Saturday, August 21, 2021

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်နေ

ဧရာဝတီ
21 August 2021


ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များရှိ မွတ်ဆလင် ကျေးရွာများနှင့် ဒုက ္ခသည်စခန်းများ တွင် ရိက္ခာပြတ်လပ်နေသည်မှာ ၃ လကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အနောက်ဘက်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများမှ သိန်းနှင့်ချီသော ဒုက္ခသည်များမှာ ပြီးခဲ့သည့် ဇွန်လ ကတည်းက ထောက်ပံ့မှု ရိက္ခာမရသည့်အတွက် အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရသည်ဟုလည်း ခေါင်းဒုက္ကာ မွတ် ဆလင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးမောင်မောင်တင်က ဧရာဝတီကို ပြောသည်။

၎င်းက “ကျနော်တို့ ရိက္ခာငွေတွေ မရတာ ၃ လ လောက်ရှိနေပြီ။ တော်တော်ကြီးကို ဒုက္ခတွေ့နေတယ်။ တချို့ အိမ်တွေဆို ထမင်း မချက်နိုင်တော့ဘူး။ တချို့လည်း ရှိတာကို ရောင်းစားကြတာ ရှိတယ်။ အဲဒီ လောက်အထိ ဖြစ်နေတယ်” ဟု ဆိုသည်။
စစ်တွေ အနောက်ဘက်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းတခု / ဧရာဝတီ

စစ်တွေမြို့နယ် အနောက်ဘက်ရှိ သဲချောင်း၊ မှန်စီ၊ ဆေးသမားကြီး၊ အုန်းတော်ကြီး၊ အုန်းတော်ချေ၊ ခေါင်းဒု က္ကာ၊ သက္ကယ်ပြင် စသည့် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် လူဦးရေ သိန်းချီရှိကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများသည် ၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် ပဋိပက္ခကြောင့် မြို့နယ်အသီးသီးမှ ပြောင်းရွှေ့လာသူများဖြစ်ကာ လက်ရှိအချိန် ထိ အစိုးရက ၎င်းတို့အား ပြန်လည်နေရာချထားရေး ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ယင်းဒုက္ခသည် စခန်းများတွင် နေထိုင်သည့် မွတ်ဆလင် ရွာသားများသည် ၎င်းတို့ စားသောက်ရေးအတွက် ပင် လလယ်ပြင် ထွက်ပြီး ငါးရှာခြင်း၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်းနှင့် ကြုံရာကျပန်းများ လုပ်ကိုင်စားသောက် ကြ ပြီး အများစုမှာ နိုင်ငံတ ကာ ထောက်ပံ့မှုကို မျှော်ကိုးပြီး ရှင်သန်နေထိုင်ကြရခြင်း ဖြစ်သည်။

စစ်တွေမြို့နယ်၊ ဆေးသမားကြီး ဒုက္ခသည်စခန်းမှ အိုဘတ်ရော်ဘီက “စားရေးသောက်ရေးက တော်တော် အခက်အခဲ ဖြစ် နေတယ်။ ကိုဗစ်ကြောင့် အပြင်လည်း ထွက်မရဘူး။ လုပ်စရာအလုပ်လည်း မရှိဘူး။ အခု တချို့တလေဆိုရင် သူများအိမ်က ပစ္စည်းတွေ၊ စားသောက်စရာတွေကို ဝင်ခိုးယူတဲ့အထိ ဖြစ်နေတယ်။ ကျနော်တို့ WFP ဝန်ထမ်းတွေကို မေးကြည့်တော့ အထက်အမိန့်အရ လာမပေးတာလို့ ပြောတယ်” ဟု ဧရာ ဝတီကို ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းရှိ မွတ်ဆလင်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လူ ၁ ဦးအတွက် တလလျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဘူးသီးတောင် မြို့နယ်အတွင်းက မွတ်ဆလင် ကျေးရွာသားများမှာလည်း ထောက်ပံ့မှုရိက္ခာ မရရှိ သည်မှာ ၃ လကျော် ရှိနေသည့်အတွက် စားရေးအခက်ကြုံနေရသည်ဟုလည်း ယင်းမြို့နယ် ထိပ်ထူးပေါက် ကျေးရွာမှ မွတ်ဆလင် ရွာသားတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ရိက္ခာမရတာ ၃ လ ရှိပြီ။ လူတွေလည်း ရှိတဲ့ဟာတွေကို ရောင်းတာရောင်း၊ ပေါင်တာ ပေါင်။ အဲဒီလို ဖြစ်နေတယ်။ ကိုဗစ်နဲ့ ငါးရှာဖို့ ချောင်းထဲ ဆင်းလို့မရ။ တောင်ပေါ်လည်း တက်မရ။ နေ့တိုင်း ရိက္ခာလာမယ့် လမ်းကိုမျှော် တယ်။ ဖုန်းဆက် စုံစမ်းတယ်။ အဲဒီလို ဒုက္ခရောက်နေပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ ဘူးသီးတောင် မြို့နယ်အတွင်း ထိပ်ထူးပေါက်ကျေးရွာ၊ တောင်ရွာ၊ နနွင်းတူးရွာ၊ ဖုံညိုလိပ်ကျေးရွာ၊သရက် ပြင်ကျေးရွာ၊ ဆေးအိုးကျ စသည့် မွတ်ဆလင် ကျေးရွာများတွင် အစ္စလာမ်ဘာသာဝင် ၅၀, ၀၀၀ ကျော်ရှိကာ ၎င်းတို့အား WFP အဖွဲ့က လစဉ် ဆန်၊ ဆီ၊ ဆား စသည်ဖြင့် ရိက္ခာများ ထောက်ပံ့ပေးကြောင်း လည်း သိရသည်။

လက်ရှိ အချိန်တွင် အဆိုပါ မွတ်ဆလင် ကျေးရွာများနှင့်ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ရိက္ခာ  ထောက်ပံ့ နိုင်ရေးအတွက် စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း တို့ကြား ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ်နေကြောင်း သိရသည်။

You may also like these stories:


Topics: WFP, မွတ်စဆလင်ဒုက္ခသည်စခန်း, ရခိုင်ပြည်နယ် 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */