" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 15, 2022

မင်္ဂလာဒုံမြို့နယ် ပုလဲလမ်းဆုံတွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီး ခံရ

DVB
14 November, 2022

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် ၃ လမ်းမကြီး ပုလဲလမ်းဆုံမှာ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲက ရိုဟင်ဂျာ ၉ ဦး ဖမ်းမိရမိခဲ့တယ်လို့ သိရပါတယ်။

သဃန်းကျွန်းကြီးကျေးရွာ ပုလဲလမ်းဆုံနဲ့ ရခိုင်ဘုန်းကြီးကျောင်းမှတ်တိုင်ကြားမှာ ကားပေါ်က ဆင်းလာတဲ့ ရိုဟင်ဂျာတွေကို တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရတာလို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြော ပါတယ်။

"ယောင်ယောင်လည်လည်ဖြစ်နေလို့ ရပ်ကွက်အုပ်ချုပ်ရေးကနေ စစ်တပ်ကို အကြောင်းကြားလိုက်တာ အာ့ ကြောင့်လာဖမ်းသွားတာ ၉ ယောက်မိသွားတယ်။"

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၉ ဦးမှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးဖြစ်ပြီး တဦးကို ၁၅ သိန်းကျပ်နဲ့ အမျိုးသား နှစ်ဦးက ရန်ကုန်ကိုခေါ်ဆောင်လာခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ယောက်ကျ်ားလေး ၅ ယောက် နဲ့ မိန်းကလေး ၂ ယောက်ကို ကားနဲ့ခေါ်လာတယ်၊ ကျန်တဲ့ မိန်းကလေး ၂ ယောက် ကို လေယာဥ်နဲ့ခေါ်လာတယ်။ တဦးကို ၁၅ သိန်းပေးရတယ်လို့ သိရတယ်။ ခေါ်လာတဲ့သူတွေကို မမိ ဘူး။"

ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၉ ဦးကို မင်္ဂလဒုံမြို့မရဲစခန်းမှာ လတ်တလော စစ်ဆေးနေပြီး လဝကဥပဒေနဲ့ အရေး ယူဆောင်သွားမယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ ညပိုင်းကလည်း လှည်းကူးမြို့နယ် တာဆုံလမ်းဆုံမှာ ရိုဟင်ဂျာ ၆ ဦးကို ဖမ်းဆီး ရ မိခဲ့ပါသေးတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့လတွေက ရိုဟင်ဂျာ ၃၀၀ နီးပါးဖမ်းဆီးရမိခဲ့ပြီး မြို့နယ်အသီးသီးရှိ တရားရုံး တွေမှာ လဝကဥပဒေတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */