" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 5, 2022

မလေးရှားကို လှေစီးထွက်လာတဲ့ ရိုဟင်ဂျာ အယောက် ၈ဝကျော် အဖမ်းခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.11.05 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ ဂေါ့ကမ်းခြေအနီးမှာ ဩဂုတ်လ ၁၉ ရက်က ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဖမ်းဆီးခံရစဉ်။ Photo: Aung Kyaw Moe

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ လှေစီးထွက်လာတဲ့ ရိုဟင်ဂျာအယောက် ၈ဝ ကျော် မနေ့ က ဖမ်းဆီးခံလိုက်ရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကို သွားဖို့ထွက်လာရင်း မွန်ပြည်နယ် သံဖြူဇရပ်အရောက်မှာ အဖမ်းခံရတာလို့ ဆိုပါတယ်။ 

 မလေးရှားနိုင်ငံကို ပို့ပေးမယ်ဆိုပြီး ခေါ်လာတဲ့ ပွဲစားက လှေတစ်စီးနဲ့ သူတို့တွေကို ချန်ထားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ 

အဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါပါတယ်။ သူတို့ကို ဘယ်လိုအရေးယူထားလဲဆိုတာတော့ မသိရသေးပါဘူး။ အရင်ကဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူပြီး ထောင် ဒဏ် ၂ နှစ် ချမှတ်လေ့ရှိပါတယ်။

ရိုဟင်ဂျာတွေဟာ နိုင်ငံတွင်း လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်မရတာကြောင့် မကြာခဏ ဖမ်းဆီးခံနေရ တာပါ။

စစ်အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာတွေ ဖမ်းဆီးခံရတာ ပိုဆိုးလာပြီး၊ အာဏာသိမ်းပြီးနောက် လူဝင်မှုကြီးကြပ် ရေး အက်ဥပဒေနဲ့ ထောင်ချခံရတာ အခုဆိုရင် ၁၂ဝဝ နီးပါးရှိနေပြီလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့  လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက RFA ကိုပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်ကျူးလွန်နေဆဲ ဖြစ်သလို ရိုဟင်ဂျာတွေ အပေါ်မှာရော၊ တခြားတိုင်းရင်းသားတွေ အပေါ်မှာပါ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက တာဝန်ခံရလိမ့်မယ်လို့  ဦးအောင်ကျော်မိုးက ပြောပါတယ်။

Link : Here

1 comment:

  1. In 1952, Richard Kegg, in collaboration with MIT, developed the first CNC milling machine. In 1958, he filed a patent for a “Motor Controlled Apparatus for Positioning Machine Tool”. The Gcode language was developed to create packages for the machines and was standardized within the kind we all know today within the 1960’s. Since then, CNC is constantly evolving, moving from punch tapes to dedicated digital controllers and is the previous 20 high precision machining years into private computers. The growing demand from numerous computer numerical control machines, such as electrical tools, consumer items, and electronics manufacturing, is likely to to|prone to} propel market growth. The rising demand for electricity technology, distribution, and transmission machinery within the nation results in the growth of the electrical machinery industry evaluation.

    ReplyDelete

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */