" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 2, 2022

AA သိမ်းပိုက်ထားသည့် လိပ်ရနယ်ခြားစောင့်စခန်းအနီးရှိ ကျေးရွာများကို စစ်ကောင်စီသွားလာခွင့် ပိတ်ထား၍ ဒေသခံ များ အခက် အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် လိပ်ရနယ်ခြားစောင့်စခန်းအနီးရှိ ကျေးရွာများကို စစ်ကောင် စီက သွားလာခွင့်ပိတ်ထားသည့်အတွက် ဒေသခံများအနေဖြင့် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေ ကြောင်း ဒေသခံများက ဆိုသည်။

မြို့ပေါ်သို့ သွားလာခွင့် ပိတ်ထားခံရသည့် ကျေးရွာများမှာ လိပ်ရကျေးရွာ၊ ကျောက်ချောင်းကျေးရွာ၊ ကျွန်းပေါက် ပြုစုကျေးရွာ၊ ရေတွင်းပြင်ကျေးရွာတို့ဖြစ်‌ေကြာင်း၊ ယင်းကျေးရွာ လေးရွာတွင် အိမ်ခြေ ၂၀၀ခန့်နှင့် လူဦးရေ ၅၀၀ခန့် ရှိနေကြောင်း နှင့် ကျေးရွာများ၌ ရိုဟင်ဂျာများ အများစုနေထိုင်ကြကြောင်း သိရသည်။

“AAက စခန်းမသိမ်းခင် သုံးလ လောက်ကတည်းက ပိတ်ထားတာပါ။ ကျေးရွာသားတွေကို လုံးဝ သွားလာခွင့် မ ပေးဘူး။ ကျနော်တို့အတွက် နေထိုင်ရေး၊ ကျန်မားရေးကအစ အကုန် အခက်အခဲဖြစ်နေပါတယ်”ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့က စစ်ကောင်စီပိုင် နယ်ခြားစောင့်စခန်းတစ်ခုဖြစ်သည့် လိပ်ရနယ်ခြား စောင့်စခန်းကို AA က သိမ်း ပိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ပစ်ခတ် လိုက် သည့် လက်နက်ကြီးကျည်တစ်လုံးမှာ အနီးအနားရှိ လိပ်ရကျေးရွာသို့ ကျရောက်ပြီး ဒေသခံရိုဟင်ဂျာတစ် ဦး ဦးခေါင်းပေါ် လက်နက်ကြီးကျည်ကျ၍ သေဆုံးခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်အနေဖြင့် အနီးအနားရှိ ကျေးရွာများကို ရိက္ခာဖြတ်တောက်ပြီး လမ်းပိတ်ထားခြင်း ဖြစ် ကြောင်း ဒေသခံရိုဟင်ဂျာများကဆိုသည်။

လိပ်ရကျေးရွာသားတစ်ဦးက “ကျနော်တို့မှာ စားဝတ်နေရေးအတွက်လည်း မြို့ပေါ်ကို သွားလာခွင့်မပေးဘူး။ ကျနော်တို့ အသက်စွန့်ပြီး စားဝတ်နေရေးအတွက် တခြားနေရာတွေက ခိုးထွက်နေကြရတာရှိတယ်။ ကျနော်တို့ ကို သွားလာခွင့်ပေးစေချင်တယ်။ စစ်ဆေးတာကိုလည်း ကျနော်တို့က ခံယူမှာပါ ၊အခုက လုံးဝဖြတ်သွားခွင့်မရှိ ဘူး။ ကျနော်တို့အတွက် တော်တော်ကို ဒုက္ခရောက်နေပါတယ်။ ဒေသခံတွေကလည်း ခက် ခဲနေကြပါတယ်။ နောက်ထပ် တိုက်ပွဲဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ် ”ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် မောင်တောမြောက်ပိုင်းရှိ ကြိမ်းချောင်းဂိတ်စခန်းနှင့် ကျေးတောပြင်ဂိတ်မှ ဒေသခံကျေး ရွာ များကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ပြီး တောင်ပိုင်းတွင်လည်း ပန်းတောပြင်အနီးရှိ ဂိတ်စခန်းမှ သွားလာခွင့်များကို ကန့်သတ်ထားခြင်းဖြစ်သည်ဟု ဆို သည်။

ယင်းကဲ့သို့ လမ်းပိတ်ထားသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှု ရယူခွင့်ကို ဒေသခံများအနေဖြင့် ဆုံးရှုံးနေ ကြ ရသည်။

“ကျန်းမာရေးအတွက်လည်း ကျနော်တို့က အခက်အခဲရှိတယ်မွေးရေးကင်ရေး(မွေးရေးဖွားရေးကိစ္စအဝဝ)ကအစ အခက်အခဲရှိနေ ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင်လည်း ဆေးခန်းလာပြလို့လည်းမရဘူး။ကာ ကွယ် ဆေးလည်း မထိုးရဘူး။ ကျနော်တို့ အကုန်လုံးကို ပိတ် ဆို့ထားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AAတို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီအနေဖြင့် ရေလမ်း၊ကုန် လမ်းများကို စစ်ဆေးမှုများ တင်းကျပ်ကာ ရေလမ်းကြောင်းမှ ရိက္ခာသယ်ယူခွင့်များကို ကန့်သတ်မှုများ ရှိနေပြီး အချို့မြို့နယ်ရှိ ရေလမ်းကြောင်းများကိုလည်း စစ်ကောင်စီက ပိတ်ထားခြင်းများရှိနေသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */