" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 31, 2022

ဘူးသီးတောင်တွင်တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာတစ်ဦးဒဏ်ရာရ

MYANMAR NOW
ဝေသာထွန်း
Published on Oct 29, 2022
 
တစ်နာရီနီးပါးတိုက်ပွဲဖြစ်နေစဉ် ထိုနေရာသို့ ပစ်ကူသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်သည် အရပ် သား အမျိုးသားတစ်ဦးကို ထိမှန်ခဲ့သည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ဘူးသီးတောင်မြို့

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် ယမန်နေ့ (အောက်တိုဘာ ၂၇) ညနေက  ၅ နာရီ ခန့်က ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက် သော လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ဂူတာပြင်ကျေးရွာဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုသည် မေယုတောင်ခြေရင်းရှိ ကျောက်စာတိုင်ကျေး ရွာ ဘက်သို့အလာ လမ်းတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီနီးပါးခန့် အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့ သည်ဟု ထို နေရာအနီးတွင်နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

 

“ဂူတာပြင်ကနေ ကျောက်စာတိုင်ရွာဘက်ကိုလာတဲ့လမ်းမှာ တောင်ကျစမ်းချောင်းလေးတစ်ခုရှိတယ်။ အဲဒီနေ ရာမှာ ဖြစ်တာ။ စစ်ကြောင်းအလာလမ်းကို AA က စောင့်ပြီးတော့ ဂွင်ကျကျနဲ့ ဖြတ်တိုက်တာလို့ ပြောတယ်။ စစ်တပ်က လေယာဉ်တွေတော့ မလာဘူး။ ဒရုန်းတွေနဲ့ ဗုံးလာကြဲတယ်လို့ ပြောတယ်”ဟု ထိုဒေသခံ အမျိုး သား က ဆိုသည်။ 

ယမန်နေ့ ညနေက ကျောက်စာတိုင်ကျေးရွာအနီး တိုက်ပွဲဖြစ်နေသည်ဟု ကြားရကြောင်း တိုက်ပွဲဖြစ်ပွားသည့် နေရာ မှ ၄ မိုင်ခန့်အကွာတွင်ရှိသော ဦးကျော်ကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးကလည်း ပြောသည်။

“ဟုတ်ပါတယ်။ မနေ့က ညနေပိုင်း ကျောက်စာတိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပါတယ်။ ဘယ်လိုစဖြစ်ကြတယ် ဆိုတာကိုတော့ အတိအကျမသိရဘူး။ အသံကိုတော့ ကြားနေခဲ့ရတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေ ဆက်တိုက်ကြားရတော့ တိုက်ပွဲဖြစ်တယ်လို့ သိရတာ”

ထိုသို့ တိုက်ပွဲ ဖြစ်နေချိန် ညနေ ၆ နာရီခန့်တွင် ဂူတာပြင်ကျေးရွာစာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင် စီတပ် စစ်ကြောင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ထိုနေရာမှ မလှမ်းမကမ်းဖြစ်သော ကံပြင် ကျေးရွာ တံတားအနီး ကျရောက်ပေါက်ကွဲခဲ့ရာ ဖြတ်သွားသည့် သက်ကြီးပိုင်း ရိုဟင်ဂျာ အမျိုးသားတစ်ဦး ဒဏ် ရာရသည်။ 

ဖိုးခေါင်ချောင်းကျေးရွာမှ စိမ်းညင်းပြားကျေးရွာသို့ သွားသည့် အသက် ၆၀ အရွယ် ကာလူ(ခ) နူရ်ဆလင်၏ တင် ပါး ကို ကျည်စထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးက ဂူတာပြင်စာသင်ကျောင်းက ပစ်တာလို့ပြောတယ်။ သူက ဖိုးခေါင်ချောင်းကနေ စိမ်းညင်းပြား ဗလီ ကို ဘာသာရေးလုပ်ဖို့ သွားတာလို့ ပြောတယ်။ သွားနေတဲ့အချိန်မှာ အနားကို လက်နက်ကြီးကျည်ကျခွဲတာ။ အခု သူ့ မိသားစုတွေပြောတာက ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသခံနေရတယ်လို့ပြောတယ်”ဟု ထိုသူက ဆိုသည်။

အလားတူ အောက်တိုဘာ ၁၈ တွင်လည်း ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ကျေး ရွာ သားတစ်ဦးသည် ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၅၁ က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် သေဆုံးခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာ ၂၃ ကလည်း သိမ်တောင်ကျေးရွာသို့ လက်နက်ကြီးကျရောက်ပြီး အသက်  ၇  နှစ်အရွယ် ရိုဟင်ဂျာ ကလေးတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ကျေးရွာတချို့တွင် စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူတပ်စွဲထား၍ ဒေသ ခံ ကျေးရွာသားများမှာ ရွာကို ယာယီစွန့်ခွာနေကြရသလို စစ်ကောင်စီအထိုင်ချတပ်ရင်းနှင့် ကျေးရွာများမှာ တပ် စွဲ ထား သည့် စစ်ကြောင်းများက လက်နက်ကြီးများဖြင့် နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ဘူးသီးတောင်မြို့တွင် အောက်တိုဘာ ၂၃က ဒေသခံ ၂၀ ခန့် ဖမ်းဆီးခဲ့သည့်အပြင် စာသင် ကျောင်းတစ်ခုကိုလည်း လက်နက်တပ်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ 

ရခိုင်တွင် စစ်ရေးတင်းမာမှုနှင့် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ကလက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများကြောင့် လူနေရပ်ကွက်၊ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အပြစ်မဲ့ပြည်သူ သေဆုံး ဒဏ်ရာ ရရှိမှု အများအပြားရှိနေသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */