" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 5, 2022

ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာတစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.11.05

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အား တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနုရွာထဲကို ဒီနေ့မနက် ၁၀ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘူးသီး တောင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘူးသီးတောင်က သရက်ကင်းမနု အုပ်စု၊ သရက်ကင်းမနု ကျေးရွာမှာ လက်နက်ကြီး ကျည်ကျတာတစ်ယောက် သေတယ်။ တစ်ယောက် ခြေထောက်မှာ ဒဏ်ရာရတယ်။ နောက်တစ်ယောက်က လက်မှာဒဏ်ရာရတယ်။ ၁၀ နာရီ လောက်မှာဖြစ်တယ်လို့ သိရတယ်။ လက်နက်ကြီးကျည်တွေ ကျပြီးတော့ သေနတ်သံ အငယ်တွေလည်း ကြားတယ်။ တိုက်တာ”

သရက်ကင်းမနုရွာမှာ နေထိုင်သူတစ်ဦးကလည်း သေဆုံးသွားသူဟာ အမျိုးသားဖြစ်ပြီး ကလေးနဲ့ အမျိုးသမီး တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မကြားမိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်ကို ဘူးသီးတောင် အခြေစိုက် စကခ - ၁၅ က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပေ မယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

သရက်ကင်းမနုရွာဟာ ဘူးသီးတောင်-ဖုန်ညိုလိပ်သွားတဲ့ ကားလမ်းဘေးမှာရှိတဲ့ ရွာဖြစ်ပါတယ်။

သရက်ကင်းမနုရွာကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ စစ်ရေးသတင်း တွေကို မသိတာကြောင့် အတည်မပြု ပေး နိုင်ဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီ တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */