" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 30, 2021

စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းအချို့မှာ ကိုဗစ်ကာ ကွယ် ‌ဆေးထိုး

B B C
ဘီဘီစီမြန်မာပိုင်း
29-08-2021

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို တရုတ် နိုင်ငံထုတ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေပြီလို့ ကိုယ်တိုင်ဆေးထိုးခဲ့ရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စခန်းမှာရှိနေတဲ့ အသက် ၄၅ နှစ်အထက်အရွယ်တွေကို ဒုက္ခသည်တွေကိုပဲ ဆေးထိုးပေးနေတာဖြစ်ကြောင်း သက္ကေပြင် ဒုက္ခသည်စခန်းအပါအဝင် စခန်းအချို့မှာ WFPက ရိက္ခာဝေတဲ့စာအုပ်နဲ့ ပြလို့ရပြီးမှတ်ပုံတင် မပါ လည်း ထိုးပေးနေတာဖြစ်တယ်လို့လည်းသူကပြောပါတယ်။

မနေ့က သြဂုတ်လ ၂၈ ရက်နေ့က သူတို့ သက္ကေပြင်စခန်းမှာ လူ ၅၁၀ ကျော်ထိုးပေးခဲ့ပြီး ပထမအကြိမ် ‌ဆေး ထိုးပြီးတဲ့ ဒုက္ခသည် တွေကို စက်တင်ဘာလ ၂၆ ရက်နေ့ဒုတိယဆေးထိုးပေးဖို့ရှိတယ်လို့ ရှိတယ်လို့လည်းသူ က‌ ရှင်းပြပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့နယ်အတွင်းမှာ ရှိတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေက အသက် ၆၅ နှစ်အထက် ရှိသူတွေ ဦးစားပေးအနေနဲ့ ထိုးခွင့်ရကြမှာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့က စာရင်းကောက်ယူမှုတွေပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သက္ကေပြင် IDP စခန်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သက္ကေပြင် IDP စခန်းမှာ အသက် ၆၅ နှစ်ရှိသူ ၁၀၀ ခန့်ရှိပြီး စစ်တွေမြို့နယ်အတွင်းက ကျန်တဲ့စခန်းတွေမှာ လည်း အခုလိုမျိုးစာရင်းကောက်ယူထားပြီးဖြစ်ပေမယ့် ဘယ်နေ့ထိုးပေးမယ်ဆိုတာကို မသိရသေးဘူးလို့ အဲ့ ဒီစခန်းတာဝန်ရှိသူက ပြောပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */