Friday, August 20, 2021

၂၀၂၀ မှာ ပင်လယ်ဖြတ်ရင်း ရိုဟင်ဂျာဒုက္ခသည်တွေ အများဆုံးသေဆုံးရ

RFA
လွတ်လပ်တဲ့အာရှအသံ 
2021-08-19

၂ဝ၂ဝ ခုနှစ် ဇွန်က ပင်လယ်ဖြတ်ရင်း အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်ခဲ့တဲ့ ရိုဟင်ဂျာများ။
ၤၤၤၤFile Photo: Reuters

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ သေဘေးနဲ့ ရင် ဆိုင်ရပြီး အမျိုးသမီးနဲ့ကလေးတွေ အများဆုံး သေဆုံးရတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောကြားလိုက်ပါတယ်။

၂၀၂၀ ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းတဲ့ ဒုက္ခသည်တွေ အသေအပျောက် အများဆုံး နှစ်ပဲလို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်အဝင်-အထွက်တွေကို အရှေ့တောင်အာရှနိုင်ငံတွေက မနှစ်က တင်း ကျပ်ထားတဲ့ အတွက် ၂၀၁၅ မှာ လှေစီးဒုက္ခသည်တွေ ပင်လယ်ထဲ သောင်တင်နေရတဲ့ အချိန်ကစပြီး ဒုက္ခ သည်တွေ ပင်လယ်ထဲ ရှေ့မတိုး နောက်မဆုတ်အများဆုံး ဖြစ်ရတဲ့ နှစ်လို့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လူကုန်ကူးသူတွေက ပင်လယ်ထဲထားခဲ့လို့ ၂၀၁၅ မှာ ဒုက္ခသည်ထောင်နဲ့ချီ ပင် လယ်ထဲ မျောခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောခဲ့ပါတယ်။

မနှစ်က ပင်လယ်ခရီးကြမ်းဖြတ်သူ ၂၄၀၀ ကျော်မှာ လူ ၂၁၈ ယောက် ပင်လယ်ပြင်မှာ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးရတယ်လို့ UNHCR အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒါဟာ ၂၀၁၉ ကထက် ၂၀၂၀ မှာ သေဆုံးနှုန်း ရှစ်ဆများတဲ့ သဘော သက်ရောက်တယ်လို့ ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */