီးသည့် မျိုးရိုးဖြစ်သည်။ ခါလိလ် သည် အခြေခံပညာကို မိမိ၏ ဇာတိမြို့ မင်းပြားနှင့် စစ်တွေမြို့တို့တွင် ဆည်းပူးခဲ့သည်။ မဇ္ဈိမဒေသ ကလက္ကတားမှ ပညာတော်သင်သွားရောက်ကာဝတ်လုံတော်ဘွဲ့ ဘီအလ်ကို ရရှိခဲ့သည်။

Friday, October 18, 2024

အာရကန် အမျိုးသားကျောင်းအုပ်ကြီး ဦးဇိုင်နဒ္ဒိန် [၁၈၉၀-၁၉၄၆]

[Thakin Zainuddin: Principle Of National School, Akyab]

နယ်ချဲ့ဆန့်ကျင်တော်လှန်ရေးတွင် မြန်မာနိုင်ငံအနှံ့အပြားမှ သူ့ကျွန်မခံလိုသော မျိုးချစ်ပြည်ချစ် ခေါင်းဆောင်များက ထထကြွကြွ ဦးဆောင် လှုပ်ရှားခဲ့ရာတွင် အာရကန်ပြည်မှ ရိုဟင်ဂျာအမျိုးသား ခေါင်းဆောင် ဆရာကြီး ဇိုင်နဒ္ဒိန်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဆရာကြီးသည် နယ်ချဲ့ဆန်ကျင်ရေးကို ညီနောင် ရခိုင်အမျိုးသားတို့နှင့်လက် တွဲကာ တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်ခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေးအတွက် ကဏ္ဍအဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဆရာကြီးကို ရိုဟင်ဂျာ အမျိုးသားခေါင်းဆောင် သာမက အာရကန်ပြည်၏ ခေါင်း ဆောင်ဟုပင် အသိအမှတ်ပြုသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာကြီး၏ ကြိုးပမ်း အားထုတ်မှု မှန်သမျှ သည် ရိုဟင်ဂျာ အမျိုးသားထုအတွက် သတ်သတ် မဟုတ်ဘဲ ရခိုင်ပြည်သာမက မြန်မာပြည် တစ်ခုလုံးကျွန်ဘဝမှ လွတ်မြောက်ရေး ဖြစ်သည်။

Monday, June 6, 2022

Commander SHOBBIR HUSSEIN [1941-1998]

Commander SHOBBIR HUSSEIN [1941-1998]



တပ်မှူးရှော်ဗ္ဗီးရ်ဟူစိန်း [၁၉၄၁-၁၉၉၈]


ရှောဗ္ဗီးရ်ဟူစိန်သည် ၁၉၄၁ ခုနှစ် ဧပြီလ ၁၄ ရက် တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖွီမာလီကျေးရွာရှိ ထင်ပေါ်ကျော်ကြားသည့် မိသားစုမှ မွေးဖွားလာသည်။ ဖခင်မှာ ကျောင်းဆရာ အဟ်မဒူရာမာန်ဖြစ်ပြီး မိခင်မှာ ဒေါ်ဆော်လီမာခါတွန် ဖြစ်သည်။ ရှော်ဗ္ဗီရ်ဟူစိန်းသည် အခြေခံပညာကို ဇာတိရွာ၌ သင်ယူခဲ့ပြီး အလယ်တန်းနှင့် အထက်တန်းကို ဘူးသီးတောင်မြို့ အထက်တန်းကျောင်းနှင့် စစ်တွေမြို့ အထက်တန်းကျောင်းမှ သင်ယူခဲ့သည်။ ၁၉၅၉ ခုတွင် စစ်တွေမြို့ အစိုးရ အထက်တန်းကျောင်းမှ ၁၀-တန်းအောင်ခဲ့သည်။ ထို့နောက် ကျောက်ဖြူ ကော် လိပ်၌ ဥပစာတန်း သင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာသိပ္ပံကျောင်း၌ ဆက်လက် ပညာဆည်းပူးခဲ့ရာ ၁၉၆၅ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံဖြင့် ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂-၆၅ ထိ ရန်ကုန်တက္ကသိုလ် စစ်လေ့ကျင့် ရေးသင်တန်း (Ragoon University Crops- UTC) တက်ရောက်ကာ အခြေခံစစ်ပညာကိုလဲ သင်ယူခဲ့သည်။

Sunday, May 2, 2021

ဖီးမားရှယ် အီဒီအာမင်ဒါဒါ: အာမင်ဖီးမားရှယ် အီဒီအာမင်ဒါဒါ: အာမင်၊ အီဒီ (ခရစ် ၁၉၂၅ ဖွား)

ဖီးမားရှယ် အီဒီအာမင်ဒါဒါ: အာမင်၊ အီဒီ (ခရစ် ၁၉၂၅ ဖွား)

 ဖီးမားရှယ် အီဒီအာမင်ဒါ⁠ဒါသည် ၁၉၂၅ ခုနှစ်တွင် မွေးဖွား၍ ၁၉၇၁-ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှသည် ယနေ့တိုင် ယူဂန်းဒါနိုင်ငံ၏ သမ္မတဖြစ်သည်။ ဗြိတိသျှလက်အောက်ခံ ကိုလိုနီဘဝတွင် အာမင်စစ်ထဲဝင်၍ သာမန်စစ်သည် အဖြစ် အမှူထမ်းရာမှ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာတွင် ဗြိတိသျှဘက်မှ တိုက်ပွဲဝင်ခဲ့သည်။ စစ်တပ်သည် သာ သူ၏ဘဝကျောင်းရာ အလုပ်ခွင်ဖြစ်သည်နှင့်အညီ အာမင်သည် တပ် တွင်း၌ ၁ဝ နှစ်တိုင်တိုင် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့၏။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */