" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 5, 2022

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက် နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၁ ဦးသေဆုံး ၊ အသက် ၅ နှစ် အရွယ်ကလေးငယ်နှင့်အမျိုးသမီးဒဏ်ရာရ

မဇ္စျိမ
05 November 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ကင်းမနုကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ် စကစ(၁၅)မှ ပစ်ခတ်ခဲ့သည့် လက် နက်ကြီးကျည်သည် သရက်ကင်း မနုကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဦးအဘူနော်ဆဲဆိုသူ သေဆုံး ခဲ့ပြီး အသက် ၃၅ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ငါးနှစ်အရွယ် ကလေး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

 “ဒီနေ့ နေ့လယ်လောက်က ရွာထဲကို လက်နက်ကြီးကျည်ကျတာပါ။ အမျိုးသား တစ်ဦး သေသွားတယ်။ နောက် ထပ် ငါးနှစ်အရွယ်ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရတယ်” ဟု သရက်ကင်းမနုရွာဒေသခံ တစ် ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ဦးအဘူနော်ဆဲ မှာ မူဆလင် အမျိုးသားတစ်ဦးဖြစ် ပြီး ရုပ်အလောင်းကို ယနေ့တွင်ပင် သင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */