" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 11, 2022

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ဩစတြေးလျက ဒေါ်လာ ၁၃၅ သန်းပေးမည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-11-10
ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြား ထွက်ပြေးနေရသည့် ဒေသခံမိသားစုတစ်စု။Photo: AFP

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီငွေ အမေရိကန်ဒေါ်လာ ၁၃၅ သန်းပေးမယ်လို့ ဩစတြေးလျအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်တွင်းက ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာ ရေးတွေအတွက် အသုံးပြုမယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အကူအညီလိုတဲ့သူဦးရေဟာ အရင်က တစ်သန်းပဲရှိပေမယ့် အခုအာဏာသိမ်းပြီးနောက် ၁၄ သန်းခွဲလောက်အထိ တိုးလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။

မြန်မာပြည်အတွက် အကူအညီငွေတွေကို အာဏာသိမ်းစစ်တပ်ဆီကနေ ပေးမှာမဟုတ်ဘဲ ကုလသမဂ္ဂ၊ နိုင်ငံတ ကာ ကြက်ခြေနီအသင်းနဲ့ အရပ်ဘက်အဖွဲ့တွေဆီကနေ ပေးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ကိုးသိန်းကျော်ဟာလည်း လူသားချင်းစာနာမှု အကူအညီတွေ လိုနေသလို၊ လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */