" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, August 20, 2021

ရခိုင် နိုင်ငံရေးသမား ဦးဖေသန်း ANP ပါတီမှ နုတ်ထွက်စာ တင်ထား

ဧရာဝတီ
20 August 2021

ANP ပါတီမှ နုတ်ထွက်စာတင်ထားသည် ဆိုသော ပါတီခေါင်းဆောင် ဦးဖေသန်း / ဧရာဝတီ
 
ရခိုင်အမျိုးသားပါတီ(ANP)၏ ထိပ်ပိုင်းခေါင်းဆောင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ‌ဟောင်း ဦးဖေသန်းမှာ ပါတီမှ နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

ဇွန်လ နောက်ဆုံးပတ်က နုတ်ထွက်စာ တင်ထားခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် ပါတီ တာဝန်မရှိတော့ ‌ကြောင်း ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။

“ပါတီဖက်က မပြောသေးလို့ ကျနော်မပြောတာ။ ရှင်းရှင်းပြောရရင် ပါတီက နုတ်ထွက်တာကြာပြီ။ သို့သော် လည်း ပါတီက နုတ်ထွက်ခွင့်မပေးသေးဘူး။ ပါတီတာဝန်လည်း မရှိတော့ဘူး။ ပြောရေးဆိုခွင့်လည်း မဟုတ် ‌တော့ဘူး။ ကျနော်ကတော့ ကိုယ့်လမ်းကို ကိုယ်လျှောက်နေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

မည်သည့်အတွက် ပါတီမှ နုတ်ထွက်ရသည်ကိုမူ သူ့အနေဖြင့် ထုတ်ဖော်ပြောခြင်းမရှိသလို လက်ရှိအချိန် အထိ နုတ်ထွက်စာတင်ထားသည့် အပေါ် ပါတီမှ တစုံတရာ အကြောင်း ပြန်ကြားလာခြင်း မရှိသေးကြောင်း ဦဖေသန်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီ ( ANP ) နိုင်ငံရေးမူဝါဒရေးရာ ကော်မတီဝင် ဦးထွန်းအောင်ကျော်ကတော့ အဆိုပါ ပါတီ ထိပ်ပိုင်း ခေါင်းဆောင် ဦးဖေသန်းနုတ်ထွက်စာ တင်ထား သည့် အပေါ် ၎င်းအနေဖြင့် တိတိကျကျ မသိ ‌ကြောင်း ပြောသည်။

အလားတူ ANP ပါတီ၏ တခြားသော ခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌ ဦးသာထွန်းလှကို မေးမြန်းရာ မှတ် ချက် တစုံ တရာပေး၍ မရကြောင်း ဆိုသလို အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ယင်းကိစ္စနှင့် ပတ် သက်၍ သတင်းထုတ် ရန် မရှိဟု ဧရာဝတီသို့ ပြောသည်။

ပါတီဥက္ကဌ ဦးသာထွန်းလှက “ လောလောဆယ်မှာ အဲဒီကိစ္စအပေါ် ကျနော်အနေနဲ့ သဘောထားပေးလို့ မရသေး ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP ) ပါတီသည် အာဏာသိမ်း စစ်ကောင်စီကို အစောဆုံးထောက်ခံကာ ပူးပေါင်း ‌ဆောင် ရွက် ရန် ကမ်းလှမ်းခဲ့သည့် ပါတီဖြစ်သည်၊ ထို့အပြင် ပါတီခေါင်းဆောင်များဖြစ်သည့် ဒေါ်အေးနုစိန်နှင့် ရန်ကုန် တိုင်း ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးဇော်အေးမောင်တို့ကို စစ်တပ်က ဖွဲ့စည်းသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပါဝင်စေခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ANP က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လိပ်မူပြီး ပြည်နယ်တည် ငြိမ် အေး ချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနေရာနှင့် ကောင်စီ အဖွဲ့ဝင် (၂ ) နေရာပေးရန် ပြည် နယ် အစိုးရ အဖွဲ့ တွင် ဝန်ကြီးနေရာအများစုကို ရခိုင်အမျိုးသားပါတီဝင်များအား ခန့်အပ် တာဝန်ပေးရန် စာရေးတောင်းဆိုခဲ့သည်။

သို့သော် စစ်ကောင်စီက ANP၏ တောင်းဆိုချက်ကို မလိုက်လျောဘဲ လျစ်လျူရှု့သည့်အခါ ဇွန် ၄ရက်တွင် ဗဟိုအလုပ် မှုဆောင်ကော်မတီ (CEC ) အစည်း အဝေး တရပ်ကိုခေါ်ယူပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင် ရွက်မှုကို ရပ်စဲရန် ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်နယ်နှင့်လူထုအတွက် အကျိုးစီးပွားကို တစုံတရာ အကျိုးဖြစ် ထွန်း လာရန် လမ်း မမြင်သည့်အတွက် ပါတီ ဗဟိုအလုပ်အမှု ဆောင် ကော်မတီက ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ပါ တီ ဥက္ကဌ ဦး သာထွန်းလှက ဧရာဝတီသို့ ပြောဆိုထားသည်။

ပါတီ ထိပ်ပိုင်းခေါင်းဆောင် နိုင်ငံရေးမူဝါဒရေးရာ ကော်မတီဝင် ဦးဖေသန်းကတော့ ( CEC )အဖွဲ့၏ ထို ဆုံးဖြတ်ချက်မှာ လုပ်ထုံး၊ လုပ်နည်းနှင့် မညီသည့်အတွက် တရားဝင်မှု မရှိကြောင်း ပြီးခဲ့သော ဇွန်လ ၅ ရက်နေ့က ဧရာဝတီသို့ ရှင်း ချက်ထုတ်သည်။

ထိုဆုံးချက်နှင့် ပတ်သက်ပြီး ပါတီခေါင်းဆောင်များကြားတွင် သဘောထားကွဲမှု တချို့ ဖြစ်ပွားခဲ့သလို ANP ပါတီမှ ထိပ် ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန်နှင့် ဦးဇော်အေးမောင်တို့ စစ်ကောင်စီနှင့်ပူးပေါင်းဆောင် ရွက်နေ သည့် ကိစ္စအပေါ် ရခိုင်လူထုကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ ပြီးခဲ့သော ၂၀၁၀ ခုနှစ် ၊ ၂၀၁၅ ခုနှစ် ၊ ၂၀၂၀ ခုနှစ်တို့တွင် ကျင်းပခဲ့သော ရွေးကောက် ပွဲတွင် ပြည်နယ်အတွင်း အမတ်အရေအတွက် အများဆုံး အနိုင်ရှိခဲ့သော ပါတီခုဖြစ်သော်လည်း နောက်ပိုင်း တွင် ပါတီ ရပ်တည်ချက်နှင့် ပတ်သက်၍ ခေါင်းဆောင်ပိုင်း အချင်း ချင်း သဘောထားကွဲကာ ပါတီမှ နုတ် ထွက်မှုများလည်း ရှိခဲ့သည်။

You may also like these stories:

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */