မြန်မာနိုင်ငံ (ဘူးသီးတောင် မောင်တော) နဲ့ ထိစပ်နေတဲ့ ဂေါင်းဒုံ ယူနီယံအတွင်း တမ်ဘာရူနယ်မြေမှာ RAB , DGFI ပူးပေါင်းတပ်ဖွဲဝင်တို့နဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးသူများရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိပါဘူး
မော်တော်ယာဉ်ဖြင့် နယ်စပ်အနီး သွားလာနေစဉ် သေနတ်ထိမှန်တဲ့ RAB တပ်ဖွဲ့ဝင်ဟာ ည ၁၀ နာရီခန့်မှာ ကော့ခ်ဘဇား ဆက်ဒါဆေးရုံကို ရောက်ရှိလာပြီး သွေးထွက်လွန်နေတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း ဆေးရုံ တာဝန်ကျ ဒု-ရဲအုပ်က UNB သတင်းထောက်ကို အတည်ပြုပါတယ်။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း (တောင်ပြိုလက်ဝဲ) နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ခေါင်ချာရီနယ်မြေ အ တွင်းမှာလည်း အလားတူ ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရပေမဲ့ ထိခိုက်သေဆုံးသတင်း မရရှိကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။