" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 31, 2022

ထွက်ပြေးဖို့ကြိုးစားတဲ့ရိုဟင်ဂျာ ၆၀ကျော် ကဒုံးလေးကျွန်း မှာ ဖမ်းဆီးခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၂၀၂၂-၁၀-၃၁

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲက ကဒုံကနိကျေးရွာအပိုင်ထဲရှိ ကဒုံးလေးကျွန်းအနီးမှာ မနေ့အောက်တို ဘာ ၃၀ ရက် ညနေပိုင်းက ရိုဟင်ဂျာ ၆၀ကျော်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အမျိုးသား ၅၀ ကျော်နဲ့ အမျိုးသမီး၆ယောက်ပါတဲ့ သူတို့စီးလာတဲ့ လှေဝမ်းဗိုက်ပေါက်ပြီး သောင်တင်ခဲ့ချိန်မှာ ငါးဖမ်းသမားတွေကမြင်ခဲ့တာလို့ ကဒုံကနိကျေးရွာသားတစ်ဦးကပြောပါတယ်။ 

 '' သူတို့ ‌စီးလာတဲ့လှေက လှိုင်းဂယက်နဲ့ဆိုတော့ သောင်ပေါ်တင်ကွဲတာပေါ့ ။ နောက်ကလှိုင်းဂယက်ရိုက်တာပေါ့၊ အဲဒါနဲ့ ရေတပ်အာဏာပိုင်တွေကလာခေါ်သွားတယ်'' လို့ ကဒုံကနိကျေးရွာ သား တစ်ဦးကပြောပြပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးကတော့ အဲဒီ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားကိုသွားဖို့ကြိုးစားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရိုဟင်ဂျာတွေကို ကဒုံကနိကျေးရွာကနေ ဘိုကလေးမြို့ပေါ် ကိုခေါ်ဆောင်သွားပြီး နယ်ကျော်သွားလာမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ အရေးယူဖို့ရှိတယ်လို့ အုပ်ချုပ်ရေးဘက်က သိရပါတယ်။

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းကတည်းက ရခိုင်ပြည်နယ်ကနေ ထွက်ပြေးဖို့ကြိုစားတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးမိ ပြီး ထောင်ဒဏ်ချမှတ်ခံရတာ အခု အောက်တိုဘာလအထိဆိုရင် လူဦးရေ‌ထောင်ကျော်ရှိနေပြီး ထွက်ပြေးဖို့ကြိုး စားရင်းသေဆုံးရသူကတော့ ၈၀ နဲ့ ၁၀၀ကြားရှိတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး ကပြောပါတယ်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ နိုင်ငံတွင်းမှာ လူ့အခွင့်အရေးတွေချိုးဖောက်ခံရလို့ နေထိုင်ဖို့ခက်တဲ့ ‌အ ခြေအနေ၊ လူကုန်ကူးဖို့ကြိုးစားတဲ့ငွေကြေးလိမ်လည်တဲ့ပွဲစားတွေရဲ့ မက်လုံးတွေကို ယုံကြည်ကြတာတွေနဲ့ သူ တို့ရဲ့ ဆွေမျိုးတွေရဲ့ ခေါ်ဆိုမှုတွေကြောင့် အခုလို ထွက်ပြေးဖို့ကြိုးစားရင်း ဖမ်းမိတာနဲ့ သေဆုံးတာ‌တွေဖြစ်ရ တယ် လို့ သုံးသပ်ထားကြပါတယ်။ 

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */