" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 11, 2022

မောင်တော ကြိမ်ချောင်းတိုက်ပွဲ စစ်သား ၁၃ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းတစ်ခုကို သိမ်း ဆည်းရမိ

ခေတ်သစ်မီဒီယာ
ရန်ကုန်၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း ဗျူဟာကာ ကင်း ဂုပ္ပိတောင်ကျော်လမ်းတွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်ခန့်က ကြိမ်ချောင်းဂုပ္ပိတောင်ကျော်လမ်းအနီးတွင် တိုကပွဲ့ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်း ၇နာရီနီးပါးလောက်တွင် သေနတ်သံများ ရပ်စဲသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။
                                                                              
ယင်းတိုက်ပွဲဖြစ်ပြီး မိနစ်၂၀ အကြာတွင် စစ်ကောင်စီဖက်က ရဟတ်ယာဉ် ၂ စီး ဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီးနောက် ကြိမ်ချောင်းဗျူဟာကုန်းက လည်း လက် နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသည့် ကြိမ်ချောင်းဒေသခံတစ်ဦးက ပြောသည်။

"ဒီကနေ့ မနက်က ၆နာရီ ၁၇ မိနစ်က စဖြစ်တယ်။ ၇ နာရီလောင်မှာ တိုက်ပွဲပြီးတယ်။ တိုက်ပွဲမှာ ကြိမ်ချောင်းဖက်နေပြီးတော့ ဂုပ္ပိတောင်ကျော်လမ်းပေါ့။ အဲ့ဒီဖက်က လုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေကို ဝင်ပစ်တာပါ။ စစ်ကောင်စီဖက်က ရဟတ်ယာဉ် ၂ စီးနဲ့ လာပစ်တယ်။ ပြီးတော့ ပြန်သွားတယ်။ နောက်ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်သေးတယ်။ လက်နက်ကြီးနဲ့တော့ အကြိမ်အရေအတွက်မနည်းဘူး"ဟုပြောသည်။

စက်ဘာ ၈ ရက်နေ့ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တို့တွင် ကြိမ်ချောင်းဗျူးဟာကုန်း ကာထားသည့် စခန်းငယ်အားလုံးကို ရက္ခိုင့်တပ်တော် AA ဖက်ကညဝင်ရောက်သိမ်းပစ်နိုင်ခဲ့ပြီး လက်ရှိအနီးအနားတွင်ရှိသည့် ကြိမ်ချောင်း ဗျူဟာကုန်းကို သိမ်းပိုက်ရရှိအောင်ကြိုစားလုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့သုံးသပ်သူတစ်ဦးက Western News ကိုပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်း ၄ လောင်းနှင့် အရှင်ဖမ်းမိထားသူ ၄ ဦး၊ သေဆုံးသူစစ်ကောင်စီတပ်သား ၁၃ ဦးခန့် ရှိကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က Western News ကို ပြောသည်။

"စစ်ကောင်စီတပ်သား အလောင်း ၄ လောင်းရရှိထားတယ်။ အရှင်ဖမ်းမိထားတာတော့ ၄ ယောက်၊ နောက်၄ ယောက်က ထွက်ပြေးသွားတယ်။ လမ်းတစ် လျှောက် တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ကြိမ်ချောင်း ဗျူးဟာကုန်းကို ဝင်တိုက်တာပေါ့။ စစ်ကောင်စီတပ်သားက ၁၃ ဦးခန့်သေတယ်။ ဒါက လုံးဝမျက်မြင်ပဲ။ အကုန် လုံးကိုပိတ်ဆို့ပြီး တိုက်ခိုက်တာကို။ ကျနော်တို့ရလိုက်တာကတော့
အလောင်း၄ လောင်းပဲရလိုက်တယ်"ဟု သတင်းရင်းမြစ်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက"ကြိမ်ချောင်းဗျူးဟာကုန်းကို သိမ်း ပိုက် ရရှိတာတော့ မကြားမိသေးဘူးဗျ။ ကြိမ်ချောင်းဗျူဟာကုန်း နခခ (၇) ကနေ တရစပ် ပစ်နေတယ်ဗျ။ တိုက်ပွဲက တော်တော်ကို ပြင်းပြင်ထန် ဖြစ်နေတာပါ။ တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။ နောက်ထပ်လည်း ဖြစ်အုံးမယ်ထင်တယ်"ဟုပြောသည်။

ယနေ့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက"အဲ့ဒီကြိမ်ချောင်းနားမှာ တိုက်ပွဲဖြစ်တာတော့မှန်ပါတယ်။ အတိအကျအချက်အလက်တွေတော့ ကျနော့်ဆီကို ရောက်မလာသေးဘူး"ဟုပြောသည်။

AA ၏ ထုတ်ပြန်ချက်တွင်မူ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၁၇ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာဖြစ်သည့် မောင်တောမြို့နယ်၊ လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် (၇) နာရီ (၂၂) မိနစ်အချိန်၌ အဆိုပါ စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်အခြမ်းဖက်သို့ ကျရောက်မှုနှင့် ပတ်သက်၍ ဘင်္ဂလားနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ မြန်မာသံအမတ်အား သြဂုတ်လ ၂၁ ရက်၊ ၂၈ ရက်နှင့် စက် တင်ဘာ ၅ ရက်နေ့တို့တွင် ဆင့်ခေါ်သတိပေး ပြောဆိုမှုများ ရှိခဲ့သည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။

(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)
Sources: FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */