" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, August 27, 2021

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးမယ်လို့ စစ်ကောင်စီပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-27

စစ်တွေမြို့က မွတ်စလင်ဘာသာဝင်တွေကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်Photo: RFA

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက်ပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြား ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်က သတင်း စာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

"ကျွန်တော် အလေးထားပြီး ပြောလိုတာ တစ်ခုကတော့ ဘူးသီးတောင်၊ မောင်တောနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂ လီများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးသည် ကျွန်တော် တို့ရဲ့ ပြည်သူလူထုပဲ ဖြစ်ပါတယ်"

စစ်ကောင်စီအနေနဲ့ နိုင်ငံတစ်ဝှမ်းက အသက် ၆၅ နှစ်နဲ့ အထက်ရှိသူတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေးမယ်လို့ ကြေညာထားပြီး ဒီထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ထိန်းချုပ်နယ်မြေတချို့ နဲ့ စစ်ဘေးရှောင်စခန်းတွေက လူတွေကိုလည်း ထိုးနှံပေးခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

သတ်မှတ်ထားတဲ့ ထိုးနှံနိုင်မယ့်သူအားလုံးကို အခုနှစ် ၂၀၂၁ ထဲမှာပဲ ၅၀ ရာခိုင်နှုန်းအထိ အပြီးထိုးနိုင်ဖို့ ရည် ရွယ်ထားသလို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်မှာ အကုန်လုံးပါဝင်နိုင်အောင် လုပ်ဆောင် ထား တယ်လို့ ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးအတွက် အိန္ဒိယနိုင်ငံဆီက ကာကွယ်ဆေး သန်း ၃၀ ရဖို့ စာချုပ်ချုပ်ဆိုထားပြီး လက်ရှိ မှာ ဝယ်ယူထားတဲ့ နှစ်သန်းနဲ့ လှူဒါန်းထားတဲ့ ၁.၅ သန်းဟာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

အခုဩဂုတ်လထဲမှာပဲ တရုတ်နိုင်ငံက ဝယ်ထားတဲ့ ကာကွယ်ဆေး လေးသိန်း၊ လှူထားတဲ့ နှစ်သန်းဟာ မြန်မာ နိုင်ငံကို ရောက်လာမယ်လို့ ပြောထားသလို ရုရှားက ကာကွယ်ဆေး နှစ် သန်းဟာလည်း အသုတ်လိုက် ရောက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းရဲ့ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဇူလိုင်လ တတိယအပတ်မှာ စစ်ဆေးသူတွေထဲ ပိုး တွေ့လူနာ ၄၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အခု ဩဂုတ်လ တတိယအပတ်မှာ ၂၁ ရာခိုင်နှုန်းအထိ လျော့ကျ အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့လည်း မြေပြင်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အောက်ဆီဂျင်အိုးတွေကို ဈေးကြီးပေးပြီး တန်းစီ ဝယ် ယူရတာ၊ အောက်ဆီဂျင်ဖြည့်သွင်းနိုင်ဖို့ ပြတ်လတ်တာ၊ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ မြင့် တက်တာနဲ့ စီးပွားရေးမြို့တော်လို့ ပြောလို့ရတဲ့ ရန်ကုန်မြို့က သုသာန်တွေမှာ သေဆုံးသူတွေ အများအပြား ရှိခဲ့တဲ့အခြေ အနေတွေ ရှိခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */