" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 15, 2022

မင်္ဂလာဒုံမြို့နယ်မှာ ရိုဟင်ဂျာကိုးဦး ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.11.14

မင်္ဂလာဒုံမြို့နယ်မှာ ရိုဟင်ဂျာကိုးဦး ဖမ်းဆီးခံရ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် (၃) လမ်းမတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ကိုးဦးအား တွေ့ရစဉ်။Photo: Citizen Journalist

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် (၃) လမ်းမမှာ အောက်တိုဘာလ ၁၃ ရက် မနေ့ည ၈ နာရီ ခွဲအချိန်က ရိုဟင်ဂျာအမျိုးသားငါးဦးနဲ့ အမျိုးသမီးလေးဦး စုစုပေါင်း ကိုးဦး အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့မရဲစခန်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကလည်း သတင်းရရှိလို့ သက်ဆိုင်ရာ အဖွဲ့အစည်းစုံနဲ့ ဖမ်းဆီးခဲ့ တာ လို့ RFA ကို အတည်ပြုပါတယ်။

“ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ အရေအတွက်က အားလုံးမှန်ပါတယ်။ သတင်းကလည်း အမှန်ပဲ။ ဖမ်းတာတော့ အဖွဲ့ ပေါင်းစုံနဲ့ဖမ်းတာလို့ပြောတယ်။ အဲသတင်းက အမှန်တော့ အတိအကျပဲ”

ကိုးဦးစလုံးကို ထောက်ကြန့် အမှတ် (၃) လမ်းမနဲ့ ပုလဲလမ်းဆုံအနီးမှာ တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို ရခိုင်ပြည်နယ်ကနေ ပွဲစားတွေ ခေါ်ဆောင်လာတာလို့ မီဒီယာတွေအချို့မှာ ရေးသားကြပေမယ့် နေရာ အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ နေရပ်စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေ ကို အခုလိုပဲ ဖမ်းမိခဲ့ရင် ၁၉၄၉ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/ ၆(၃) တို့အရ ထောင်ဒဏ် နှစ်နှစ်နဲ့အ ထက် ချမှတ်လေ့ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီး ကတည်းက အထောက် အ ထားမဲ့ ရွှေ့ပြောင်းသွားလာလို့ဆိုပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာ ၁၂ဝဝ နီးပါးရှိသလို အဲဒီအထဲမှာ ကလေးသူငယ်နဲ့ အမျိုးသမီး အများစု ပါဝင်နေပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */