" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 15, 2022

မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက် ပွဲပြင်းထန်နေ

Development Media Group
Monday, November 14, 2022
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၊ ရန်အောင်ပြင်ကျေးရွာ မြောက်ဘက်တစ် မိုင်ခန့်အကွာတောင်တန်း များတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(နိုဝင်ဘာလ ၁၄ ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်ခန့်က စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြိမ်ချောင်းအခြေစိုက် စစ်ဆေးဂိတ် နခခ(၇)နှင့် (၂၄)ဂိတ်တို့မှ လက်နက် ကြီး များ ပစ်ကူပေးနေကြောင်း ရန်အောင်ပြင်ကျေးရွာသားတစ်ဦးက DMG သို့ ပြောဆိုသည်။

“တိုက်ပွဲက ၁၁ နာရီလောက်ကတည်းက ဖြစ်နေတာ။ ကျနော့်ရွာရဲ့ မြောက်ဘက်က တောင်တန်းမှာ ပြင်းပြင်း ထန်ထန်ဖြစ်နေတာ။ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်။ အဲဒီနေရာကို ကြိမ်ချောင်းစစ်ဆေးဂိတ်ကလည်း လက်နက်ကြီးတွေပစ်နေတယ်။ လက်နက်ကြီးက ရွာနားတွေ မှာကျတယ်။ ရွာသားတွေ အကုန်လုံးပိတ်မိနေတယ်”ဟု ၎င်းကဆို သည်။

ရန်အောင်ပြင်ကျေးရွာတွင် အိမ်ခြေ(၁၄၀)နှင့် လူဦးရေ (၅၀၀)ခန့်ရှိကာ ရွာသားများမှာ ကျေးရွာအတွင်း ပိတ်မိ နေပြီး ရွာသားအနည်းငယ်မှာ ထွက်ပြေးတိမ်းရှောင်၍ ရရှိခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း အဆိုပါကျေးရွာအနီးကို မြန်မာစစ်တပ်က ဂျတ်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်မှုများရှိပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာသားများကို မေးမြန်းစစ်ဆေးမှုများ ရှိ ကြောင်း နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။

“အဲဒီနေ့က ရွာထဲကိုဝင်လာပြီးတော့ ရွာမှာရှိတဲ့ ယောက်ျားတွေ အကုန်လုံးခေါ်တယ်။ နောက်ပြီးတော့ ဖုန်းတွေ ကိုစစ်ဆေးတယ်။ မွန်းလွဲ (၁)နာရီလောက်ကတည်းက စစ်တာ ၇ နာရီလောက်မှာပြီးတယ်။ အဲဒီနေ့ ရွာသားတစ် ယောက်ကို ဖမ်းသွားတယ်၊ မနက်မှ ပြန်လွှတ်ပေးလိုက်တယ်။ အခုရွာသားတွေ ဘယ်ကိုထွက်ပြေးလို့ ပြေးရမှန်း မသိဘူး။ ဒီတစ်ကြိမ်ဆိုရင် ၃ ကြိမ်ရှိပြီ”ဟု ၎င်းကဆိုသည်။

ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ရန်အောင်ပြင်ကျေးရွာကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဦးလှသိန်းအောင်ဆိုသူ၏ နေအိမ်နှင့် ဒေါ်အေးခင်၏ နေအိမ်များမှာ မီးလောင်ပျက်စီးသွား ကြောင်း ဒေသခံများကပြောသည်။

ယနေ့ တိုက်ပွဲနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ကျနော်ဆီကို ဒီနေ့ တိုက်ပွဲသတင်းတွေတော့ ရောက်မလာသေးဘူး။ ဒါပေမယ့်လည်း ဟိုတနေ့ နိုဝင်ဘာလ ၁၀ နေ့က ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ ရန်အောင်ပြင်မှာ အိမ်နှစ်ဆောင် မီးလောင်သွားတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့လည်း ရန်အောင်ပြင်ရွာနားကို လေယာဉ်နှစ်စီးနဲ့ လာပစ်တယ်”ဟု ၎င်းကဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန်အတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာပြီး လက် ရှိတွင် ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */