" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, August 27, 2021

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာ ဆက်လက် ကြိုးပမ်းဖို့ ကုလအတွင်းရေးမှူးချုပ် သတိပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 သြဂုတ်၊ 2021
ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ မေ့မပစ်သင့်တဲ့ကိစ္စဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေနဲ့အ တူ တသားထည်း ဆက်လက်ရပ်တည်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းဝိုင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ရော ဒီရိုဟင်ဂျာတွေကို လက်ခံပေးထားတဲ့ ဘင်္ဂလား ဒေ့ရှ်အစိုးရနဲ့ သူ့ပြည်သူတွေနဲ့ပါ တသားတည်း ဆက်လက်ရပ်တည်ပေးဖို့ အတွင်းရေးမှုးချုပ်က ပန်ကြားလိုက် ကြောင်း အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ ကုလရုံးချုပ်သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။ ကုလသမဂ္ဂကလည်း ဆက်ပြီး တက်တက်ကြွကြွ ကူညီပံ့ပိုးပေးနေမှာ ဖြစ်ပြီး ဒီရိုဟင်ဂျာအရေးဟာ မေ့မပစ်သင့်တဲ့ ပြဿနာ တရပ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံတာ ၄ နှစ် ပြည့်တဲ့အထိန်းအမှတ်အဖြစ်ဗုဒ္ဓဟူးနေ့က အတွင်းရေးမှုးချုပ်က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက် တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ တသန်းလောက်ဟာ ဆိုးဝါးတဲ့ အခြေနေနဲ့ ဆက်လက် နေထိုင်နေရတာဖြစ်ပြီး မြန်မာနိုင်ငံကို သူတို့ဆန္ဒအလျှောက် သိက္ခာရှိရှိ၊ လုံခြုံဘေးကင်းစွာ ယာယီမဟုတ်ပဲ ပြန်နိုင်ဖို့ အခြေနေတွေ လုပ်ငန်းစဉ်တွေ ဖြစ်လာအောင် အရေးတကြီး အကူအညီတွေ ပေးကြဖို့ပါ တောင်းဆိုခဲ့ပါ တယ်။

ရိုဟင်ဂျာတွေ တဖက်နိုင်ငံ ထွက်ပြေးခိုလှုံရတဲ့ အကြောင်းရင်းဟာ စံနစ်တကျ ခွဲခြားဆက်ဆံတာ၊ ကျဉ်ထား တာနဲ့ မြန်မာနိုင်ငံထဲက အုပ်စုဖွဲ့ အကြမ်းဖက်မှုအခြေနေတွေ သိပ်ဆိုးနေတာကြောင့် ဖြစ်ပြီး ဒါကိုအရေးယူ ဖြေရှင်းဖို့လည်း လည်း ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်ကတော့ သူတို့ကို စီစစ်ပြီး ပြန်လည်ခေါ်ယူမှာဖြစ် ကြောင်း ကတိပေးထားပေးမယ့် အခုအချိန်အထိ အကောင်ထည် မဖေါ်နိုင်သေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */