" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Sunday, September 25, 2022

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) စက်တင်ဘာလ၊ ၂၀၂၂

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါ သည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
25.09.2022
VOA
VOA

25.09.2022
BBC
BBC

25.09.2022
RFA
RFA

Saturday, September 24, 2022

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) စက်တင် ဘာလ ၊၂၀၂၂

၂၀၂၂ ခုစက်တင်ဘာလ၊မြန်မာ့အလင်း သတင်းစာ

25.09.2022

မင်းလှမြို့နယ်တွင် ရိုဟင်ဂျာ(၄)ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရ

The Arakan Express News
စက်တင်ဘာ ၂၄ ၊ AEN
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့က ခရီးသွား ရိုဟင်ဂျာ အမျိုးသား (၄)ဦး ဖမ်းဆီးခံရပြီး၊ လဝက ဥပဒေအရ ပြစ်မှုထင်ရှားသည် ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခံရကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေထိုင်ကြသည့် ဘော်ရှော်၊ ကဟူရာမက်၊ ပါညာနှင့် နာစင်းတို့ (၄)ဦးသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ဖို့ ရခိုင်ပြည်နယ်မှ ပွဲစားများ၏ အစီအစဉ်ဖြင့် အဆင့်ဆင့် ရေလမ်း၊ ကုန်လမ်းနှင့် ထွက်ခွာလာရာ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးတိုက်နယ်၊ ပရဆိုင်ကျေးရွာ၏ အနောက်ဘက်တောစပ်တွင် တည်းခိုနေစဉ် လူကုန်ကူးပွဲစားအဖွဲ့က ၎င်းတို့အား စွန့်ပစ်သွားခဲ့ကြောင်း၊ တောအတွင်း နေထိုင်နေစဉ် မင်းလှရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲအရင်းအမြစ်များထံက သိရှိရသည်။
 

ဘီးလင်းမှာ KNU/KNLA(PC) အဖွဲ့ တင်လာတဲ့ ရိုဟင်ဂျာ ၃၆ ဦး အဖမ်းခံရ

Than Lwin Times
ဘီးလင်း၊ စက်တင်ဘာ (၂၄)
 
KNU/KNLA(PC) တပ်ဖွဲ့ဝင်တွေက တင်ဆောင်လာတဲ့ ရိုဟင်ဂျာလူမျိုး ၃၆ ဦးကို မွန်ပြည်နယ် ဘီးလင်းမြို့နယ် ည၁၀နာရီခန့်မှာ ရွှေသံလွင် (တိုးဂိတ်ဟောင်း) ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၂ ရက် ည ၁၀ ခန့်က ဖမ်းမိခဲ့တယ်လို့ အမည်မဖေါ်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုကနေ ဘီးလင်းမြို့နယ်ဘက်ကို အိမ်စီးကား ၃ စီးနဲ့ တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဖမ်းမိသူတွေထဲမှာ အမျိုးသား ၂၂ ဦး အမျိုးသမီး ၁၄ ဦးတို့ ပါဝင်တယ်လို့ဆိုပါတယ်။

ယနေ့သတင်း (အမြန်ရှာရန်) 2022 စက်တင်ဘာလ

 ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )  

(24.09.2022 ) စနေနေ့ သတင်းများ 

BBC သတင်းများ

တန့်ဆည်မြို့နယ်ကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ရပ်ရွာလုံခြုံရေး၁၂ ဦးကျဆုံးပြီး ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာပြေးနေရ 

ပေါက်မြို့နယ်အတွင်းက ကျေးရွာနေအိမ်တွေ လက်နက်ကြီးနဲ့အပစ်ခံရ ၊ နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေသခံထောင်ချီဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ 

ခင်ဦးမြို့နယ်မှာ ရက်ပိုင်းအတွင်း နေအိမ် ၆၀ ခန့် မီးရှို့ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အပါအဝင် ရွာသား ၄ ဦးအသတ်ခံရ 

လေဆိပ်ထဲငါးရက်ကြာ ဆက်ရှိနေတဲ့ အလှမယ်ဟန်လေး 

ရန်ကုန်သမိုင်းလမ်းဆုံပေါက်ကွဲမှုမှာ ထိခိုက်မိတဲ့ပြည်သူ၂ ဦးရှိခဲ့တဲ့အပေါ် မြို့ပြပြောက်ကျားအဖွဲ့ တောင်းပန် 

အလှမယ်ဟန်လေးဟာ အင်တာပိုလ်အလိုရှိစာရင်းထဲမှာမပါဝင်ကြောင်း အင်တာပိုလ် ပြောကြား 

ရွှေကူ၊ မိုးစစ်ရွာမှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်ကို သင်္ဂြိုဟ်ပြီးစီး 

သမိုင်းလမ်းဆုံက စစ်ကောင်စီအသစ်ဆောက်ထားတဲ့ နှစ်ထပ်ဘန်ကာစခန်း တိုက်ခိုက်ခံရပြန် 

နိုင်ငံရေးပါတီအသစ်တွေ မှတ်ပုံတင်လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ပြော 

အလှမယ်ဟန်လေးဖမ်းဆီးခံရမှု- အင်တာပိုလ်က ဖမ်းနိုင်သူတွေနဲ့ မဖမ်းနိုင်သူတွေ 

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ဘယ်လိုလူတွေကိုဖမ်းနိုင်လဲ 

ဟန်လေးက အင်တာပိုလ် အလိုရှိသူတွေထဲမှာ ပါလား 

အင်တာပိုလ်က ဘာတွေလိုက်နာဖို့လိုလဲ 

ဟန်လေးရဲ့ နောက်ဆုံးအခြေအနေ 

ပြည်ပမှာခိုလှုံနေတဲ့ မြန်မာတွေ ဘယ်လို သက်ရောက်မှု ရှိမလဲ 

အရန်တပ်တွေ အသင့်ပြင်ခိုင်းလို့ ရုရှားမှာ ထွက်ပြေးသူတွေ များလာ၊ သတ်မှတ်ချက်တချို့ပြန်လျှော့ပေးရ 

စစ်တပ်နဲ့ နီးစပ်တဲ့ မြန်မာလုပ်ငန်းရှင်ကို ဖမ်းမိမှု ထိုင်းရဲ အချက်အလက်အသစ်တွေ ထုတ်ပြော 

ဖမ်းဆီးထားသူတွေကို ဘန်ကောက်အကျဥ်းထောင်တွေမှာထား 

စွပ်စွဲမှုတွေကို ထိုင်းအမတ်ငြင်းဆို 

ကင်ဆာဆဲလ်ကို သတ်ပစ်တဲ့ ဗိုင်းရပ်စ်နဲ့ စမ်းသပ်ကုသမှု ‌အောင်မြင်တာတွေ့ရ

VOA သတင်းများ

တိုင်ဝမ်အရေးတင်းမာမှု ကန်-တရုတ် ဝန်ကြီးချင်းဆွေးနွေး 

လူ့အခွင့်အရေး လေးစားဖို့ ကုလအကြီးအကဲ အီရန်သမ္မတကို တိုက်တွန်း 

မြန်မာနိုင်ငံတွင်း ဗီဇပြောင်း ကိုဗစ်ပိုးကူးစက်မှု ပညာရှင်တွေ သတိပေး 

နိုင်ငံ့အကြီးအကဲ ၂၀၀ တက်ရောက်တဲ့ ကုလညီလာခံရဲ့ လုံခြုံရေး 

လူပေါင်း ၂ဝဝဝ ကျော် နေရာစရာမဲ့ဖြစ်စေတဲ့ ပုသိမ်လုြံခုံရေးတိုးမြှင့်မှု 

ဗဟိုဘဏ်အကြီးအကဲတွေ အပြောင်းအလဲ က ဘာတွေ မျှော်လင့်နိုင်လဲ 

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အမေရိကန် ထောက်ခံမှာမဟုတ် 

မောင်တောမြောက်ပိုင်း တိုက်ပွဲ ပြင်းထန်၊ ဒေသခံတချို့ ထွက်ပြေးနေရ 

ယူကရိန်းအရှေ့ပိုင်း ရုရှား လူထုဆန္ဒခံယူပွဲ အနောက်နိုင်ငံတွေ ရှုတ်ချ 

လက်ယက်ကုန်း စာသင်ကျောင်းတိုက်ခိုက်မှု ကိုရီးယားဘုန်းတော်ကြီးတွေ ရှုတ်ချ

RFA သတင်းမျာ

 ခင်ဦးမြို့နယ် အင်းပတ်ရွာကို စစ်ကောင်စီတပ် တတိယအကြိမ်မီးထပ်ရှို့ 

လက်ပံတောင်းတောင်တစ်ဝိုက် ပြာပုံကြားက ဒေသခံတွေရဲ့ဆန္ဒ 

မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂကတစ်ဆင့် တိုးပြီးဖိအားပေးဖို့ အမေရိကန် ကြိုးစားနေ 

မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် သုံးသန်းနီးပါးအထိ ရှိလာ 

ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာ မီးရှို့ဖျက်ဆီးခံရ 

မြန်မာကို ဘာကြောင့် ယူကရိန်းလို မကူညီသလဲလို့ အရှေ့တီမောသမ္မတ မေးခွန်းထုတ် 

UAE မှာ အလုပ်သွားလုပ်တဲ့ မြန်မာမိန်းကလေးတွေ နှိပ်စက်ညှဉ်းပန်းခံနေရ 

မြန်မာရဲတွေရှာနေတဲ့ အလှမယ်ဟန်လေး ကုလစောင့်ရှောက်မှုအောက်မှာ ရှိနေ 

ရန်ကုန် သမိုင်းလမ်းဆုံ စစ်ကောင်စီလုံခြုံရေးကင်းအနီး ပေါက်ကွဲမှု ပြည်သူလေးဦး ဒဏ်ရာရ 

ကျောက်ဖြူမှာ ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံရ 

တန့်ဆည်မြို့နယ်မှာ ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေးနေရ 

မိုးဗြဲမှာ လူ ၈၀ ကျော်ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံတွေပြော 

NUG နဲ့ မဆွေးနွေးဖို့ အာဆီယံကို စစ်ကောင်စီပြော 

မြန်မာစစ်တပ်ရဲ့ငွေဝင်ပေါက်တွေ ဝိုင်းဝန်းပိတ်ဆို့ဖို့ ကုလလူ့အခွင့်အရေးကောင်စီတိုက်တွန်း 

အာဏာသိမ်း ၁၉ လကျော် အကြာမှာ သတင်းလွတ်လပ်ခွင့် ပိုဆိုးလာ 

မြန်မာ့အရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကိုယ်စားလှယ်တွေ ဆွေးနွေး 

မင်းပြားမြို့နယ်မှာ ဒေသခံတစ်ဦး မိုင်းနင်းမိလို့ သေဆုံး 

“လက်ယက်ကုန်းရွာစာသင်ကျောင်းက ကလေးတွေ ပစ်ခတ်သတ်ဖြတ်ခံရမှု” 

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ပြန်လွတ်လာ 

ကျောက်ကြီးမြို့နယ်မှာ အရပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး 

ရွှေကူမြို့နယ် မိုးစစ်ရွာမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ 

Narinjara သတင်းမျာ

 ကျောက်တော်က ပို့ဆောင်သည့် စစ်တပ်ရိက္ခာကား ၂စီးကို အေအေလမ်းကဖြတ်တောက်သိမ်းယူ 

ကျောက်တော်တွင် အရပ်သားနေအိမ်များကို စစ်ကောင်စီတပ်က ညဉ့်အချိန်ဝင်ရောက်ပစ်ခတ်၊ နေအိမ်၃လုံး နှင့်တည်းခိုခန်းတစ်ခုတို့ထိခိုက်မှုရှိ 

ကျောက်တော်ရှိ သိန်းဆန်းတည်းခိုခန်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် တည်းခိုခန်းပျက်စီး ပြီး တည်းခိုနေသူတစ်ဦး ဒဏ်ရာရ 

ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာကို စစ်ကောင်စီတပ်က မီးရှို့ 

ကျောက်ဖြူတွင် စစ်သား ၁ဦး ဓားဖြင့်ထိုးသတ်ခံရ၍ ပွဲချင်းပြီးသေဆုံး 

စစ်ကောင်စီက ရခိုင်ကလူမှုရေးလှုပ်ရှားတက်ကြွသူများကို အမည်စာရင်းနှင့်တကွလိုက်ဖမ်းနေ၍ တိမ်းရှောင် နေရ

 DMG သတင်းများ

ရခိုင်တွင် ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေး ဆောင်ရွက်မည် 

မင်းပြား နရမ်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်က ရွာသားနှစ်ဦးကို ဖမ်းဆီးထား 

ရမ်းဗြဲဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး 

ရခိုင်တွင် COVID-19 မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံထားရသူ ၃ ဦးတွေ့ရှိခဲ့ 

DVB သတင်းမျာ

 မတူပီမြို့နယ်တိုက်ပွဲ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ 

ထီးလင်းမြို့နယ် ကန်သာရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၁ လုံးဆုံးရှုံး 

ပုလော၌ မူးယစ်ဆေးနှင့် စစ်ကောင်စီထုတ်ကုန်မဝင်ရောက်နိုင်ရေး KPDF စစ်ဆေးမည် 

လက်ယက်ကုန်းစာသင်ကျောင်း အကြမ်းဖက်တိုက်ခိုက်မှုအပေါ် သြစတြေးလျရောက်မြန်မာများ ကန့်ကွက် ရှုတ်ချ ဆန္ဒပြ (ဓာတ်ပုံ) 

စစ်တွေ၊ မေယုလမ်းရှိ အား/ကာပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက ဖြိုဖျက်ခိုင်းသဖြင့် ဆိုင်ရှင်များ ထိခိုက် နစ်နာ 

မော်လူးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး စစ်ဆေးမခံဘဲ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး 

တမူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို PDF တပ်က ကြားဖြတ်တိုက်ခိုက် 

ကျောက်တော်တပ်ရင်းတခုမှ စစ်ကောင်စီတပ်သား ၃၈ ဦး ရက္ခိုင်တပ်တော်ထံ အလင်းဝင် 

ကျောက်ဖြူတွင် စျေးလာဝယ်သည့် စစ်သားတဦး ဓားထိုးအသတ်ခံရ 

ဖားကန့်တွင် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာရ 

အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ၏ ဖခင်ကို စစ်ကောင်စီက ဖမ်းဆီး 

မောင်တောမြောက်ပိုင်း ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် 

ကျောက်တော်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျပြီး အရပ်သား ၁ ဦး ဒဏ်ရာရ 

မြိုင်မြို့နယ်တွင် MVRF တော်လှန်ရေးတပ်ဖွဲ့ ၁ နှစ်ပြည့်အထိမ်းအမှတ် ကျွန်းပင် ၃,၅၀၀ စိုက်ပျိုး 

မူဆယ်၌ ကားလုယက် အဓမ္မကျင့်လူသတ်ခဲ့သည့် အမျိုးသား ၄ ဦးကို သေဒဏ်နှင့် ထောင်ဒဏ်ချ 

ထီးချိုင့်မြို့နယ်၌ စစ်ကောင်စီဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရ 

တရက်တည်း ကိုဗစ်-၁၉ ကူးစက်လူနာသစ်အယောက် ၃၀၀ ကျော်၊ ၁ ဦးထပ်မံသေဆုံး 

အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည် သူ ၂၃၁၆ ဦးထိ ရှိလာ 

မက္ကဆီကိုတွင် ၈ နှစ်ကြာပျောက်ဆုံးကျောင်းသားများ၏ မိဘများ ဆန္ဒပြ 

အိုဒက်ဆာ၌ ကာမီကာဇီ ဒရုန်းကြောင့် အရပ်သား ၁ ဦး သေဆုံး 

ယူကရိန်းအကျပ်အတည်းအဆုံးသတ်ရေး ကူညီရန် တရုတ်ကို သြစတြေးလျ တောင်းဆို 

နိုင်ငံတကာ၏ လျစ်လျူ ရှုမှု မြန်မာနိုငံသားများ ခံစားနေရဟု တီမော သမ္မတပြော 

လက်ဘနွန် လှေစီးဒုက္ခသည် ၆၀ ကျော်၏ အလောင်းများတွေ့ရှိ 

ရုရှားကျင်းပမည့် ဆန္ဒခံယူပွဲကို ယူကရိန်းစစ်ရှောင်ပြည်သူများ ပြစ်တင်ရှုတ်ချ 

ယူကရိန်းကျူးကျော်စစ်ပွဲ မှန်ကန်ကြောင်း အကြောင်းပြရန် ရုရှားက လူထုဆန္ဒခံယူပွဲကျင်းပ 

သြစတြေးလျ တယ်လီကွန်းကုမ္ပဏီ၏ သုံးစွဲသူ ၁၀ သန်းနီးပါး အချက်အလက်များ ခိုးယူခံရ 

Mizzima သတင်းများ

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ် ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ အထိအခိုက် မသိရသေး 

လွှတ်တော်ကိုယ်စားလှယ် တင်သည့်ပို့စ်ကို Like & Share ပြုလုပ်သည့်ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ 

မတူပီမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦး သေဆုံး ဟုဆို 

“အကြမ်းမဖက်ဆန့်ကျင်ခြင်း မပူးပေါင်းခြင်းတို့၏ မောင်းနှင်ချက်များ”စာတမ်းကို အွန်လိုင်းစနစ်ဖြင့် ထုတ်ဝေ ဖြန့်ချိ 

UNHCR ၏ ကူညီစောင့်ရှောက်မှုအောက်တွင်သာ ဆက်လက်လှုပ်ရှားသွားမည်ဟု အလှမယ် ဟန်လေး ပြော ကြား 

ဘူးသိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး 

အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ၏ ဖခင်ဖြစ်သူအား စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး 

တရုတ်သို့ ချစ်ပ်ပြားနှင့်ကိရိယာတင်ပို့မှု ကန့်သတ်ချက်များကို အမေရိကန်အစိုးရက တိုးမြှင့်လုပ်ဆောင် 

ရုရှထံမှ ပြန်လည်သိမ်းပိုက်နိုင်သည့် အရှေ့ပိုင်း မြို့တွင် ရုပ်အလောင်းပေါင်း ၄၀၀ ကျော် တူးဖော်တွေ့ရှိ 

Myanmar Now သတင်းများ

ရခိုင်၊ မောင်တောနယ်စပ်ကုန်သွယ်မှု ရပ်လုနီးနီးဖြစ်နေ 

မြောင်တွင် အင်အားရာဂဏန်းရှိ စစ်ကြောင်းဝင်၊ ရွာသားတစ်ဦး သတ်ဖြတ်ခံရ 

ပခုက္ကူတွင် စစ်ကြောင်းထိုးရင်း စစ်တပ်က ရွာနှစ်ရွာကို မီးရှို့ 

တောင်သာတွင် ရိုင်ဖယ်ဆောင်ထားသည့် အုပ်ကြီး ပစ်သတ်ခံရ 

ဧရာဝတီ သတင်းများ

အော်ဒါမရသဖြင့် ရန်ကုန်က အထည်ချုပ်စက်ရုံတချို့ ရပ်နား 

ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပအိုဝ်းတော်လှန်ရေးခရီး နှစ် ၅၀ 

အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း 

ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို 

ရှမ်းမြောက်တွင် SSPP နှင့် စစ်ကောင်စီ၊ RCSS တို့တိုက်ပွဲဖြစ် 

ပျက်နေတဲ့ တပ်ထဲ မည်သူမျှ မဝင်လိုတော့ 

အလှမယ် ဟန်လေးအား ကယ်ထုတ်နိုင်ရေး UNHCR ဆောင်ရွက်နေဟုဆို 

ရွှေဈေးမငြိမ်မှုကြောင့် မန္တလေးက ရွှေဆိုင်းလုပ်ငန်းများ ရပ်ထားရ      

Friday, September 23, 2022

ယူကရိန်းလို မြန်မာနိုင်ငံကို ဘာကြောင့် မကူညီတာလဲလို့ ကုလသမဂ္ဂမှာ အရှေ့တီမော သမ္မတက မေးခွန်းထုတ်ခဲ့ပါတယ်။

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022-09-23
 အရှေ့တီမော သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ (José Ramos Horta) က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကနေ့ မေးခွန်းထုတ်ခဲ့ပါတယ်။

“မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သစ္စာဖောက်မှုကို ခံစားရပြီး ယူကရိန်းနိုင်ငံကို ခေတ်မီ စစ်လက်နက်ပစ္စည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အကူအညီကို မြန်မာနိုင်ငံက မေးခွန်းထုတ်နေပါတယ်။ ဒါပေမယ့် ဗမာပြည်သားတွေက ဆက်ပြီး တိုက်ပွဲတွေ ဆက်ပြီး သေ ဆုံးနေကြရတယ်။

ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သောသတင်းစကားပေးပို့

နိရဉ္စရာ
စက်တင်ဘာ ၂၂/၂၀၂၂

ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သော သတင်းစကားပေးပို့ ခဲ့သည်ဟု Dhaka Tribune တွင် ‘Bangladesh Army sent strong message to Myanmar’ခေါင်းစဉ်ဖြင့် ယနေ့ သတင်းဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed က ဘင်္ဂလားဒေ့ရှ်အနေဖြင့် နယ်စပ်တစ် လျှောက် အခြေအနေကို စောင့်ကြည့်နေပြီး ငြိမ်းချမ်းမှုရရှိစေရန် နှစ်နိုင်ငံကြား ဆက်သွယ် ဆောင်ရွက်နေကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြသည်။

“ ကျွန်တော်တို့ မြန်မာနဲ့ ဆက်သွယ်ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေကို သတိထားဆောင်ရွက်နေပါတယ်” ဟု ဘင်္ဂလာစစ်ဦးစီးချုပ်က ဗုဒ္ဒဟူးနေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။ သူက ထပ်လောင်းပြီး “ ကျွန်တော်တို့ လိုအပ်တဲ့ အချိန်မှာ တုံ့ပြန်ဖို့ အဆင်သင့်ရှိပါတယ်” ဟုလည်း ပြောဆိုသည်။

ရိုဟင်ဂျာအရေး ကုလသမဂ္ဂမှာ ဆက်ရှိနေဦးမယ်လို့ ဂမ်ဘီ ယာက ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022-09-22
ဂမ်ဘီယာသမ္မတ Adama Barrow သည် စက်တင်ဘာ ၂၂ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားစဉ်။ဓာတ်ပုံ- A

ဂမ်ဘီယာသမ္မတ Adama Barrow က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအ တွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းသည် ဂမ်ဘီယာအတွက် ဆိုးရွားသည့် ပြဿနာတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရအနေနဲ့ လိုက်နာဖို့ လိုအပ်တယ်လို့ သမ္မတ Adama Barrow က ပြောပါတယ်။

ရိုဟင်ဂျာတွေကို နည်းအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာကို ရပ်တန့်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်

ဧရာဝတီ 
22 September 2022
AA ရဲဘော်တဦး / ဧရာဝတီ

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်တလျှောက် စစ်ကောင်စီ တပ်စခန်းကုန်းများကို ရက္ခိုင့်တပ်တော် (AA) က အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) နှင့် စစ်ရေးအရ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း စစ်ကောင်စီ၏ စွပ်စွဲ ချက်မှာ ဝါဒဖြန့်ချိမှု သက်သက်သာဖြစ်ပြီး ပြည်သူလူထု အနေဖြင့်လည်း အယုံအကြည် မရှိကြောင်း ရခိုင့်နိုင်ငံရေးအသိုင်း အဝိုင်းနှင့် ပြည်သူများက တုံ့ပြန်ပြောဆိုသည်။

AA နှင့် ARSA အဖွဲ့တို့၏ အဆိုပါ လုပ်ရပ်များမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ် သည်ဟူသော စစ်ကောင်စီ၏ လုပ်ဇာတ်အပေါ် မည်သူမျှ အယုံအကြည် မရှိကြောင်း ရခိုင်နိုင်ငံရေးသမား တဦး ဖြစ်သူ ဦးဖေသန်းကလည်း ပြောသည်။

ရိုဟင်ဂျာတွေအတွက် ကန် စာနာမှုအကူ ဒေါ်လာ သန်း ၁၇၀ ကျော်ပေးမည်

VOA
ဗွီအိုအေမြန်မာပိုင်း
၂၃ စက်တင်ဘာလ ၂၀၂၂

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် ပြည်တွင်း၊ ပြည်ပက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် နောက်ထပ် ဒေါ်လာသန်း ၁၇၀ ကျော်ပေးအပ်မယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။

အခုနောက်ဆုံး ပေးအပ်မယ့် အကူအညီနဲ့ပါဆိုရင် ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ အမေရိကန်က ထောက်ပံ့နေတာ ၁.၉ ဘီလီယံနီးပါး ရှိနေပြီလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

Wednesday, September 21, 2022

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ် နယ်စပ် နေထိုင် သူများ ကြောက်နေရ

ဧရာဝတီ 
21 September 2022
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ / ဧရာဝတီ

မြန်မာနယ်စပ်နှင့် ထိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန် ခရိုင်မှ ရိုဟင်ဂျာ ၄,၀၀၀ ခန့်အပါအဝင် ခန့်မှန်း ခြေ လူ ၁၀,၀၀၀ သည် မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ်များ၊ ဒရုန်းများ၊ မော်တာများနှင့် စက်သေနတ် ပစ်ခတ်မှုများကို စိုးရိမ်ထိတ်လန့် နေကြရသည်။

ပြီးခဲ့သည့် သောကြာနေ့ညနေတွင် အနည်းဆုံး မော်တာကျည် ၃ လုံးကို နယ်စပ်ဖြတ်ကျော် ပစ်ခတ်သော ကြောင့် အသက် ၁၇ နှစ်အရွယ် မိုဟာမက် အစ်ခ်ဘယ် သေဆုံးပြီး အခြားသူ ၆ ဦး ဒဏ်ရာရသောကြောင့် ၎င်းတို့ကို ဆေးရုံ ပို့လိုက်ရသည်။

ရိုဟင်ဂျာ ကလေး ၂၅ ဦး အပါအဝင် ၄၀ ကျော် ဖမ်းခံရ

သတင်းနှင့်မီဒီယာကွန်ယက်
Wednesday, September 21, 2022
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ရိုဟင်ဂျာ ကလေး ၂၅ ဦး အပါအဝင် စုစုပေါင်း ၄၂ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည်ဟု မြို့ခံများ က ပြောသည်။ညောင်ချောင်း ကျေးရွာအုပ်စု၊ ငါးမြင်းချောင်းကျေးရွာတွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၄၂ ဦး အနက် အသက် ၁၈ နှစ်အောက်၊ ကျား/မ ၂၅ ဦး အပါအဝင် ကျန်းမာရေး မကောင်း ဘဲ ဖျားနေသူ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦး တို့လည်း ပါဝင်သည်ဟု သိရသည်။

“ရွာမှာ မျက်နှာစိမ်း အမျိုးသမီး တစ်ဦးကို တွေ့လို့ ရွာလူကြီးတွေက ခေါ်စစ်တာမှာ ကျန်တဲ့ ၄၁ ယောက်ကို ပါ ဖမ်းမိတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရိုဟင်ဂျာ ၃၁ ဦးကို စစ်ကောင်စီတပ် ဖမ်း

သတင်းနှင့်မီဒီယာကွန်ယက်
Wednesday, September 21, 2022
ပုသိမ် ရွှေသောင်ယံကမ်းခြေတွင် ရခိုင်ဘက်မှ ရွှေ့ပြောင်းလာသည့် ရိုဟင်ဂျာ ၃၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ ရိုဟင်ဂျာ ၃၁ ဦးကို ဧရာဝတီတိုင်း ပုသိမ်မြို့ နွယ်ညှိချောင်း ကျေးရွာအနီးတွင် အုပ်စုလိုက်တွေ့ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က “အခုကတော့ ရွှေသောင်ယံ ရဲစခန်းမှာပဲခေါ်ထားပြီး စစ်ဆေး မေး မြန်းတာတွေ လုပ်နေတယ်” ဟု ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */