Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Friday, November 11, 2022

မောင်တောက လိပ်ရနယ်ခြားစောင့် စစ်ကောင်စီတပ်စခန်း သိမ်း AA သိမ်းပိုက်၊ စစ်သုံ့ပန်း၃ဦးအပါအဝင် လက်နက်ခဲ ယမ်း များရရှိ

ဖက်ဒရယ် မြန်မာဂျာနယ်
အောက်တိုဘာ ၁၁ ၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက လိပ်ရနယ်ခြားစောင့် စစ်ကောင်စီ တပ်စခန်းတခုကို ထပ်မံ ရက္ခိုင့်တပ် တော် AA က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီစခန်းသိမ်း တိုက်ပွဲမှာ စစ်သုံ့ ပန်း (၃) ဦး အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတပ်စခန်းကိုတော့ ယမန်နေ့ အောက်တိုဘာ ၁၀ရက် နံနက်အာရုံမတက်ခင် အစောပိုင်း (၄) နာရီခန့်က စတင်ပြီး AA တပ်ဖွဲ့ဝင်များက စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်ကလည်း လက်နက် ကြီး ပစ်ကူများစွာ နေရာအနှံ့မှ ပစ်ကူပေးခဲ့ပါတယ်။ တစ်နာရီခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှု အပြီးမှာတော့ အဆိုပါ လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မောင်တော ကြိမ်ချောင်းတိုက်ပွဲ စစ်သား ၁၃ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းတစ်ခုကို သိမ်း ဆည်းရမိ

ခေတ်သစ်မီဒီယာ
ရန်ကုန်၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း ဗျူဟာကာ ကင်း ဂုပ္ပိတောင်ကျော်လမ်းတွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်ခန့်က ကြိမ်ချောင်းဂုပ္ပိတောင်ကျော်လမ်းအနီးတွင် တိုကပွဲ့ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်း ၇နာရီနီးပါးလောက်တွင် သေနတ်သံများ ရပ်စဲသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။
                                                                              

လူထု ထောက်ခံမှု မြင့်မားလာမှုနှင့်အတူ အင် အားသိန်းချီ ရှိလာသော PDF၊ LDF ၊ PDT တပ်များက စစ်ကောင်စီ ထိန်း ချုပ်ခဲ့သော နယ်မြေများကို တဖြည်းဖြည်း စိုးမိုးသိမ်း ယူလာပြီ

CDMM
by ချစ်သဲညှ
Nov 10, 2022

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PD)တွေကို စတင်ဖွဲ့စည်းခဲ့ချိန်မှာ PDF တွေကို စစ် ကောင် စီတပ်တွေက အချိန်တိုလေးအတွင်းမှာ နှိမ်နင်းပစ်လိမ့်မယ်လို့ လူတော်တော်များများက ထင်ခဲ့ကြပါ တယ်။ လူငယ်လက်နက်ကိုင်တွေရဲ့ အလျှင်စလို စုဖွဲ့မှုမျိုးပဲလို့ ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် အားလုံးရဲ့ ထင်ကြေးတွေက လွဲမှားခဲ့ပါတယ်။ လူအများထင်သလို စစ်ကောင်စီက PDF တွေကို မနှိမ် နင်းနိုင်ခဲ့ဘဲ လူထောက်ခံမှု ပိုမိုမြင့်တက်လာပြီး PDFတွေရဲ့ အင်အားက ကြီးမားလာနေပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ဩစတြေးလျက ဒေါ်လာ ၁၃၅ သန်းပေးမည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-11-10
ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြား ထွက်ပြေးနေရသည့် ဒေသခံမိသားစုတစ်စု။Photo: AFP

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီငွေ အမေရိကန်ဒေါ်လာ ၁၃၅ သန်းပေးမယ်လို့ ဩစတြေးလျအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်တွင်းက ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာ ရေးတွေအတွက် အသုံးပြုမယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အကူအညီလိုတဲ့သူဦးရေဟာ အရင်က တစ်သန်းပဲရှိပေမယ့် အခုအာဏာသိမ်းပြီးနောက် ၁၄ သန်းခွဲလောက်အထိ တိုးလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။

Tuesday, November 8, 2022

ရိုဟင်ဂျာ ၁၀၀ ကျော် ကော့ကရိတ်မှာ ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022-11-08 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ လှိုင်ဝတံတားအနီးတွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို တွေ့ရစဉ်။ Photo: The Arakan Express News

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့က ရိုဟင်ဂျာ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး လဝက အက်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လှိုင်ဝတံတားမှာ နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲက အိမ်စီးကားငါးစီးနဲ့ မြဝတီ မြို့ကို လိုက်ပါစီးနင်းလာ တဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာနေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၂၃ ဦးကို ကော့ ကရိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပူးပေါင်းဖမ်းဆီးခဲ့တာပါ။

Saturday, November 5, 2022

ဘူးသီးတောင်တွင် စစ်တပ်ကပစ်ခတ်သည့်လက်နက်ကြီး ကျည်ကျ၍ မွတ်ဆလင်ကျေးရွာသားတစ်ဦးသေ၊ ၅နှစ် အ ရွယ် ကလေး၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

နိရဉ္စရာ
နိုဝင်ဘာ ၅/၂၀၂၂ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စစ်ကောင်စီတပ် စကခ (၁၅)က ပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာထဲ ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင်ကျေးရွားသား တစ်ဦးသေဆုံးပြီး (၅) နှစ်အရွယ်ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ 

ယနေ့ နိုဝင်ဘာ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် စကခ(၁၅) က ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် သရက် ကင်းမနူး မွတ်ဆလင်ကျေးရွာထဲကျ၍ ဦးအဘူနော်ဆဲရ် သေဆုံးသွားခဲ့ပြီး (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် (၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲနေဟု AA ဆို

Myanmar Now
သိန်းဆန်း
Published on Nov 4, 2022
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် လာရောက်ကြဲချသွားသော ဗုံးသီးအကြွင်းအကျန်တချို့ကို အောက်တိုဘာ ၁၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-Palaw K-PDF)

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာနောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်က ဗုံးသီးတပ်ဒရုန်းများ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ နိုဝင်ဘာ ၁ တိုက်ပွဲသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အောက်တိုဘာ၂၈ တွင် ကျောက်တော်မြို့အခြေစိုက် စကခ (၉) တပ်မဌာနချုပ်နှင့် အမှတ် ၃၇၄ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်သလို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်သည် ဟု AA က ဆိုသည်။

နောက်တစ်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ကျောက်တော်မြို့နယ်၊ ရုပ်သားရွာအနီး ထိုတပ်ရင်းနှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက် နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၁ ဦးသေဆုံး ၊ အသက် ၅ နှစ် အရွယ်ကလေးငယ်နှင့်အမျိုးသမီးဒဏ်ရာရ

မဇ္စျိမ
05 November 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ကင်းမနုကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ် စကစ(၁၅)မှ ပစ်ခတ်ခဲ့သည့် လက် နက်ကြီးကျည်သည် သရက်ကင်း မနုကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဦးအဘူနော်ဆဲဆိုသူ သေဆုံး ခဲ့ပြီး အသက် ၃၅ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ငါးနှစ်အရွယ် ကလေး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မလေးရှားကို လှေစီးထွက်လာတဲ့ ရိုဟင်ဂျာ အယောက် ၈ဝကျော် အဖမ်းခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.11.05 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ ဂေါ့ကမ်းခြေအနီးမှာ ဩဂုတ်လ ၁၉ ရက်က ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဖမ်းဆီးခံရစဉ်။ Photo: Aung Kyaw Moe

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ လှေစီးထွက်လာတဲ့ ရိုဟင်ဂျာအယောက် ၈ဝ ကျော် မနေ့ က ဖမ်းဆီးခံလိုက်ရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကို သွားဖို့ထွက်လာရင်း မွန်ပြည်နယ် သံဖြူဇရပ်အရောက်မှာ အဖမ်းခံရတာလို့ ဆိုပါတယ်။ 

ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာတစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.11.05

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အား တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနုရွာထဲကို ဒီနေ့မနက် ၁၀ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘူးသီး တောင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘူးသီးတောင်က သရက်ကင်းမနု အုပ်စု၊ သရက်ကင်းမနု ကျေးရွာမှာ လက်နက်ကြီး ကျည်ကျတာတစ်ယောက် သေတယ်။ တစ်ယောက် ခြေထောက်မှာ ဒဏ်ရာရတယ်။ နောက်တစ်ယောက်က လက်မှာဒဏ်ရာရတယ်။ ၁၀ နာရီ လောက်မှာဖြစ်တယ်လို့ သိရတယ်။ လက်နက်ကြီးကျည်တွေ ကျပြီးတော့ သေနတ်သံ အငယ်တွေလည်း ကြားတယ်။ တိုက်တာ”

Wednesday, November 2, 2022

AA သိမ်းပိုက်ထားသည့် လိပ်ရနယ်ခြားစောင့်စခန်းအနီးရှိ ကျေးရွာများကို စစ်ကောင်စီသွားလာခွင့် ပိတ်ထား၍ ဒေသခံ များ အခက် အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် လိပ်ရနယ်ခြားစောင့်စခန်းအနီးရှိ ကျေးရွာများကို စစ်ကောင် စီက သွားလာခွင့်ပိတ်ထားသည့်အတွက် ဒေသခံများအနေဖြင့် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေ ကြောင်း ဒေသခံများက ဆိုသည်။

မြို့ပေါ်သို့ သွားလာခွင့် ပိတ်ထားခံရသည့် ကျေးရွာများမှာ လိပ်ရကျေးရွာ၊ ကျောက်ချောင်းကျေးရွာ၊ ကျွန်းပေါက် ပြုစုကျေးရွာ၊ ရေတွင်းပြင်ကျေးရွာတို့ဖြစ်‌ေကြာင်း၊ ယင်းကျေးရွာ လေးရွာတွင် အိမ်ခြေ ၂၀၀ခန့်နှင့် လူဦးရေ ၅၀၀ခန့် ရှိနေကြောင်း နှင့် ကျေးရွာများ၌ ရိုဟင်ဂျာများ အများစုနေထိုင်ကြကြောင်း သိရသည်။

Tuesday, November 1, 2022

စက်လှေဝမ်းဗိုက်ကွဲ၍ ပင်လယ်ထဲ မျောပါနေသည့် ရိုဟင် ဂျာ ၆၀ ဦး ဘိုကလေးမြို့ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီး ခံရ

မဇ္စျိမ
01 November 2022

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ၊ ကဒုံကနိကျေးရွာအုပ်စု၊ ကတုံးလေးကျွန်းအနီးတွင် အောက်တိုဘာလ ၃၀ ရက် နေ့ညပိုင်းက ရိုဟင်ဂျာ ၆၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် စက်လှေဝမ်းဗိုက်ကွဲကာ ပင်လယ်ထဲမျောပါရာမှ ကတုံးလေးကျွန်းအနီးသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် စက်လှေသမား ငါးဦးပါဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အမာမြို့မှာ ရိုဟင်ဂျာ စက်လှေတစ်စင်း နစ်မြုပ်ပြီး ၂၀ ခန့် ပျောက်ဆုံးနေ

RFA
လွတ်လပ်ဲ့အာရှအသံ
2022-11-02 

ဘိုကလေး ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။
  Photo: Citizen Journalist 

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ကတုံးလေးရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ရိုဟင် ဂျာ ၈၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး ၂၀ ဦးခန့် ပျောက်ဆုံးနေတယ်လို့ ဖျာပုံဒေသခံတွေ က RFA ကို အောက်တိုဘာ ၃၁ ရက် မနေ့ညပိုင်း က ပြောပါတယ်။

အဲဒီစက်လှေဟာ အဲဒီကတုံးလေးရွာအနီးမှာ သောင်တင်ပြီး နစ်မြုပ်သွားတာကြောင့် လှေပေါ်ပါလာသူ ၆၀ ခန့် ကိုပဲ ကယ်တင်နိုင်ခဲ့ပြီး ကျန်တာတွေ ပျောက်ဆုံးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖျာပုံဒေသခံတစ် ဦးက RFA ကို ပြောပါတယ်။

Monday, October 31, 2022

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) အောက်တိုဘာလ၊ ၂၀၂၂

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါ သည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
31.10.2022
VOA
VOA
VOA
31.10.2022
BBC
BBC
BBC
31.10.2022
RFA
RFA
RFA

ထွက်ပြေးဖို့ကြိုးစားတဲ့ရိုဟင်ဂျာ ၆၀ကျော် ကဒုံးလေးကျွန်း မှာ ဖမ်းဆီးခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၂၀၂၂-၁၀-၃၁

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲက ကဒုံကနိကျေးရွာအပိုင်ထဲရှိ ကဒုံးလေးကျွန်းအနီးမှာ မနေ့အောက်တို ဘာ ၃၀ ရက် ညနေပိုင်းက ရိုဟင်ဂျာ ၆၀ကျော်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အမျိုးသား ၅၀ ကျော်နဲ့ အမျိုးသမီး၆ယောက်ပါတဲ့ သူတို့စီးလာတဲ့ လှေဝမ်းဗိုက်ပေါက်ပြီး သောင်တင်ခဲ့ချိန်မှာ ငါးဖမ်းသမားတွေကမြင်ခဲ့တာလို့ ကဒုံကနိကျေးရွာသားတစ်ဦးကပြောပါတယ်။ 

ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်တွင် ရိုဟင်ဂျာ ၄၆ ဦး ဖမ်း ဆီးခံရ

30 October 2022
ဓာတ်ပုံ ။ ဂွ - ငါးသိုင်းချောင်းလမ်းပိုင်းတစ်နေရာ

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်ရှိ ဒေါင်းချောင်း ကျေးရွာအုပ်စု အနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရိုဟင်ဂျာ ၄၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

ရိုဟင်ဂျာလူမျိုး အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၈ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူလိုက်ပါလာသည့် လမ်းပြနှစ်ဦး လည်း ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

"ဂွမြို့၊ ဒေါင်းချောင်းရွာအပိုင်ထဲက တစ်နေရာမှာ ရိုဟင်ဂျာတွေ နားနေတုန်း စစ်တပ်က လာဖမ်းသွားတာလို့ သိ ရတယ်။ သူတို့က ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်း ကိုဖြတ်ပြီး ရန်ကုန်ထဲကိုဝင်မယ့်သဘောရှိတယ်။ လမ်းပြ နှစ်ယောက်ကိုတော့ စစ်မေးနေကြတုန်းပဲ "ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

ဘူးသီးတောင်တွင်တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာတစ်ဦးဒဏ်ရာရ

MYANMAR NOW
ဝေသာထွန်း
Published on Oct 29, 2022
 
တစ်နာရီနီးပါးတိုက်ပွဲဖြစ်နေစဉ် ထိုနေရာသို့ ပစ်ကူသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်သည် အရပ် သား အမျိုးသားတစ်ဦးကို ထိမှန်ခဲ့သည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ဘူးသီးတောင်မြို့

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် ယမန်နေ့ (အောက်တိုဘာ ၂၇) ညနေက  ၅ နာရီ ခန့်က ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက် သော လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ဂူတာပြင်ကျေးရွာဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုသည် မေယုတောင်ခြေရင်းရှိ ကျောက်စာတိုင်ကျေး ရွာ ဘက်သို့အလာ လမ်းတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီနီးပါးခန့် အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့ သည်ဟု ထို နေရာအနီးတွင်နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

ရိုဟင်ဂျာခေါင်းဆောင်တွေ သတ်ဖြတ်မှုမှာ သံသယရှိသူတွေ ကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၃၀ အောက်တိုဘာ၊ ၂၀၂၂

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ လုပ်ကြံသတ်ဖြတ်ခံရသူများ (ဓါတ်ပုံ - Rohingya Refugees) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေကို တိုက်ခိုက်သတ် ဖြတ်တာတွေ တိုးလာပြီးတဲ့နောက်၊ ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က သံသယရှိတဲ့သူတွေကို နှိမ်နှင်းတာတွေကို စတင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ 

Sunday, October 30, 2022

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) အောက်တိုဘာလ ၊၂၀၂၂

၂၀၂၂ ခု အောက်တိုဘာလ၊မြန်မာ့အလင်း သတင်းစာ

31.10.2022


ယနေ့သတင်း (အမြန်ရှာရန်) 2022 အောက်တိုဘာလ

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )    

(31.10.2022 )  တနင်းလာနေ့ သတင်းများ

BBC သတင်းများ  

သံတွဲမှာ အေအေနဲ့ဆက်သွယ်တယ်လို့ဆိုပြီး ထွေအုပ်ဝန်ထမ်း ၂ ဦး ဖမ်းဆီး တရားစွဲခံရ  

မိုးမောက်မှာ အရပ်သား ၂ ဦး လက်နက်ကြီးထိမှန်ပြန်  

ငါ့သရောက်နယ်မြေရဲစခန်း တိုက်ခိုက်ခံရမှု ရဲ ၁၁ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဘက်က ၁ ဦး သေဆုံး  

ငါ့သရောက်မြို့ရှိ နယ်မြေရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကျပ်နေ  

လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ကူညီဖို့ အိမ်ဖြူတော်ရှေ့မှာမြန်မာတွေဆန္ဒပြ  

နိုင်ငံရေးအကျဥ်းသားဟောင်းဦးဇော်သက်ထွေး ထိန်းသိမ်းခံထားရာကပြန်လွတ်  

တောင်ကိုရီးယား ဟောလိုးဝင်းပွဲတော် လူပိသေဆုံးမှု နောက်ဆုံးအခြေအနေ ဘယ်လိုရှိနေသလဲ  

တောင်ကိုရီးယား ဒေသစံတော်ချိန် အလိုက် အီထေဝွန်း လူပိသေဆုံးမှု ဖြစ်စဉ်ပြ အချိန်ဇယား  

လူ တစ်သိန်းလောက်အထိ လာနိုင်မယ်လို့ ကြိုမတွက်ခဲ့မိကြောင်း ပြည်ထဲရေးဝန်ကြီးပြော  

သေဆုံးခဲ့တဲ့ နိုင်ငံခြားသား ထဲမှာ ဘယ်နိုင်ငံသားတွေ ပါဝင်သလဲ  

အခုလို လူအုပ်ထူထပ်လွန်းပြီး လူပိသေဆုံးမှု ဘယ်လောက်အထိ ဆိုးဝါးနိုင်သလဲ.  

တောင်ကိုရီးယားမှာ ဟောလိုးဝင်းပွဲတော် ဘာကြောင့် လူကြိုက်များရတာလဲ  

ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့ အနီး လက်နက်ကြီးကျ  

ယူကရိန်းစစ်ပွဲ-PTSD စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါရခဲ့သူ ယူကရိန်းစစ်သား  

တောင်ကိုရီးယား ဟောလိုးဝင်းပွဲ လူပိမှု သေဆုံးသူ ၁၅၀ ကျော်ရှိလာ  

VOA သတင်းများ  

မြဝတီ-ကော့ကရိတ်လမ်း ယာဉ်တိုက်မှုကြောင့် အနည်းဆုံး ၇ ဦးသေဆုံး  

မြန်မာပြည်သူတွေအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ကူညီပေးဖို့ တယ်လီနော စီစဉ်နေ  

မလေးရှားရောက်မြန်မာတွေ နေရပ်ပြန်မပို့ဖို့ UNHCR တောင်းဆို  

ရိုဟင်ဂျာခေါင်းဆောင်တွေ သတ်ဖြတ်မှုမှာ သံသယရှိသူတွေကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး  

ကနေဒါဝန်ကြီးချုပ် အီရန်ဆန္ဒပြသူတွေနဲ့အတူ ချီတက် ဆန္ဒပြ  

အီရန်ဆန္ဒပြပွဲအတွင်း သတင်းထောက်အများအပြား ဖမ်းဆီးခံရမှုအပေါ် သတင်းထောက်တွေ ဝေဖန်  

ကုလ ညှိနှိုင်းပေးထားတဲ့ ယူကရိန်းနဲ့ သီးနှံတင်ပို့ရေးသဘောတူညီချက် ရုရှားဖျက်သိမ်း  

လေဆန်မှာ ပျံသန်းကြသူများ “ညိုညိုလွင်ရဲ့ နေရာပေါင်းစုံ အကြောင်းစုံ”  

မြန်မာပြည်သူတွေကို ကူညီဖို့ အိမ်ဖြူတော်ရှေ့မြန်မာတွေဆန္ဒပြ  

တောင်ကိုရီးယား Halloween လူအုပ်ပိလို့ ၁၅၀ ခန့် သေဆုံး  

ကရင်ပြည်နယ် ကျိုက်ဒုံ ရဲစခန်း KNLA ပူပေါင်းတပ် စီးနင်းတိုက်ခိုက် 

RFA သတင်းများ  

မိုးဗြဲနှစ်ဖက်တိုက်ပွဲ ဒေသခံသုံးဦးသေဆုံးပြီး နှစ်သောင်းကျော် ထွက်ပြေးနေရ  

သံဃသမဂ္ဂ (မန္တလေး)ရဲ့ ဦးဆောင်ဆရာတော် ဦးကလျာဏ ဖမ်းဆီးခံရ  

ကျိုက်လတ်မှာ ဒေသခံ ၁၀ ဦးထက်မနည်း ဆက်တိုက် ဖမ်းဆီးခံရ  

အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ ကြိုးပမ်းမယ်လို့ PPST ပြော  

USDP ပါတီ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနေရာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတွေ ဖြစ်လာ  

ထီးလင်းမြို့ ထန်းပင်ကုန်းရွာက အိမ်ခြေ ၇၀ နီးပါး မီးရှို့ခံရ  

ညောင်ဦး ငါ့သရောက်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၁၁ ဦး သေဆုံးတယ်လို့ PDF တွေပြော  

ရေစကြိုမြို့ ရွာလေးရွာက နေအိမ်နှစ်ရာခန့် မီးရှို့ခံရ၊ ဒေသခံ ငါးထောင်ထက်မနည်း ထွက်ပြေးနေရ  

မိုးမောက်မှာ ဒေသခံသုံးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရ  

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်သက်ထွေး ပြန်လည်လွတ်မြောက်  

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသူ မြန်မာ ၁၈၉ ဦးကိုနေရပ်ပြန်ပို့  

စစ်ကောင်စီအောက်က မွန်ပြည်နယ် ဇာတ်သဘင်လောက  

NUG နဲ့တွေ့ဆုံဖို့ အာဆီယံအစည်းအဝေးမှာ မလေးရှားထပ်အဆိုပြု  

ဘာသာရေးအဆောက်အဦပေါင်း ၄ဝ ကျော်မှာ စစ်တပ်စခန်းချထား  

စစ်တပ်ကိုလေယာဉ်ဆီပိတ်ဖို့ အမေရိကန်သမ္မတဆီ စာရေးသားတောင်းဆို  

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ဖို့ စီစဉ်နေ 

Narinjara သတင်းများ  

ကန်စောက်တပ်ရင်း ၅၃၉မှ ပစ်ခတ်သည့်လက်နက်ကြီးကျည် နေအိမ်နှစ်ဆောင်ကိုထိမှန်ပြီး နဝမတန်းကျောင်း သူ ၁ဦးထိခိုက်ဒဏ်ရာရရှိ  

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစကစနယ်ခြားစောင့်တပ်တို့ တက်ကနက်မြို့တွင် နှစ်နိုင်ငံတပ်မှူးအဆင့် အလံတင်အ စည်း အဝေးကျင်းပနေ  

စစ်တွေတွင် ကင်းလှည့်နေသည့်စစ်သားများက လူငယ်တစ်ဦးကိုသံတုတ်ဖြင့်ရိုက်၍ ဆေးရုံတင်ရ  

မောင်တောမြို့နယ် သာစည်ကျေးရွာသား ၆ဦးကို လူစုလူဝေးလုပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က သေနတ် ထောက်ဖမ်းဆီး  

ဘူးသီးတောင်တွင် သေနတ်ပစ်ခတ်ခံရ၍ နောက်ထပ် ဒေသခံမူဆလင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ  

ကျောက်တော်၊ရုပ်သားရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပစ်ခတ်၍ ပျက်စီးမှုတချို့ရှိ  

တောင်ကိုရီးယား ညပါတီပျော်ပွှဲရွှင်ပွဲတစ်ခုတွင်လူအုပ်ပိပြီး နိုင်ငံခြားသား ၁၉ ဦးအပါအအဝင် လူပေါင်း ၁၅၁ ဦးသေဆုံး

DMG သတင်းများ  

မောင်တောမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသား ၆ ဦး ဖမ်းဆီးခံရ  

မောင်တောမြောက်ပိုင်းတွင် ဒေသတွင်းသွားလာရန် အုပ်ချုပ်ရေးမှူးနှင့် ရဲထောက်ခံစာ ယူနေရ  

ဖိလစ်ပိုင်မှာ မုန်တိုင်းဝင်ပြီး မိုးကြီးမှုကြောင့် သေဆုံးသူ ၇၂ ဦးအထိ မြင့်တက်  

ကလေးသုံးဦး ရေနစ်သေဆုံးပြီးနောက် စစ်တွေပွိုင့်ကမ်းခြေတွင် အန္တရာယ်မဖြစ်စေရေးအတွက် စီစဉ်ပေးရန် ဒေသခံများတောင်းဆို  

စစ်ရေးအခြေအနေကြောင့် ဘဲငါးရာတောင်တက်ပွဲ ကျင်းပနိုင်မည်မဟုတ် 

DVB သတင်းများ  

ကျောက်ဖြူမြို့ခံ တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီး  

လစာတိုးပေးရန် တောင်းဆိုသည့် မြန်မာပေါင်ချိန်စက်ရုံအလုပ်သမား ၃၀ ခန့် အလုပ်ထုတ်ခံရ  

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၂၀ သေ၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရ  

ရေစကြိုတွင် စစ်ကောင်စီတပ် မီးရှို့သဖြင့် အိမ်ခြေ ၂၀၀ ကျော် ဆုံးရှုံး  

ပုလဲကျားသစ်နက် တပ်မတော်က NUG စာသင်ကျောင်းများကို ထောက်ပံ့ငွေ ပေးအပ်  

မုံရွာနှင့်ကလေးမြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ ၆ ဦးထက်မနည်း သေဆုံး  

ထားဝယ်အကျဥ်းထောင်တွင် ထောင်ဝင်စာပို့ခွင့် ပြန်ရ  

သမ္မတဖြစ်ဖို့ မျှော်မှန်းနေတဲ့ မင်းအောင်လှိုင်  

ဂန့်ဂေါဒေသခံတဦးကို စစ်ကောင်စီတပ်က ပစ်သတ်  

စစ်တွေမြို့ အင်ဘာလာကျေးရွာ၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံး ဆုံးရှုံး  

၂၀၂၃ ခုနှစ်တွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်နိုင်ဟု လျှပ်စစ်ဝန်ကြီးဌာန အရာရှိတဦးပြော  

ပျဥ်းမနား ပန်းအလှရောင်းဆိုင်ရှင်အား ဓားထောက်လုယက်ခဲ့သူများကို ဖမ်းမိ  

ကားရေဆေးဆီထိုးဆိုင်ထဲ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက်သဖြင့် ၃ ဦး သေဆုံး  

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ထိတွေ့ညှိနှိုင်းရန် အာဆီယံကို မလေးရှားတိုက်တွန်း  

ပုလောတွင် စစ်ကောင်စီယာဉ်တန်း ၅ ကြိမ်မိုင်းဆွဲခံရ၊ ထားဝယ်-ထီးခီးလမ်း ညဘက် အသုံးမပြု ရန် သတိပေး  

ငါန်းမြာရဲစခန်းမှူးနှင့် ရဲတပ်သားတို့ KTV တွင် ပျော်ပါးသောက်စားနေစဉ် ပစ်ခတ်ခံရ  

ဂန့်ဂေါမြို့နယ်တွင် PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်  

မင်းပြား၌ တိုက်ပွဲဖြစ်၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်ရှိ ရွာတချို့ လေကြောင်း ဗုံးကြဲခံရ  

ကျောက်တော်၌ ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်၊ ဘူးသီးတောင်၌ စစ်တပ်က ပစ်ခတ် သဖြင့် ရွာသား ၁ ဦး ဒဏ်ရာရ  

သရက်ချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရ  

ဂန့်ဂေါမြို့နယ် ရှုံးရှီရွာက ဖမ်းဆီးခံ ရွာသား ၅ ဦး ပြန်လွတ်  

ဖားကန့်တွင် စက်သုံးဆီပြတ်လပ်ပြီး ဆီဆိုင်တချို့ပိတ်ထား  

ပုသိမ်မြို့နယ်စည်ပင်ဥက္ကဋ္ဌနေအိမ် ဗုံးခွဲတိုက်ခိုက်ခံရ  

မြန်မာတွင် တရက်တည်း ကိုဗစ်လူနာသစ် ၁၇၀ နီးပါးထပ်မံတွေရှိ  

နယူးယောက်တွင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ် (ဓာတ်ပုံ)  

နော့ဒ်စထရင်းမ်တူး ဓာတ်ငွေ့ပိုက်လိုင်းကို ဗြိတိန်ရေတပ် ဖောက်ခွဲခဲ့ဟု ရုရှား စွပ်စွဲ  

ဇာတိမြေ၌ မြေးနှင့်အတူ အစောဆုံးမဲပေးခဲ့သည့် အမေရိကန်သမ္မတ  

မဲရုံများ အစွန်းရောက်သမားများ၏ ပစ်မှတ်ဖြစ်လာနိုင်ဟု နယူးယောက်ရဲဌာန သတိပေး  

ဘဂ္ဂဒက်တွင် ပေါက်ကွဲမှုကြောင့် ၁၀ ဦး သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ  

ဆိုမာလီယာပညာရေးဝန်ကြီးဌာန ဗုံးပေါက်ကွဲမှု ၃၀ ထက်မနည်း သေဆုံး  

ပါကစ္စတန်ဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ လည်ပတ်မည်  

အိန္ဒိယနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ရရန် ဗြိတိန်ကြိုးစား  

ဆန္ဒပြသူများကို အီရန် အစောင့်တပ်အကြီးအကဲ သတိပေး  

ဆိုမာလီယားပညာရေးဝန်ကြီးဌာနတွင် ကား ဗုံးပေါက်ကွဲ  

နယူးဒေလီတွင် လေထုညစ်ညမ်းမှု ဆိုးရွားပြင်းထန်  

တန်ပြန်ဒရုန်းများ ထွက်ပေါ်ရေး နည်းပညာကုမ္ပဏီများကို ဗြိတန်ထောက်ပံ့ပေးနေ 

Mizzima သတင်းများ  

အောက်တိုဘာလ ၃၀ ရက်၊ ည ၉ နာရီထိ နောက်ဆုံးရသတင်းများ  

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၃၀ အောက်တိုဘာ ၂၀၂၂)  

"မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်"ရွှေနွယ်သွေး သပိတ်စစ်ကြောင်းချီတက်ဆန္ဒပြ  

ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်တွင် ရိုဟင်ဂျာ ၄၆ ဦး ဖမ်းဆီးခံရ  

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် Halloween ပါတီပွဲပြုလုပ်စဉ် လူသေဆုံးမှုများနှင့် ပတ်သက်၍ ဆက် သွယ်မေးမြန်းချက်  

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ် ၄ လုံး ပျက်စီး  

စစ်တွေမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄လုံး ဆုံးရှုံး  

တောင်ကိုရီးယား ဆိုးလ်မြို့ ဟောလိုးဝင်းပွဲ လူအုပ်ပြိုမှုကြောင့် သေဆုံးသူ ၁၅၀ ကျော်အထိ မြင့်တက်လာ  

မြန်မာနိုင်ငံက ဘဏ္ဍာရေးနှင့် နိုင်ငံရေး အထီးကျန်မှုဆီ နစ်ဝင်နေဟု ပညာရှင်များ သတိပေး  

Irrawaddy သတင်းများ  

ဒုဗိုလ်ချုပ်ကြီးဟောင်း၂ ဦးအား ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းရာထူးအတွက် အတည်ပြု ရွေးချယ် 

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း ရပ်တန့်ရေး ဒေသခံများ ဆန္ဒပြ

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */