" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 15, 2022

မူးယစ်ဆေးမှောင်ခိုဆိုသူများနှင့် မြန်မာနယ်စပ်တွင် တိုက်ပွဲ ဖြစ်ပွား၍ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိတစ်ဦးကျ ဆုံး၊ ရခိုင်မြောက်ပိုင်းနှင့် ထိစပ်နေသည့် တစ်ဖက်နိုင်ငံအ တွင်း ဘင်္ဂလား ဒေ့်လုံခြုံရေးတို့နှင့် ARSA တို့အကြား ပစ် ခတ် မှုများ ဖြစ်ပွားခဲ့ဟု နယ်မြေခံဆို

နိုင်ငံတကာရေးရာ သတင်သုံးသပ်ချက်
(နိုဝင်ဘာ-၁၅၊၂၀၂၂) 

တိုက်ပွဲဖြစ်ပွားခြင်း မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်လူထုဆက်ဆံရေးဋ္ဌာန ISPR က ယနေ့နံနက်မှာ အချက်အလက်များနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ (ဘူးသီးတောင် မောင်တော) နဲ့ ထိစပ်နေတဲ့ ဂေါင်းဒုံ ယူနီယံအတွင်း တမ်ဘာရူနယ်မြေမှာ RAB , DGFI ပူးပေါင်းတပ်ဖွဲဝင်တို့နဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးသူများရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိပါဘူး

မော်တော်ယာဉ်ဖြင့် နယ်စပ်အနီး သွားလာနေစဉ် သေနတ်ထိမှန်တဲ့ RAB တပ်ဖွဲ့ဝင်ဟာ ည ၁၀ နာရီခန့်မှာ ကော့ခ်ဘဇား ဆက်ဒါဆေးရုံကို ရောက်ရှိလာပြီး သွေးထွက်လွန်နေတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း ဆေးရုံ တာဝန်ကျ ဒု-ရဲအုပ်က UNB သတင်းထောက်ကို အတည်ပြုပါတယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း (တောင်ပြိုလက်ဝဲ) နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ခေါင်ချာရီနယ်မြေ အ တွင်းမှာလည်း အလားတူ ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရပေမဲ့ ထိခိုက်သေဆုံးသတင်း မရရှိကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
                                                                        
မနေ့ည ၇ နာရီအချိန်လောက်မှာ ဘန်ဒါဘန်ခရိုင် တမ်ဘာရူနယ်စပ် လူမဝင်ရ “ နယ်ခြားကန့်သတ်နယ်မြေ “အနီး မော်တော်ယာဉ်ဖြင့် သွားလာနေတဲ့ အမှတ် ၁၅ လျှပ်တပြက်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်သူတို့ဟာ မြန်မာသောင်းကျန်းသူအုပ်စု “အယ်လ်ယာကင်” (ယခုနောက်ပိုင်းအမည် ARSA) တို့ဖြစ်တယ်လို့ ဒေသခံအချို့က ပြောဆိုကြောင်း UNB က ဖော်ပြပါတယ်။

အဲ့ဒီသတင်းကို ယနေ့ Dhaka Tribune က ရေးသားရာမှာ ဖြစ်စဉ်အတွင်း ကျဆုံးသူဟာ အထွေထွထောက်လှမ်း ရေး ညွှန်ကြားရေးမှုဋ္ဌာန (DGFI) မှ လေတပ်မတော် အရာရှိတစ်ဦးဖြစ်ကြောင်း DGFI နဲ့ RAB တို့ ပူး ပေါင်းပြီး တမ်ဘာရူနယ်မြေအတွင်း မူးယစ်ဆေးဝါးရေးတိုက်ဖျက်ရေး တာဝန်ထမ်းဆောင်နေစဉ် ပစ်ခတ်ခံရခြင်း ဖြစ် ကြောင်း ဖော်ပြပါတယ်။

(( လွန်ခဲ့တဲ့ နှစ်လကျော် ကာလအတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြားတိုက်ပွဲဖြစ်ပွားရာမှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်လိုက်တဲ့ မော်တာနဲ့ကျည်ထိပ်ဖူးတွေဟာ နိုင်ခေါင်ချာရီနယ်မြေအတွင်း ကျရောက်ပြီး လူအများအပြား သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အဲ့ဒီဖြစ်စဉ် များကြောင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနဲ့ ဒါကာအခြေစိုက် မီဒီယာတို့က ေြ့ပာဆို ဖော်ပြခဲ့ကြပါတယ်။

အဲ့ဒီအတွက် နှစ်နိုင်ငံအကြား သံအမတ်ကြီးများကို အပြန်အလှန် ဆင့်ခေါ်ကြရတဲ့အထိ ဆက်ဆံရေး အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

မြန််မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ် ခမ် ချောင်ဒရီကို ၁၉-၉-၂၀၂၂ ရက်၊ (၀၉၃၀) နာရီ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)မှာ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ အဲ့ဒီလို တွေ့ ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲ့နဲ့ ARSA အကြမ်းဖက်အဖွဲ့တို့ရဲ့ ခြေကုပ်စခန်းများတည် ရှိနေပုံ အချက်အလက်များကို ၇-၉-၂၀၂၂ ရက်စွဲပါ သံတမန်စာဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ခဲ့ပြီး ဖြစ် ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေပြင်စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်း ပြုလုပ်ပေးရန် ညွှန်ကြားရေး မှူးချုပ်က ထပ်လောင်းအသိပေးတယ်လို့ Global New Light of Myanmar (19/9/2022) နဲ့ VK, Facebook နဲ့ Telegram Page တို့မှာ ဖော်ပြခဲ့ပြီး ဓါတ်ပုံများလည်း ပါဝင်ပါတယ်။

အဲ့ဒီနောက်ပိုင်း မြန်မာနယ်စပ်တလျှောက် တင်းမာနေတဲ့ အခြေအနေတွေဟာ (တစ်ဖက်) နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် BGB အနေနဲဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နဲ့ ပုံမှန်အဆက် အသွယ်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတာဝန်ရှိသူတို့ရဲ့ ပြောဆိုချက်များကို ဒါကာမီဒီယာများမှာ တွေ့ရှိရပါ တယ်။

တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ( ချင်း ရခိုင်ပြည်နယ်တို့နဲ့ ထိစပ်နေတဲ့) ဘန်ဒါဘန်ခရိုင်အတွင်း နယ်စပ်မြို့နယ်လေးခုတို့မှာ ဘင်္ဂလားဒေ့ရှ်တို့က မူးယစ်ဆေးနှိမ်နင်းမှုလို့ အမည်ပေးထားတဲ့ နယ်မြေစိုးမိုး စစ် ဆင်မှုများကို ပြုလုပ်ခဲ့တာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄-ရက်နေ့ခန့် ကတည်းက ဖြစ်ပုံရပါတယ်။ အဲ့ဒီစစ်ဆင်ရေးမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ RAB ခေါ် လျှပ်တပြက်တိုက်ခိုက်ရေးတပ်ဖွဲများ သာမက ဘင်္ဂလားဒေ့ရှ်တပ်မတော်လည်း ပါဝင်ပုံရပါတယ်။

ဒီအကြောင်း အသေးစိတ် တရားဝင်သတင်း မတွေ့ရပေမဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့သတိပေးချက်သ တင်းမျိုးမှာ မထင်မရှား တွေ့ရတတ်ပါတယ်။ မြန်မာလို လုံခြုံရေးအခြေအနေဖြစ်ပေါ်နေတဲ့ တိုင်းပြည်နဲ့ ကပ်လျှက် နယ်မြေမှာ သူတို့ရဲ့ စစ်တပ်များကို အသုံးပြုဖို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ အတော်ဆင်ခြင်ပုံရပါတယ်။

အဲ့ဒီနယ်မြေများရောက် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ပြန်လည်ရုတ်သိမ်းခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာများ အကြောင်း သူတို့ စစ်ရေးသုံးသပ်သူများရဲ့့ ဝေဖန်ချက်များကို ဖတ်ရှုရလို့ ခုလို မှန်းဆရခြင်းဖြစ်ပါတယ်။

ယခုသတင်းမှာ တစ်ဖက်နိုင်ငံအတွင်း ARSA တို့ ခြုံခိုတိုက်ခိုက်တဲ့အတွက် ကျဆုံးရသူဟာ ဘင်္ဂလားဒေ့ရှ် လေ တပ်မတော်မှ ထောက်လှမ်းရေးအရာရှိတစ်ဦး ဖြစ်နေတာ စိတ်မကောင်း အံ့သြဖွယ် တွေရှိရပါတယ်။

တကယ်တော့ ကောင်းကင်မှ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို မြေပြင်ပတတိအနေအထားနဲ့ ချိန်ညှိအဓိပ္ပါယ် ဖော်ယူဖို့ဆိုတာ လေတပ်ထောက်လှမ်းရေး ကျွမ်းကျင်သူများဆိုရင် အပီအပြင် လုပ်ဆောင်နိုင်ဖွယ်ရှိ လိမ့် မယ်လို့ ဉာဏ်မီသလောက် တွေးမိပါတယ်။ #ဒီလိုတော့လဲ_သူတို့ဟာနဲ့သူတို့_အဟုတ်သား။ ။သတင်းဘာ သာပြန်သူ))
..
#ဘင်္ဂလားဒေ့ရှ် #မြန်မာနယ်စပ်
..
(((Dhaka Tribune., 15 November 2022,” Anti-drugs drive at Tombru border: Injured RAB official in critical condition” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်)))

https://www.dhakatribune.com/.../anti-drugs-drive-at...
https://unb.com.bd/.../dgfi-officer-shot-dead.../104593
https://www.banglanews24.com/.../news/bd/101905.details
https://www.dhakatribune.com/.../bgb-on-high-alert-amid.











No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */