Saturday, August 21, 2021

ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ် မှတ်ပေးဖို့ အမေရိကန်ကို တိုက်တွန်း

RFA
လွတ်လပ်တဲ့အာရှအသံ 
2021-08-20

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။
File Photo: AFP

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ရာရောက်တဲ့ တိုက် ခိုက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာ ရှစ်သိန်းလောက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်ဟာ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ လေးနှစ်ပြည့်မှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံက ဒီ တိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်တာ မရှိသေးဘူးလို့ Refugee International အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှု Genocide အဖြစ် တရားဝင်သတ်မှတ်ခေါ်ဝေါ်ဖို့ Refugee International အဖွဲ့က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနဟာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ အမြောက်အမြားရထား တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု Genocide အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ မနှောင့်နှေးသင့်တော့ဘူးလို့ Refugee International က ဒန်နီယယ် ဆော်လ ဗန် က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

Refugee International အဖွဲ့က ဦးဆောင်ပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်တရားဝင်သတ်မှတ်ပေး ဖို့ အဖွဲ့အစည်း ၉၅ ခု စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ ပေးစာတစ်စောင်ကို အမေရိကန်နိုင်ငံခြား aရးဝန်ကြီးဆီကို ပေးပို့ပြီး တောင်းဆိုထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Lnk : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */