" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 5, 2022

ဘူးသီးတောင်တွင် စစ်တပ်ကပစ်ခတ်သည့်လက်နက်ကြီး ကျည်ကျ၍ မွတ်ဆလင်ကျေးရွာသားတစ်ဦးသေ၊ ၅နှစ် အ ရွယ် ကလေး၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

နိရဉ္စရာ
နိုဝင်ဘာ ၅/၂၀၂၂ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စစ်ကောင်စီတပ် စကခ (၁၅)က ပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာထဲ ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင်ကျေးရွားသား တစ်ဦးသေဆုံးပြီး (၅) နှစ်အရွယ်ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ 

ယနေ့ နိုဝင်ဘာ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် စကခ(၁၅) က ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် သရက် ကင်းမနူး မွတ်ဆလင်ကျေးရွာထဲကျ၍ ဦးအဘူနော်ဆဲရ် သေဆုံးသွားခဲ့ပြီး (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် (၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

 သွားရောက်ကူညီခဲ့သည့် ရွှေဘူးသီးနာရေးကူညီမှု အသင်းတာဝန်ရှိသူ တစ်ဦးက "ဒီနေ့ လက်နက်ကြီးကျည် ကျလို့ ပွဲချင်းပြီးတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်။ သေတဲ့လူက ရွာမှာလည်း စာပြတဲ့ ကျောင်း ဆရာဖြစ်တယ်လို့သိရတယ်။ စပါးတောင်းဆရာပေါ့"ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် ဒဏ်ရာရရှိသူ ၂ ဦးကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြကြောင်း သိရ သည်။ 

ယမန်နေ့ နိုဝင်ဘာ (၄) ရက်နေ့ကလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ ကျောက်တော်မြို့နယ်မှ က လေး ငယ်နှင့် သက်ကြီးပိုင်းအပါအဝင် (၃) ဦးသေဆုံးပြီး လူပေါင်း (၂၀) ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။(NN
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */