" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 11, 2022

လူထု ထောက်ခံမှု မြင့်မားလာမှုနှင့်အတူ အင် အားသိန်းချီ ရှိလာသော PDF၊ LDF ၊ PDT တပ်များက စစ်ကောင်စီ ထိန်း ချုပ်ခဲ့သော နယ်မြေများကို တဖြည်းဖြည်း စိုးမိုးသိမ်း ယူလာပြီ

CDMM
by ချစ်သဲညှ
Nov 10, 2022

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PD)တွေကို စတင်ဖွဲ့စည်းခဲ့ချိန်မှာ PDF တွေကို စစ် ကောင် စီတပ်တွေက အချိန်တိုလေးအတွင်းမှာ နှိမ်နင်းပစ်လိမ့်မယ်လို့ လူတော်တော်များများက ထင်ခဲ့ကြပါ တယ်။ လူငယ်လက်နက်ကိုင်တွေရဲ့ အလျှင်စလို စုဖွဲ့မှုမျိုးပဲလို့ ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် အားလုံးရဲ့ ထင်ကြေးတွေက လွဲမှားခဲ့ပါတယ်။ လူအများထင်သလို စစ်ကောင်စီက PDF တွေကို မနှိမ် နင်းနိုင်ခဲ့ဘဲ လူထောက်ခံမှု ပိုမိုမြင့်တက်လာပြီး PDFတွေရဲ့ အင်အားက ကြီးမားလာနေပါတယ်။

ဖွဲ့စည်းပုံနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေက ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်းပိုပြီး အားကောင်းလာလိုက်တာ အခုဆိုရင် စစ် တပ်ရဲ့ ရပ်တည်မှုကိုတောင် အကြီးမားဆုံး ထိုးနှက်နိုင်တဲ့အဖွဲ့အစည်းတွေဖြစ်လာခဲ့ပြီ။ လက်နက်ကြီးတွေ၊ စနစ် ကျနတဲ့အမိန့်ပေးမှုစနစ်တွေ ကြိုးပမ်းတည်ဆောက်နေကြပါတယ်။

နိုင်ငံတကာအကူအညီတွေ သူတို့ဆီမှာ မရှိပေမယ့် နိုင်ငံ အနှံ့အပြားမှာပေါ်ပေါက်လာကြတဲ့ PDFတွေမှာ နည်း ဗျူ ဟာအရ ကျွမ်းကျင်မှုရှိလာတာ၊ အခက်အခဲကိုမဆုတ်မနစ်တုံ့ပြန်နိုင်တာတွေကို မြင်နိုင်ပါတယ်။ တကယ်လို့ သူတို့ဟာ ဖွဲ့စည်းပုံစနစ်ကိုတည်ဆောက်နိုင်ပြီး လက်နက်ကောင်းကောင်းရလာမယ်ဆိုရင် သူတို့ဟာ တော်လှန် ရေးဘက်က ရလာနိုင်တဲ့နယ်မြေတွေကို ပိုပြီး ချဲ့ထွင်လာ၊ ထိန်းထားလာနိုင်မှာဖြစ်ပြီး စစ်တပ်ရဲ့လဲပြိုမှုကို ခပ်မြန်မြန်ဆွဲချသွားနိုင်မှာပါ။

လက်ရှိမှာတော့ ကျဲပြန့်နေတဲ့ ဖွဲ့စည်းပုံနဲ့ အလျင်အမြန် ကြီးထွားလာရမှုကြောင့် PDFတွေရဲ့ အနေအထားက နိုင်ငံ တကာ သုံးသပ်သူတွေနဲ့ မူဝါဒရေးရာသမားတွေအတွက် ခပ်ရှင်းရှင်းမမြင်နိုင်တဲ့အနေအထားဖြစ်နေ ပါ တယ်။ ပြည်သူရဲ့ ထောက်ခံမှုကို အင်တိုက်အားတိုက်ရထားတဲ့ ဒီလက်နက်ကိုင်အုပ်စုတွေဟာ ရင်ဆိုင်ရတဲ့တိုက် ပွဲတွေကြောင့် လက်ရုံးရည်အားကောင်းလာသလို ပိုပြီးလည်း စုစည်းမှုအားကောင်းလာနေပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍအခင်းအကျင်းမှာ အရေးကြီးတဲ့နေရာကပါဝင်လာနေတာမို့ နိုင်ငံရဲ့ အရေးကိစ္စတွေ မှာအဆုံးအဖြတ်ပေးနိုင်တဲ့သူတွေေ ဖြစ်လာနေပါတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ အခင်းအကျင်းသစ်

၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းအပြီးနောက်မှာ ဖြစ်လာတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို စစ်တပ်က အ ချိန်အနည်းငယ်သာ သည်းခံခဲ့ပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သူတွေကို ဆက်တိုက်ကြမ်းကြုတ်စွာ နှိမ်နင်းလာ ခဲ့ပါတယ်။

ဒီလို ကြမ်းကြမ်းတမ်းတမ်းနှိမ်နင်းလိုက်ရင် စစ်အုပ်ချုပ်ရေးအောက်ပြန်မသွားချင်တဲ့ပြည်သူကို စစ်တပ်ကို ပြန် မလှန်ရဲအောင်လုပ်ပစ်လိုက်နိုင်မယ်လို့ စစ်တပ်ကမျှော်လင့်ခဲ့ကြတယ်။ မှန်းထားတာနဲ့လွဲပြီး အဲဒီလိုနှိမ် နင်းတာ ကြောင့်ပဲ တော်လှန်ရေးဘက်ကိုလူတွေဟာ အားပိုထည့်လာခဲ့ကြပြီး စစ်တပ်ရန်ကနေ ပြည်သူတွေကိုကာ ကွယ် ဖို့ PDFတွေပေါ်ပေါက်လာခဲ့တဲ့ဆီကိုရောက်လာခဲ့တယ်။

အထူးသဖြင့် ဗမာလူမျိုးအများစုပါတဲ့ စစ်ကောင်စီတပ်ကို တော်လှန်တဲ့ ဗမာလူငယ်တွေကိုယ်တိုင် စစ်တပ်ကို တော်လှန်လာကြတာဖြစ်ပါတယ်။ PDFဆိုတာ ဒီလိုစစ်အာဏာသိမ်းလိုက်ကတည်းက နေရာအနှံ့အပြားမှာပေါ် လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တွေကို ကိုယ်စားပြုတဲ့ အခေါ်အဝါ်တစ်ခုဖြစ်ပြီး PDF အပြင် ဒေ သကာ ကွယ်ရေးအဖွဲ့ (LDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အစရှိသည်ဖြင့် ရှိကြပါတယ်။

ဒီ PDF တွေကို ယေဘုယျအားဖြင့်တော့ ရွေးကောက်ခံပါလီမန်အမတ်အများစုပါဝင်တဲ့ စင်ပြိုင်အစိုးရအဖြစ်ဖွဲ့ စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖွဲ့စည်းတာထားတာတွေလည်းရှိသလို ရှိနေတဲ့အဖွဲ့အ စည်းကိုအသိအမှတ်ပြုတ်ထားတာလည်းရှိပါတယ်။ NUG နဲ့ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ကို တော်လှန် နေ ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးတွဲတည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံစနစ်အောက်မှာ PDF တွေဟာ လည်ပတ်နေတာဖြစ်ပါတယ်။

LDF ဒေသခံတွေကကိုယ်တိုင်ဖွဲ့စည်းထားတဲ့တော်လှန်ရေးအဖွဲ့တွေဖြစ်ကြပြီးသူတို့နယ်မှာ သူတို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လှုပ်ရှားကြတယ်။ NUGရဲ့ အဆုံးအဖြတ်အောက်မှာမဟုတ်ဘဲ သူတို့ဘာသာလှုပ်ရှားတာတွေလည်း ရှိတယ်။ ပကဖ PDTတွေကတော့ ပြည်သူ့လုံခြုံရေးအတွက် ဒေသအခြေပြုဖွဲ့ထားတဲ့ ပျောက်ကျားအဖွဲ့တွေ ဖြစ် တယ်။ PDF တွေက တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ အထိုင်ရှိနေကြတဲ့ တပ်ဖွဲ့တွေဖြစ်ကြပြီးတော့ LDF နဲ့ PDT ကတော့ ရပ်ရွာက မိမိတို့ဘာသာ စစ်တပ်ရန်ကနေ အကာအကွယ်ရဖို့ ရပ်ရွာအဆင့်မှာဖွဲ့ထားတဲ့ တပ်ဖွဲ့တွေဖြစ်ကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People’s Defense Forces

• ဒီဆောင်းပါးအတွက် အင်တာဗျူးခဲ့ရာမှာ PDF အရေအတွက်ဟာ အကြမ်းအားဖြင့် ၆၅၀၀၀ လောက်ရှိပြီး သူ တို့ ထဲက ၂၀ ရာခိုင်နှုန်းလောက်ဟာ ပုံမှန်တပ်တစ်ခုလို လက်နက်တပ်ဆင်ထားနိုင်ပြီး ၄၀ ရာခိုင်နှုန်းလောက် ကတော့ လက်လုပ်သေနတ်တွေရှိပါတယ်။

• အောက်တိုဘာ ၂၀၂၂ စာရင်းအရ pdf အဖွဲ့ပေါင်း ၃၀၀လောက်ရှိပြီး တပ်တစ်ခုကို လူ ၂၀၀ကနေ ၅၀၀ အ ထိရှိကြပါတယ်။ NUG ကအသိအမှတ်ပြုတဲ့ pdf ဖြစ်လာဖို့စောင့်နေတဲ့ အဖွဲ့က ၆၃ ဖွဲ့ရှိနေသေးတယ်လို့ ဆိုပါ တယ်။

• PDFs တွေဟာ the Central Command and Coordination Committee (C3C)ဗဟိုတပ်အုပ်ချုပ်ရေးစနစ် အောက်မှာ၊ ဒါမှမဟုတ် NUG နဲ့ EAOs မဟာမိတ်တွေပူးပေါင်းထားတဲ့ ပူးတွဲတပ်အုပ်ချုပ်ရေးစနစ် Joint Command and Coordination (J2C)အောက်မှာသွားနေကြပါတယ်။ PDF အများစုဟာ NUG က ဖွဲ့ပေးထား ပြီး NUG အမိန့်နဲ့သွားနေတာဖြစ်ပြီးတော့ တချို့ကတော့ NUG လက်အောက်မှာတိုက်ရိုက်မဟုတ်ဘဲအား ကောင်း တဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)၊ ကရင်နီအ မျိုးသားကာကွယ်ရေးတပ် Karenni National Defense Force (KNDF)နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်မ တော် KPDF တို့အောက်မှာရှိပေမယ့် C3Cထဲမှာ စစ်ဆင်ရေးဆောင်ရွက်နေကြတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဘယ်အဖွဲ့အောက်ကပဲသွားသွား တိုက်ခိုက်ရေးကိုဆောင်ရွက်ရာမှာတော့ C3C နဲ့ J2C ရဲ့ တိုက် ရိုက်ကွပ်ကဲမှုမပါဘဲ နီးစပ်ရာဒေသစစ်တိုင်းအလိုက် လှုပ်ရှား ဆုံးဖြတ်ဆောင်ရွက်လေ့ရှိကြတဲ့ပုံစံ စစ်ဒေသအုပ် ချုပ်မှု military division commands (MDCs)ပုံစံနဲ့ ပိုပြီးဆောင်ရွက်ကြတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့လတွေမှာ PDF တွေရဲ့ စခန်းချပုံ၊ လှုပ်ရှားပုံတွေကိုကြည့်ရင် MDCs က အဓိက မဟာဗျူဟာဖြစ်လာနေ တယ်ဆိုတာ ကိုတွေ့ရပါတယ်။

• လက်ရှိမှာဆိုရင် MDCs သုံးခုရှိနေပါတယ်။ PDF အဖွဲ့ပေါင်း ၂၀၀ လောက်ဟာ အခုဆိုရင်ကချင်၊ အညာနဲ့ ချင်း စစ် မြေပြင်တွေကို ညှိနှိုင်းဆောင်ရွက်တဲ့ MDC 1 အောက်မှာရှိပါတယ်။ PDF ၅၀ လောက်ဟာ ဆိုရင် ကရင်နဲ့ ကရင်နီထဲမှာရှိတဲ့စစ်ဆင်ရေးတွေကိုဆောင်ရွက်နေတဲ့ MDC 2 နဲ့ MDC 3 ရဲ့အောက်မှာရှိနေကြပါတယ်။

• လူမျိုးစုဒေသတွေမှာရှိတဲ့ PDF တွေဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုအောက်မှာ စစ် ဆင်ရေးတွေလုပ်ရင်လုပ် ဒါမှမဟုတ် သူတို့နဲ့ လက်တွဲပြီး အတူ ဆောင်ရွက်ရင်ဆောင်ရွက်ဆိုတဲ့ ပုံစံမျိုးနဲ့ရှိနေ ကြ တယ်။ ဥပမာ- KPDF ဟာ KIA ရဲ့ အုပ်ချုပ်မှုအောက်မှာရှိပြီး CDF ကတော့ Chinland Joint Defense Committee (CJDC)အောက်မှာရှိတာဖြစ်ပါတယ်။ KNDF ကတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ကရင်နီတပ်မတော် (KA)နဲ့ ဆက်စပ်နေပါတယ်။

• PDF တွေကဟာ NUG နဲ့ EAOs တွေက စနစ်တကျဖွဲ့စည်းထားပြီး လေ့ကျင့်သင်ကြားမှုတွေ၊ လက်နက်တပ် ဆင်မှုတွေလည်း ရထားကြတာဖြစ်ပါတယ်။ PDF တပ်ဖွဲ့တစ်ခုစီတိုင်းဟာ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းအ ဆင့်ဆင့်နဲ့ ဖွဲ့စည်းထားပြီး အဆင့်တစ်ခုမှာ သုံးခုစီရှိရမယ်ဆိုတဲ့ ပုံစံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဥပမာ- တပ် စုတစ်ခုမှာ တပ်စိတ်သုံးခုပါရမှာဖြစ်ပြီး တပ်ခွဲတစ်ခုမှာ တပ်စုသုံးစုနဲ့ တပ်ရင်းတစ်ခုမှာ တပ်ခွဲသုံးခုပါဝင် တာဖြစ် ပါတယ်။

LDF ဒေသကာကွယ်ရေးတပ်ဖွဲ့များ

• ၂၀၂၂ ဧပြီလတုန်းက LDF အဖွဲ့ပေါင်း ၄၀၁ ဖွဲ့ရှိတယ်လို့ NUG က ခန့်မှန်းပါတယ်။ LDFတွေက PDT နဲ့ PDF တွေထက်ပိုပြီး ကိုယ့်ခြေကိုယ့်လက်လှုပ်ရှားနေကြပါတယ်။ C3C နဲ့ J2C ထဲမှာ ပါနေကြတာမဟုတ်ပေမယ့် အ လွတ် သဘော ချိတ်ဆက်ဆောက်ရွက်နေကြတာက ၃၅၄ ဖွဲ့ရှိတယ်လို့ ဆိုပါတယ်။ ဒါက LDF တွေကို ပိုပြီကျယ် ပြန့်တဲ့ တပ်အုပ်ချုပ်ရေးစနစ်ထဲပူးပေါင်းပါဝင်လာဖို့အတွက် ပထမခြေလှမ်းဖြစ်ပါတယ်။ LDF အဖွဲ့ပေါင်း ၁၀၀ လောက်ဟာ PDF ကူးပြောင်းခဲ့ကြပြီး အဖွဲ့ တစ်ချို့ကတော့ PDT အဖြစ်ပါဝင်လာကြပါတယ်။

• မကြာသေးခင်က ခန့်မှန်းထားကြတာကတော့ LDF အဖွဲ့ဝင်ပေါင်း သုံးသောင်းလောက်ရှိမယ်လို့ ဆိုကြပါတယ်။ LDF တွေဟာ အဖွဲ့ဝင်အရေအတွက်ကွာခြားမှုရှိနိုင်ပြီး အချို့က လူတစ်ဒါဇင်လောက်နဲ့ဖွဲ့ထားတာ ဖြစ်နိုင်သလို အချို့ကလည်း ထောင်ချီပြီရှိနေကြတာလည်း ရှိပါတယ်။ ဘယ်လောက်ရှိနေတယ်ဆိုတာက အတက် အကျများ တဲ့ ကိန်းဂဏန်းဖြစ်နေပေမယ့် လွန်ခဲ့တဲ့ ၆ လ အတွင်းမှာ LDF တွေရဲ့ 25 ရာခိုင်နှုန်းက PDF သို့မ ဟုတ် PDT အဖြစ်ပြောင်းလဲလာခဲ့ပြီဖြစ်ပြီးဖြစ်ပါတယ်။

• LDFတွေဟာ ကိုယ့်ရံပုံငွေကိုယ်ရှာဖွေပြီးတိုက်နေကြတဲ့သူတွေဖြစ်ပြီး ရပ်ရွာထဲက ထည့်ဝင်မှုနဲ့ ပြည်ပရောက် ရပ်သူရွာသားမြန်မာနိုင်ငံသားတွေရဲ့ ထည့်ဝင်မှုအပေါ် အဓိကမှီခိုရတာဖြစ်တယ်။ အဲဒီထဲမှာမှ တချို့ LDF တွေ ကတော့ လက်နက်တွေနဲ့ စစ်ပညာတွေပေးနိုင်တဲ့ အင်အားကြီး EAOs တွေနဲ့ချိတ်ဆက်လှုပ်ရှားနေကြတာ ဖြစ် တယ်။

• LDF တွေရဲ့ တိုက်ရေးခိုက်ရေးကိုကြည့်မယ်ဆိုရင် သူတို့ဟာ မြင်နေကျတိုက်ပွဲပုံစံမျိုးမဟုတ်ဘဲ မိုင်း‌ထောင်တာ၊ ခြုံခိုတိုက်တာ၊ အလစ်အငိုက်ဝင်တိုက်တာ၊ ရန်သူပစ်မှတ်တွေကို ချောင်းပြီးသတ်ဖြတ်တာ အစရှိတာတွေကို ဆောင် ရွက်လေ့ရှိပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူတို့နယ်မြေတွေမှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေး အထိုင်ကျသွားမှာကို အဖြစ်မခံနိုင်တာပဲဖြစ်တယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ – PDTပကဖ

• ပကဖတွေကို NUG ကဖွဲ့စည်းပေးခဲ့ပြီး မြို့ပြပျောက်ကျားစစ်ဆင်ရေး တွေဆောင်ရွက်ဖို့၊ PDF တွေကိုကူဖို့၊ ပြည်သူကိုစည်းရုံးဖို့၊ ထောက်ပို့နဲ့ တော်လှန်ရေးတပ်သားသစ်တွေကို အခြေခံစစ်သင်တန်းပေးဖို့အတွက် တွေကို အထူးဆောင်ရွက်တဲ့အဖွဲ့ဖြစ်ပါတယ်။

• NUG ရဲ့ အဆိုအရ ပကဖတွေဟာ မြို့နယ်ပေါင်း ၃၃၀ မှာ အဖွဲ့ပေါင်း ၂၅၀ လောက်ဖွဲ့ထားပြီးပြီလို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်းမှာ ကျေးရွာအဆင့်မှာ ဖွဲ့စည်းမှုပိုမိုများပြားလာပါတယ်။ ပကဖတွေဟာ အညာမှာ ပိုပြီး လှုပ်ရှားမှုအများဆုံးဖြစ်ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာ ပိုတွေ့ရပါတယ်။

• ပကဖတွေဟာ ကျေးရွာအဆင့်မှာ လှုပ်ရှားနေကြတယ် ဆိုပေမယ့် မြို့နယ်အဆင့်မှာလည်း စုစည်းလုပ်ကိုင်ကြ တာရှိပါတယ်။ မြို့နယ်တစ်ခုမှာ ပကဖအဖွဲ့ဝင် ၂၀၀၀ လောက်စုစည်းပါဝင်ကြတဲ့အထိရှိပါတယ်။ ပကဖတွေဆီ မှာ အများအားဖြင့်တော့ အိမ်လုပ် လက်နက်ငယ်တွေသာရှိပါတယ်။

• ပကဖတွေဟာ တော်လှန်ရေးလှုပ်ရှားမှုကြီးတစ်ခုလုံးနဲ့ ရပ်ရွာကြားကို ဆက်စပ်ပေးနေတဲ့ အခြေခံအုတ်မြစ် တွေ အဖြစ်တည်ရှိကြပါတယ်။

PDF ၊ LDF ၊ PDT တွေဆက်လက် ကြီးထွားလာ

စစ်တပ်ရဲ့ နှိပ်ကွပ်မှုတွေကြောင့် အကြမ်းမဖက်တော်လှန်ရေးနည်းလမ်းတွေက ပါဝင်နေတဲ့သူတွေအတွက်ဆက် လုပ်လို့မရနိုင်လောက်အောင် အန္တရာယ်များလာချိန်မှာ PDF, LDF နဲ့ ပကဖတွေဟာ တော်လှန်ရေးရဲ့ ဗဟို ချက် ဖြစ်လာကြပါတယ်။ ပြည်သူတွေကလည်းအားကောင်းကောင်းနဲ့ထောက်ခံနေကြပြီး EAOs တွေနဲ့လည်း ပိုပြီးနီး နီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လာကြတဲ့အချိန်မှာ လျင်မြန်စွာ ကြီးထွားလာကြတာဖြစ်ပါတယ်။

ရုရှားက ပေးတဲ့ လက်နက်တွေနဲ့ လူမျိုးတုန်းကြံတဲ့ စစ်တပ်နဲ့ တရုတ်ရဲ့ အားပေးကူညီမှုကို အစဉ်အဆက်ရခဲ့တဲ့ တိုက်ရည်ခိုက်ရည် အတွေ့အကြုံဆယ်စုနှစ်များစွာပိုပြီးရထားပြီးလက်ရဲဇက်ရဲ ကြမ်းကြုတ်ယုတ်မာတဲ့ တပ်နဲ့ ရင်ဆိုင်နေရင်းနဲ့ကို တော်လှန်ရေးအင်အားစုဟာ ကြီးမားလာခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီး ၁၈ လအကြာမှာတော့ PDF, LDF နဲ့ ပကဖတွေဟာ ကြုံသလိုဖွဲ့ထားရပြီးတစစီပြန့်ကျဲနေတဲ့ ဒေသန္တရအဖွဲ့တွေအဖြစ်ကနေ ပိုပြီး ညှိနှိုင်းဆောင်ရွက်မှုအားကောင်းလာတဲ့အဖွဲ့တွေဖြစ်လာကြပြီး လက်နက် တပ်ဆင်မှုလည်းတိုးတက်လာပါတယ်။

ဖွဲ့စည်းပုံစနစ်များ

တော်လှန်ရေးတပ်ဖွဲ့တွေဟာ တစ်ဖွဲ့ချင်းစီ အသီးသီးပေါ်ပေါက်လာကြတာဖြစ်ပြီး အစပိုင်းမှာ ပြန့်ကျဲပြီး ထက် အောက်အုပ်ချုပ်မှုပုံစံမရှိဘဲ အချင်းချင်းချိတ်ဆက်ပြီးကွန်ရက်သဖွယ်ပေါ်ပေါက်လာတဲ့ ပျောက်ကျားအဖွဲ့ တွေ ဖြစ် ကြပါတယ်။

စစ်တပ်ရဲ့ ပိုပြီးကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ NUG ဟာ ဒီလို ကျဲပြန့်နေတဲ့ ပြည်သူ့တော်လှန် ရေးအစုအဖွဲ့တွေကို စုစည်းဖို့ကြိုးစားလာပါတယ်။ စစ်ဆင်ရေးလှုပ်ရှားမှုတွေကို မဟာမိတ် EAOsတွေနဲ့ ပူး ပေါင်းဆောင်ရွက်လာကြပြီး စစ်တပ်တစ်ခုအနေနဲ့ ဗဟိုက အုပ်ချုပ်မှုရှိလာနိုင်ဖို့ကို ကြိုးစားလာခဲ့တယ်။

အောက်တိုဘာ ၂၀၂၁ မှာတော့ NUG က EAOs မဟာမိတ်တွေနဲ့ လက်တွဲပြီး C3C နဲ့ ဗဟိုအုပ်ချုပ်ရေးတစ်ရပ် ကိုတည်ထောင်လိုက်ကြောင်းကြေညာခဲ့တယ်။ ဒီ C3C စနစ်ထဲမှာ NUG, KIA, KNPP, CNF နဲ့ ABSFU တို့ပါဝင် ကြတယ်။ NUG က C3C ထဲမှာ မပါဝင်တဲ့ KNU နဲ့ J2C ကိုဖွဲ့စည်းလိုက်ပြီး KNU နယ်မြေတွေထဲမှာရှိတဲ့ တပ်ဖွဲ့ တွေရဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်တဲ့စနစ်ပေါ်ပေါက်လာခဲ့တယ်။ C3C နဲ့ J2C ဟာ တစ်ခုနဲ့တစ်ခု မတူသော် လည်း ဒီ ဖွဲ့စည်းပုံနှစ်ခုစလုံးမှာ NUG က အရေးကြီးတဲ့ အချိတ်အဆက်ဖြစ်လာခဲ့တယ်။

ဒီလို တပ်အုပ်ချုပ်ရေးစနစ်တွေကိုဖော်ထုတ်နေတုန်းအချိန်မှာပဲ တပ်တွေအားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ဟာ ပိုပြီးစည်းလုံးလာကြပြီး အချိတ်အဆက်ပိုမိစွာလှုပ်ရှားလာနိုင်တာကြောင့် စစ်တပ်နဲ့ တိုက်ပွဲတွေမှာ တော် လှန်ရေးဘက်က ဆက်ပြီးအရေးသာလာတဲ့အခြေအနေတွေဘက်ကို ရွေ့လာခဲ့တယ်။ အရေးကြီးတဲ့အချက်က တော့ PDF, LDF နဲ့ PDT တွေဟာ C3C နဲ့ J2C ပုံစံနဲ့ ဗဟိုက ချိတ်ဆက်အုပ်ချုပ်လို့ရလာတာမို့ စစ်ဆင်ရေးတွေ တစစ အခြေအနေ ပိုအရေးသာခဲ့ပါတယ်။

လက်ရှိမှာ NUG ဟာ စစ်ရုံးအသစ်တစ်ခုဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး ဌာနသုံးခု ပါဝင်မယ်လို့ဆိုပါတယ်။ အဲဒါတွေ ကတော့ အထွေထွေ၊ တပ်ထိန်းရုံးနဲ့ စစ်ထောက်ချုပ်ရုံးတို့ ဖြစ်ကြပါတယ်။ အထွေထွေဌာနက စစ်ဆင်ရေး တွေ ကို ကြီးကြပ်ဆောင်ရွက်မှာဖြစ်ပြီး တပ်ထိန်းနဲ့ စစ်ထောက်ချုပ်ရုံးတို့ကတော့ တပ်အုပ်ချုပ်ရေးစနစ်ကို ပူးတွဲ ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အခုရှိနေတဲ့ စိန်ခေါ်မှုကတော့ လက်ရှိ ရှိနေတဲ့ C3C, J2C နဲ့ LDF တွေကို တပ် အုပ်ချုပ်ပုံတစ်ခုတည်းအောက်ရောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာပါ။

လက်နက်တပ်ဆင်ခြင်း

ဒီတော်လှန်ရေးကို စခဲ့တဲ့အချိန်က လက်လုပ်သေနတ်တွေနဲ့ပါ။ တူးမီးတွေ၊ ဂက်စ်ရိုင်ဖယ်တွေ၊ လက်လုပ် ဗုံး တွေနဲ့ မို့လို့ စစ်တပ်က ခေါင်းဆောင်တွေဟာ ဒီလို မဖြစ်ညစ်ကျယ်ပုန်ကန်သူတွေဟာ မကြာခင်ကျရှုံးသွားမှာ ပဲလို့ ထင်ခဲ့ကြတယ်။

ယူကရိန်းနဲ့မတူတာက မြန်မာပြည်ရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ နိုင်ငံတကာကနေ တိုက်ခိုက်ရေးအကူ အညီတွေ ဘာမှ မရခဲ့တာကြောင့် ပြည်သူ့တော်လှန်ရေးဘက်က ရပ်လိုတဲ့ EAOs တွေရဲ့ အထောက်အပံ့ကို အားကိုးခဲ့ရတာဖြစ်ပြီး တချို့လက်နက်တွေကိုတော့ မှောင်ခိုလမ်းကြောင်းက ဝယ်ခဲ့ရပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ ကိုယ့်ဘာသာ အိတ်စိုက်ပြီးတော်လှန်ရေးကိုလုပ်ရတာရှိသလို EAOs တွေနဲ့ အခြားနေရာတွေကနေ လက်နက်ဝယ်ယူဖို့ကို ပြည်သူက ထည့်တဲ့အလှု‌ငွေအပေါ်အားကိုးပြီး လုပ်ရတာဖြစ် ပါ တယ်။ ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ အလှု‌ငွေကောက်ခံရရှိလာတဲ့အခါမှာ တော်လှန်ရေးကာလတစ်ခုလုံးမှာ ဒေါ်လာ ၅၅ သန်းအထိ ရရှိလာခဲ့တယ်လို့ ဒီဆောင်းပါးအတွက် အင်တာဗျူးချိန်မှာ NUG ရဲ့ ကာကွယ်ရေး ဝန် ကြီး ဌာနက အရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။

အဲဒီလိုရရှိလာတဲ့ငွေတွေကို လက်နက်ဝယ်ယူဖို့ အများဆုံးအသုံးပြုခဲ့ရပါတယ်။ ဝယ်ယူရရှိတဲ့လက်နက်အရေ အတွက်ဟာ အားလုံးကိုတပ်ဆင်ပေးဖို့အတွက် မလုံလောက်ပေမယ့် မူလက ထင်မှတ်ထားတာထက် အများ ကြီး ကျော်လွန်ပြီးလုပ်နိုင်ခဲ့သလို တော်လှန်ရေးခါးဆက်မပြတ်သွားဖို့ ထိန်းထားနိုင်ခဲ့ပါတယ်။

EAOs တွေနဲ့ ဝေးပြီးလက်နက်မှောင်ခိုစျေးကွက်ရှိရာတရုတ်နယ်စပ်နဲ့လည်းလှမ်းတဲ့ အညာဒေသမှာဆိုရင်လက် နက်စျေးက ပိုပြီးကြီးမြင့်ပါတယ်။ ဒါက အညာက PDF, LDF နဲ့ ပကဖတွေကို ထင်သလောက်ခရီးမပေါက်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါကိုဖြေရှင်းဖို့ အညာဒေသတွေဟာ မိမိတို့ဘာသာ တိုက်နေရင်း လက်နက် ထုတ်လုပ်ကြရပြီး ဒါဟာ မြန်မာရဲ့ ခေတ်သစ်သမိုင်းမှာ မကြုံစဖူးတွေ့ရှိရတဲ့ အခြေအနေဖြစ်ပါတယ်။

စာရေးသူရဲ့ ၂၀၂၂ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နိုင်ငံလုံးမှာ လက်နက်ထုတ်တဲ့ အလုပ်ရုံပေါင်း ၇၀ ကျော် ရှိပြီး အခြေခံစစ်လက်နက်တွေကို ထုတ်လုပ်ကြရာမှာ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ လိုနေတဲ့လက်နက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

PDF တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က လက်နက်တပ်ဆင်ပြီးပြီးပေမယ့် တပ်တွေအားလုံးကိုပေါင်းလိုက်ရင် တစ် ဝက်လောက်ကိုပဲ လက်နက်တပ်ဆင်ပေးနိုင်တဲ့အခြေအနေရှိပြီး အများစုရှိတဲ့လက်နက်တွေကလည်း အရည် အ သွေးမကောင်းတဲ့ ဒေသထွက်လက်နက်တွေဖြစ်နေကြပါတယ်။ တပ်အများစုဟာ လက်နက်ကြီးတွေ၊ လေ ကြောင်း ခုခံရေးလက်နက်တွေနဲ့ တင့်ကားဖျက်ဒုံးကျည်တွေကို အနားမကပ်နိုင်သေးပါဘူး။

အထူးသဖြင့် လေကြောင်းကာကွယ်ရေးလက်နက်တွေလို ပိုပြီးထိရောက်တဲ့လက်နက်တွေကိုမရနိုင်ဘူးဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်တပ်ကို အကန့်အသတ်နဲ့ပဲ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကျေးလက်ပျောက် ကျားနည်းနဲ့ အောင်မြင်မှုအချို့ကိုရရှိခဲ့ပေမယ့် မြို့ပြမှာတော့ စစ်ကောင်စီရဲ့ လုံခြုံရေးအင်အားကို ပျောက်ကျား နည်း နဲ့ ယှဉ်ပြိုင်တိုက်နိုင်မဖို့ မလွယ်သေးပါဘူး။

စစ်တပ်ရဲ့ ကြည်းတပ်တွေဟာ PDFတွေရဲ့ မဆုတ်မနစ်တိုက်ခိုက်မှုနဲ့တွေ့ရင် အထိနာလေ့ရှိကြပေမယ့် လေ တပ်ကို စစ်တပ်ဘက်က သုံးလာရင်၊ တင့်ကားနဲ့ လက်နက်ကြီးတွေကို သုံးလာရင် ဒီမိုကရေစီအရေး လှုပ်ရှား တော်လှန်သူတွေဟာ ဆုတ်ခွာကြရပါတယ်။

ပြည်သူတို့ရဲ့ ပံ့ပိုးမှု

အင်တိုက်အားတိုက်ပါဝင်ကြတဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးအတွက် ထည့်ဝင်မှုဟာ တစ်ပြည်လုံးမှာ ခပ်ပါးပါး ချထားရတဲ့ စစ်ကောင်စီရဲ့ ကြည်းတပ်တွေနဲ့ ရင်ဆိုင်ဖို့အတွက် ခွန်အားတွေဖြစ်လာပါတယ်။ အခုချိန်ထိတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လျော့သွားတဲ့တပ်အင်အားကိုပြန်ဖြည့်ဖို့၊ တပ်အင်အားကိုဖြည့်တင်းဖို့အတွက် စစ် သားစုဆောင်းရာမှာ အခက်အခဲမရှိသေးပါဘူး။

စစ်တပ်ဘက်မှာတော့ တပ်ပြေးတွေ ရှိနေသလို စစ်သားသစ်စုဆောင်းဖို့လည်း ခက်ခဲလာပါတယ်။ ဒါပေမယ့် နိုင်ငံ တကာရဲ့ ထိထိရောက်ရောက်အားပေးမှုကို မြန်မာဒီမိုကရေစီဘက်တော်သားတွေမရနိုင်ဘူးဆိုရင်တော့ တော် လှန်ရေးဟာ ပြည်တွင်းအင်အားကိုပဲ လုံးလုံးမှီစရာရှိတာမို့ ကြာရှည်ပြည်သူ့တွေရဲ့ ထောက်ပံ့နိုင်စွမ်းကို ထိန်းထားဖို့ ခက်လာနိုင်ပါတယ်။

အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေကိုထောက်ပံ့တဲ့ ရွာတွေကိုမီးရှို့ပစ်တာ၊ ထောက်ပို့ပေးတဲ့သူတွေကို သတ်ပြတာတွေအစရှိတဲ့ တော်လှန်ရေးကိုအားပြတ်‌ဖို့ ဆောင်ရွက်တဲ့နည်းတွေနဲ့ စစ်တပ်ဟာ ပြည်သူနဲ့ တော် လှန်ရေးတပ်ဖွဲ့တွေကြားကို နည်းမျိုးစုံနဲ့ သပ်သျှိုလာတာတွေလည်းရှိနိုင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ရှေ့ရေး

စစ်တပ်ဘက်က အကျအဆုံးများတာတွေဟာ စစ်သားတွေကို စိတ်ဓာတ်ကျဆင်းစေသလို အထိနာလာအောင် လည်း လုပ်နိုင်ကြောင်း PDF, LDF နဲ့ ပကဖတွေရဲ့ တိုက်ခိုက်မှုက ပြသခဲ့ပါတယ်။ အကျိုးဆက်ကတော့ စစ်တပ် ဟာ တော်တော်ကျယ်ဝန်းတဲ့နယ်မြေပမာဏတွေကို သူ့ထိန်းချုပ်မှုအောက်မှာ မထားနိုင်တော့ပါဘူး။

အထူးသဖြင့် ကျေးလက်ဘက်မှာ စစ်တပ်က မထိန်းနိုင်တဲ့နယ်ပိုများလာပါတယ်။ ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့ တွေဟာ ဖွဲ့စည်းပုံဘက်မှာ အားနည်းချက်ရှိတာတွေကို ပြင်ဆင်ဖို့ တိုးတက်ပြောင်းလဲလာနေကြသလိုလက်နက် ပိုမို တပ်ဆင်နိုင်ဖို့လည်း အခြေအနေ ပိုကောင်းလာပါတယ်။

မော်စီတုန်းက တစ်ချိန်ကပြောခဲ့သလိုပဲ “တော်လှန်ရေးပျောက်ကျားတပ်တစ်ခုဟာ အစောပိုင်းအခက်အခဲတွေ ကို အောင်မြင်စွာကျော်လွှားနိုင်ပြီးတိုင်းပြည်လူဦးရေရဲ့ ၁၅-၂၅ ရာခိုင်နှုန်းလောက်ရဲ့ ထောက်ခံအားပေးကူ ညီမှု ကို ရနိုင်တယ်ဆိုရင် သူ့ကို ဖြိုချဖျက်စီးနိုင်ဖို့ မျှော်လင့်လို့ရစရာသိပ်မရှိတော့ဘူး” ဆိုတာပါ။

အင်မတန်ဆိုးရွားလှတဲ့ ဖြိုခွင်းဖိနှိပ်မှုတွေကိုကြုံနေကြပေမယ့် မြန်မာ့တော်လှန်ရေးပျောက်ကျားလှုပ်ရှားမှုဟာ ပထမအဆင့်ကို အောင်မြင်ခဲ့သလို ပြည်သူ့ထောက်ခံမှုကိုလည်း တည်ဆောက်ယူနိုင်ခဲ့ပါတယ်။ နည်းဗျူဟာတီ ထွင်မှုတွေနဲ့ တော်လှန်ရေးတပ်တွေဟာ တပ်ဖြစ်လာရုံ မည်ကာမတ္တကနေပြီးတော့ မဟာဗျူဟာမြောက်အခင်း အကျင်းဆီကို သွားနေပါပြီ။

စစ်တပ်ဟာ သူသာလျှင် ဒီတိုင်းပြည်ကို တည်ငြိမ်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်တယ် ဆိုတဲ့ အဆိုနဲ့ တရုတ်အပါအဝင် ဒေသတွင်း နိုင်ငံတွေဆီက အားတွေကိုရယူနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လ တွေထဲမှာ အခြေအနေကိုကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ အဆိုပါ ယုံချင်စရာမကောင်းတော့ဘဲ နိုင်ငံရဲ့ နေရာအ နှံ့ အပြားမှာ နယ်မြေတွေကို မထိန်းထားနိုင်ပါဘူး။

စစ်တပ်ကိုယ်တိုင်ကပဲ တိုင်းပြည်နဲ့ ဒေသတွင်း မတည်ငြိမ်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်ဆိုတာကို ပြသနေခဲ့ပါတယ်။ စစ်တပ်ကပစ်လိုက်တဲ့လက်နက်တွေဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှိကိုပါရောက်ခဲ့တဲ့အပြင်ဘာ သာရေးအဓိကရုဏ်းတွေပေါ်လာဖို့ကို တက်တက်ကြွကြွ မြှောက် ပေးနေတာက ထိတ်လန့်စရာပါ။

တစ်ချိန်တည်းမှာ လူတွေ ကြောက်စိတ်ဝင်လာအောင် ရက်စက်ပြနေပြီး ဒုက္ခသည်ပေါင်းများစွာကို လအနည်း ငယ်အတွင်းထွက်ပေါ်လာစေခဲ့တယ်။ စစ်ခေါင်းဆောင်တွေဟာ သြဂုတ်လမှာကျင်းပဖို့လျာထားတဲ့ ရွေးကောက် ပွဲမတိုင်ခင် နယ်မြေတည်ငြိမ်မှုအတိုင်းအတာတစ်ခုထိရ အောင် အသည်းအသန်ကြိုးစားနေတာကြောင့် ဒီအ တောအတွင်းမှာ အခုချိန်ထိလျော့မသွားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပိုပြီးစုစည်းမိလာတဲ့အား၊ ပိုပြီး ကြွယ်ဝလာတဲ့ ပရိယာယ်ကို ရင်ဆိုင်ကြရပါလိမ့်မယ်။ khit thit

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */