" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, August 26, 2021

ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမည်ဟု အရပ်ဘက်အဖွဲ့ ၄၃ခု သဘောတူကတိပြု

ခေတ်သစ်မီဒီယာ
ရန်ကုန်၊သြဂုတ် ၂၅

ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း မြန်မာအရပ်ဘက်အဖွဲ့ ၄၃ခုက ရိုဟင် ဂျာ များအပေါ် စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည့် ၄နှစ်မြောက် ယနေ့တွင် လက်မှတ်ထိုး က တိပြုခဲ့သည်။

၎င်းတို့အပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုများ အဆုံးသတ်ကာ တရားမျှတမှု၊ ၎င်းတို့အခွင့်အရေး ရရှိရေးအပြင် ကျူး လွန်သော အကြမ်းဖက် စစ်တပ်ကို ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ် ရန် ယင်းအရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။

သဘောတူကတိပြုရာတွင် ဒီမိုကရေစီထွန်းကာရေးလှုပ်ရှားမှုကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီ ‌စောင့် ရှောက်ရေးအသင်း၊ အသံအဖွဲ့၊ မြန်မာ့လူ့အခွင့်အရေးကွန်ရက်၊ မြန်မာအမျိုးသမီးများသမဂ္ဂ စသည့် အရပ်ဘက်အဖွဲ့ ၄၃ခုက လက်မှတ်ရေးထိုး ကတိပြုခဲ့ခြင်းဖြစ်သည်။

စစ်တပ်က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် အကြမ်းဖက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့စဉ် ကလေးသူ ငယ်များအပါအဝင် ရိုဟင်ဂျာ ထောင်ဂဏန်းအထိ သတ်ဖြတ်ခဲ့ပြီး အစုအပြုံလိုက်သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အဓမ္မဖမ်းဆီးခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်းတို့က ဖော်ပြသည်။

နောက်ဆက်တွဲအနေနှင့် ရိုဟင်ဂျာ ရှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း၊ အာ ဏာသိမ်းဖြစ်စဉ်ကြောင့် ၎င်းတို့ နေရပ်ပြန်နေထိုင်ရေး မရေရာမှု၊ ၎င်းတို့နေထိုင်ရာ ဒုက္ခသည်စခန်းများ တွင် စားနပ်ရိက္ခာ၊ ငွေကြေး စသည်မလုံလောက်မှုများ ဆက်လက်ရင်ဆိုင်နေရကြောင်း ဖော်ပြသည်။

ထို့ပြင် ကိုဗစ် ကပ်ရောဂါဘေးကြား စိုးရိမ်ဖွယ်ရာအနေအထားဖြင့် ရင်ဆိုင်နေထိုင်နေကြရပြီး လုံခြုံမှုနှင့် ရေ ရာ မှုမရှိသော ဘာရှန်ချာကျွန်းသို့ ပြောင်းရွှေ့ခံရမည့်အခြေအနေများကိုလည်း ဆက်လက်ရင်ဆိုင်နေရသဖြင့် အခြေ အနေများ ပိုမိုယိုယွင်းလာကြောင်း ယင်းအရပ်ဘက်အဖွဲ့များက ဖော်ပြသည်။

လက်ရှိအာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်များသည် ဝါရင့်ရာဇဝတ်ကောင်များဖြစ်၍ နိုင်ငံတကာက ၎င်းတို့ကို ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူရမည်ဖြစ်ပြီး၊ ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်စေနိုင်သည့် မည်သည့်နိုင်ငံရေးအရ တရားဝင်မှုမျိုးကိုမှ မပေးသင့်ကြောင်း ၎င်းတို့က တောင်းဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့်လည်း ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး လုပ်ဆောင်မည်ဟု ကတိပြုထားသည့်အတိုင်း ၎င်းတို့ အခွင့် အေ ရး များ သေချာစွာဖော်ဆောင်နိုင်ရေး ထပ်မံလုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */