" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 15, 2022

ဘူးသီးတောင်မြို့နယ်၌ စစ်ကား ၂ စီးကို အေအေ မိုင်းဆွဲ တိုက်ခိုက်

DVB
14 November, 2022 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာသို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီကား ၂ စီး ကို နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီလောက်မှာ ဘူးသီးတောင်-ဂူတာပြင်လမ်း တောင်ကြားတနေရာမှာ ရက္ခိုင် တပ် တော် (အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်ဒေသခံတဦးက "  ည ၇ နာရီခွဲ ကျော်လောက်မှာ ဘူးသီးတောင်မြို့ပေါ်က စစ်ကား နှစ်စီး စစ်သား အပြည့်နဲ့ ဘူးတောင်-ဂူတာပြင် ဘက်ကိုဆင်းသွားကြတယ်။ ဂေါက်ကွင်းအလွန်မှာ ပေါက်ကွဲသံ နှစ်ချက်ကြား ရတယ်။ လက်နက်ကြီးလက်နက် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီလောက်ဖြစ်ခဲ့ကြတယ်။"လို့ ပြောပါတယ်။

 ဂူတာပြင်ကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ စားနပ်ရိက္ခာပြတ်လပ်ပြီး အေအေတပ်ရဲ့ ပိတ် ဆို့ခံနေရတာကြောင့် ဘူးသီးတောင်အခြေစိုက် တပ်ရင်းတွေက စစ်အင်အားနဲ့ စားနပ်ရိက္ခာဖြည့်တင်း ပေးတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်မနက် ၈ နာရီလောက်မှာလည်း စစ်ကောင်စီကား ၂ စီးကို ရက္ခိုင်တပ်တော် အေအေက ကံပြင် ကျေးရွာအုပ်စု၊ ဇဘူကျေးရွာအလွန် တောင်ကုန်းတွေနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရ ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင် ကျေးရွာတွေထဲကို ဝင်ရောက်ပစ်ခတ်နေလို့ ရွာသား တွေ စိုးရိမ်ထိတ်လန့်နေကြရကာ နေအိမ်တွေထဲမှာ ပုန်းခိုနေကြရတယ်လိုဒေသခံတွေကပြောပါတယ်။

ဘူးသီးတောင်-ဂူတာပြင်လမ်းအနီးနေ ရွာသားတဦးက "စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ကြား တယ်။ လမ်းတလျှောက်က ကျေးရွာတွေကိုဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်နေကြတယ်။ အပြန်အလှန် တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်နေတယ်။"လို့  ပြောပါ တယ်။

ဂူတာပြင်ကျေးရွာအနီး အောက်တိုဘာ ၂၇ ရက်ရက်ညပိုင်းလည်း စစ်ကောင်စီတပ်နဲ့ အေအေတို့ ၅ နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၅ ယောက်လောက် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */