Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Tuesday, August 31, 2021

ယေန့ သတင်း( အမြန်ရှာရန် )သြဂုတ်လ၊၂၀၂၁

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ 

31.08.2021

စစ်တွေက ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းကျော် စားဝတ်နေရေးခက်ခဲနေ - RFA

ရန်ကုန်မှာ အမျိုးသမီးတွေဦးဆောင်ပြီး ဆန္ဒပြချီတက် - VOA

ရှမ်းမြောက်မုံးကိုးဒေသ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၇၀၀ မုံးကိုးမြို့ တွင်းခိုလှုံ  -VOA

နိုင်ငံရေးပါတီတွေရဲ့ ဘဏ္ဍာရေး၊ ပိုင်ဆိုင်မှု၊ လူအင်အား နဲ့ပတ်သတ်လို့ UEC စစ်ဆေး -VOA

ရခိုင်ပြည်နယ် မူဆလင်ဒုက္ခသည်စခန်း ကိုဗစ်ကာကွယ်ဆေးသတင်းယူခွင့် ကန့်သတ်ခံရ - VOA

အကြမ်းနည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ရန်ကုန် - ဧရာဝတီ

မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ- ဧရာဝတီ

မြစ်ငယ် CDM မီးရထားဝန်ထမ်း ၁၀၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ  - ဧရာဝတီ

မုံးကိုးတိုက်ပွဲ စစ်ကောင်စီဘက် ၁၅ ဦး ကျ လက်နက်ခဲယမ်း သိမ်းဆည်းရရှိ-ဧရာဝတီ

ကလေးမြို့တောင်ပိုင်း စစ်ကောင်စီနဲ့ PDF တို့  တိုက်ပွဲဖြစ်ပွား- RFA

ရန်ကုန်မြို့နယ်တချို့ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လုံခြုံရေးတင်းကျပ်တဲ့ကြား စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြ -VOA


သြဂုတ်လအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော်သေတယ်လို့ KNLA တပ်မဟာ (၅) ထုတ်ပြန်- RFA

DNA သတင်းထောက်ဟောင်း ကိုမျိုးစံစိုး ဖမ်းဆီးခံရ- RFA

လှည်းကူးမြို့မှာ ရပ်ထားတဲ့ စစ်ကောင်စီကားပေါ် ပေါက်ကွဲမှုဖြစ်- RFA 

CDM ရဲတပ်သားရဲ့ဖခင် သဲဖြူဝရွာမကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ- RFA

မြန်မာအမြဲတမ်းကိုယ်စားလှယ်အတွက် ပြည်သူတွေဘက်က အလားအလာကောင်း- RFA

တိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့သား ဖမ်းဆီးစစ်ဆေးခံရ- RFA

စစ်ကောင်စီအစိုးရ ICJ အမှုရင်ဆိုင်ရေးလုပ်ရပ် ရိုဟင်ဂျာတို့အကျိုးမရှိနိုင်

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
31 သြဂုတ်၊ 2021
Link : Here

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း )သြဂုတ်လ ၊၂၀၂၁

မြန်မာ့အလင်း သတင်းစာ

31.08.2021

 

Monday, August 30, 2021

စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းအချို့မှာ ကိုဗစ်ကာ ကွယ် ‌ဆေးထိုး

B B C
ဘီဘီစီမြန်မာပိုင်း
29-08-2021

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို တရုတ် နိုင်ငံထုတ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေပြီလို့ ကိုယ်တိုင်ဆေးထိုးခဲ့ရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

Friday, August 27, 2021

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးမယ်လို့ စစ်ကောင်စီပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-27

စစ်တွေမြို့က မွတ်စလင်ဘာသာဝင်တွေကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်Photo: RFA

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက်ပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြား ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်က သတင်း စာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာ ဆက်လက် ကြိုးပမ်းဖို့ ကုလအတွင်းရေးမှူးချုပ် သတိပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 သြဂုတ်၊ 2021
ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ မေ့မပစ်သင့်တဲ့ကိစ္စဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေနဲ့အ တူ တသားထည်း ဆက်လက်ရပ်တည်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှောင်လွှဲနိုင်ခဲ့သင့်တယ်လို့ မစ္စယန်ဟီးလီ ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021-08-26

သြဂုတ်လ ၂၅ ရက်က အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ လေး နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာအရပ်ရပ်က ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ တက်ရောက် စကားပြောခဲ့ကြပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်ဟောင်း မစ္စ ယန်ဟီးလီနဲ့ မြန်မာနိုင်ငံက လူငယ် လှုပ်ရှားသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကလည်း တက်ရောက်ပြီး ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေအတွက် ဝမ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။

Thursday, August 26, 2021

ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမည်ဟု အရပ်ဘက်အဖွဲ့ ၄၃ခု သဘောတူကတိပြု

ခေတ်သစ်မီဒီယာ
ရန်ကုန်၊သြဂုတ် ၂၅

ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း မြန်မာအရပ်ဘက်အဖွဲ့ ၄၃ခုက ရိုဟင် ဂျာ များအပေါ် စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည့် ၄နှစ်မြောက် ယနေ့တွင် လက်မှတ်ထိုး က တိပြုခဲ့သည်။

၎င်းတို့အပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုများ အဆုံးသတ်ကာ တရားမျှတမှု၊ ၎င်းတို့အခွင့်အရေး ရရှိရေးအပြင် ကျူး လွန်သော အကြမ်းဖက် စစ်တပ်ကို ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ် ရန် ယင်းအရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။

ရိုဟင်ဂျာနဲ့ လူနည်းစုအရေး NUG ရပ်တည်ချက် အမေရိ ကန် ကြိုဆို

VOA

မြန်မာ့သမိုင်း အမည်းစက်ဖြစ်ရတဲ့ သြဂုတ် ၂၅ ရက်

VOA
ခင်ခင်အိ (ဝါရှင်တန် ဒီစီ)
2021-08-25

မြန်မာနိုင်ငံမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှခြင်းကို အခြေခံပြီး စုံလင်ကွဲပြားတဲ့ လူမျိုးဘာ သာတွေကြား ခွဲခြားဆက်ဆံမှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ အနာဂတ် ဖက်ဒရယ်နိုင်ငံတော်သစ်ကို အ တူတည်ဆောက်ဖို့ သန္ဓိဌာန်ချမှတ်ထားကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက်က သြဂုတ် ၂၅ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို လွန်ခဲ့တဲ့ လေးနှစ်က ကျူးလွန်သူတွေပဲ ဆက်လက်အကြမ်းဖက်နေ

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-26
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇ စက်တင်ဘာ ၉ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ရိုဟင်ဂျာတွေအပေါ် ၂၀၁၇ ခုနှစ်တုန်းက အကြမ်းဖက်ခဲ့ကြတဲ့ ခြေမြန်တပ်ဖွဲ့တွေကပဲ အာဏာသိမ်းပြီးချိန် ကစလို့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက် ဒုက္ခပေးနေကြတယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးအောင် စတင်စစ်ဆင်ပြီး လေးနှစ်အကြာမှာ မြန်မာနိုင်ငံဟာ ပိုလို့တောင် အန္တ ရာယ် ကြီးမားတဲ့ အကာအကွယ်အမဲ့ဆုံး မတည်ငြိမ်တဲ့ ကာလသစ် တစ်ရပ်ကို ရောက်လာတယ်လို့ USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာလကော်မရှင်ကလည်း မနေ့က ပြောကြားလိုက်ပါတယ်။

Wednesday, August 25, 2021

Rohingya Genocide Remembrance Day event - in ROHINGYA language

Rohingya Genocide Remembrance Day Event - 25th August Four years of impunity: seeking justice, accountability, and solidarity Rohingya Session

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံက ထွက်ပြေးရတာ လေးနှစ်ပြည့် ပြီ

RFA
လွတ်လပ်တဲ့အာရှအသံ
ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021-08-24

၂၀၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာ အရပ်သား ပြည်သူအမြောက်အများ သေဆုံးပြီး၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာ အခုဆိုရင် လေးနှစ် ပြည့်ခဲ့ပြီ ဖြစ်ပေမယ့်၊ ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ရိုဟင်ဂျာ တွေ နေရပ်ပြန်နိုင်ရေးက အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

Tuesday, August 24, 2021

AA သွားနေတဲ့ လမ်း

ဧရာဝတီ
24 August 2021
ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့ခဲ့ရစဉ် / ဧရာဝတီ

အပစ်ရပ်ထားသော ရခိုင်ပြည်နယ် တခုလုံးနီးပါးကို နိုင်ငံရေးဩဇာကို ခိုင်မာစွာ တိုးချဲ့ တည်ဆောက်လာနေ သော ရက္ခိုင်စစ်တပ် (AA) ၏ ခပ်စိတ်စိတ် ခြေလှမ်းအသစ်များမှာ အာရုံစိုက်စရာ ဖြစ်သည်။

AA သည် ရက္ခိတလမ်းစဉ် ချမှတ်ပြီး ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ကဏ္ဍကိုပါ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်လာသည်။ ထိုသို့ ကိုင်တွယ် ဆောင်ရွက်ရာတွင် တကြိမ်တခါမှ အလေးပေး မခံ ရသော၊ မျက်နှာလွှဲ ပစ်ပယ်ခံထားရသော မွတ်ဆလင် အသိုင်းအဝိုင်း၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ များကိုပါ ချန်လှန်မထားဘဲ ပူးပေါင်း ပါဝင်ရန် စီစဉ်ဆောင်ရွက်နေသည် ဟူသော AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ထုတ်ဖော်ပြောကြားမှုအပေါ် လူအများ စိတ်ဝင်စားမှု ရှိခဲ့ကြသည်။

Saturday, August 21, 2021

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်နေ

ဧရာဝတီ
21 August 2021


ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များရှိ မွတ်ဆလင် ကျေးရွာများနှင့် ဒုက္ခသည်စခန်းများ တွင် ရိက္ခာပြတ်လပ်နေသည်မှာ ၃ လကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အနောက်ဘက်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများမှ သိန်းနှင့်ချီသော ဒုက္ခသည်များမှာ ပြီးခဲ့သည့် ဇွန်လ ကတည်းက ထောက်ပံ့မှု ရိက္ခာမရသည့်အတွက် အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရသည်ဟုလည်း ခေါင်းဒုက္ကာ မွတ် ဆလင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးမောင်မောင်တင်က ဧရာဝတီကို ပြောသည်။

ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ် မှတ်ပေးဖို့ အမေရိကန်ကို တိုက်တွန်း

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-20

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။
File Photo: AFP

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ရာရောက်တဲ့ တိုက် ခိုက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာ ရှစ်သိန်းလောက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်ဟာ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ လေးနှစ်ပြည့်မှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံက ဒီ တိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်တာ မရှိသေးဘူးလို့ Refugee International အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


ဒီတိုက်ခိုက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှု Genocide အဖြစ် တရားဝင်သတ်မှတ်ခေါ်ဝေါ်ဖို့ Refugee International အဖွဲ့က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနဟာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ အမြောက်အမြား ရထားတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု Genocide အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ မနှောင့်နှေးသင့်တော့ဘူးလို့ Refugee International က ဒန်နီယယ် ဆော်လ ဗန် က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

Refugee International အဖွဲ့က ဦးဆောင်ပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်တရားဝင်သတ်မှတ်ပေး ဖို့ အဖွဲ့အစည်း ၉၅ ခု စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ ပေးစာတစ်စောင်ကို အမေရိကန်နိုင်ငံခြား aရးဝန်ကြီးဆီကို ပေးပို့ပြီး တောင်းဆိုထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Lnk : Here

 

Friday, August 20, 2021

ရခိုင် နိုင်ငံရေးသမား ဦးဖေသန်း ANP ပါတီမှ နုတ်ထွက်စာ တင်ထား

ဧရာဝတီ
20 August 2021

ANP ပါတီမှ နုတ်ထွက်စာတင်ထားသည် ဆိုသော ပါတီခေါင်းဆောင် ဦးဖေသန်း / ဧရာဝတီ
 
ရခိုင်အမျိုးသားပါတီ(ANP)၏ ထိပ်ပိုင်းခေါင်းဆောင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ‌ဟောင်း ဦးဖေသန်းမှာ ပါတီမှ နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

ရိုဟင်ဂျာတွေအတွက် ၂၀၂၀ ဟာ အဆိုးဆုံးရေကြောင်း ခရီးသွားနှစ်အဖြစ် ကုလမှတ်တမ်းတင်

VOA
20 သြဂုတ်၊ 2021 

Bangladeshi villagers help two elderly Rohingya women from a boat after crossing a canal at Shah Porir Deep, in Teknak, Bangladesh, Aug. 31, 2017.

အမျိုးသမီးနဲ့ ကလေးတွေ အများစု အပါအဝင် ရေကြောင်းကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအ တွက် ပြီးခဲ့တဲ့နှစ်ဟာ အဆိုးဆုံးနှစ်တနှစ် ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

 ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေကို ဖြတ်သန်းပြီး ရေကြောင်းခရီး သွားခဲ့ကြသူတွေအတွက် ၂၀၂၀ ပြည့်နှစ်ဟာ အသေအပျောက်အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသ မဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

၂၀၂၀ မှာ ပင်လယ်ဖြတ်ရင်း ရိုဟင်ဂျာဒုက္ခသည်တွေ အများဆုံးသေဆုံးရ

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-19

၂ဝ၂ဝ ခုနှစ် ဇွန်က ပင်လယ်ဖြတ်ရင်း အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်ခဲ့တဲ့ ရိုဟင်ဂျာများ။
င်္င်္င်္င်္File Photo: Reuters

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ သေဘေးနဲ့ ရင် ဆိုင်ရပြီး အမျိုးသမီးနဲ့ကလေးတွေ အများဆုံး သေဆုံးရတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောကြားလိုက်ပါတယ်။

၂၀၂၀ ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းတဲ့ ဒုက္ခသည်တွေ အသေအပျောက် အများဆုံး နှစ်ပဲလို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Wednesday, August 18, 2021

အာဂျင်တီးနား ဗဟိုတရားရုံးမှာ ရိုဟင်ဂျာတွေရဲ့ဖြစ်ရပ်ဆိုး ကြားနာ

RFA
လွတ်လပ်တဲ့အရှအသံ
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-08-17

 ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ တောင်အမေရိက နိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေ ဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆာင် အချို့ကို တာဝန်ရှိသူတွေအဖြစ် သတ်မှတ်ပြီး၊ အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးမြို့ တရားရုံးမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */