ဗွီအိုအေ (မြန်မာဌာန)
၁၅ နိုဝင်ဘာ၊ ၂၀၂၂
.png)
လှေနဲ့တလကျော်ခရီးနှင်ခဲ့တဲ့ရိုဟင်ဂျာ ၁၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက် လာတဲ့အကြောင်း အင်ဒိုနီးရှားရဲဌာန အကြီးအကဲက အင်္ဂါနေ့ကပြောပါတယ်။ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ အန္တရာယ်များလှတဲ့ ပင်လယ်ခရီးကိုထွက်ခဲ့တဲ့ နောက်ဆုံးအုပ်စုဖြစ်မယ်လို့ ယူဆရပါတယ်။
သူတို့က မလေးရှားကို ဦးတည်သွားနေကြတာဖြစ်တယ်လို့ ဒုက္ခသည် Muhammad Amin က အေပီသတင်းကို ပြောပါတယ်။ မတ်လတုန်းကလည်း အာချေးပြည်နယ် Bireuen ခရိုင်ကကမ်းခြေကို ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ယောက်ကို တွေ့ခဲ့ပါသေးတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က အာဆာ သူပုန်တွေကို စစ်ဆင်ရေးဆင်နွှဲနေတုန်းမှာ ရိုဟင်ဂျာတွေဟာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေ အဖြစ် ထွက်ပြေးနေထိုင်နေကြရပါတယ်။ ဒီ ဒုက္ခသည်တွေဟာ ဒေသတွင်းက မူဆလင်နိုင်ငံတွေဆီကို ပိုကောင်းတဲ့ဘဝကိုရှာဖွေဖို့ ပင်လယ်ကိုဖြတ်ပြီး ခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့မနက်စောစော Meunasah Baro ရွာကကမ်းခြေမှာ ဒေသခံတံငါတွေ က ရိုဟင်ဂျာ ၁၁၀ ကို တွေ့ကြတာပါ။ ဒီအုပ်စုမှာ အမျိုးသား ၆၅ ယောက်၊ အမျိုးသမီး ၂၇ ယောက်နဲ့ကလေး ၁၈ ယောက် ပါဝင်ကြတယ်လို့ Muara Batu ရဲဌာနအကြီးအကဲ Herman Saputra က ပြောပါတယ်။ သူတို့အားလုံးဟာ အားနည်းဆာလောင်နေကြပြီး ကျေးရွာခန်းမမှာ ယာယီနေရာချထားပြီး ကျန်းမာရေး စစ်ဆေးပေးဖို့ ရှိပါတယ်။
သူတို့က မလေးရှားကို ဦးတည်သွားနေကြတာဖြစ်တယ်လို့ ဒုက္ခသည် Muhammad Amin က အေပီသတင်းကို ပြောပါတယ်။ မတ်လတုန်းကလည်း အာချေးပြည်နယ် Bireuen ခရိုင်ကကမ်းခြေကို ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ယောက်ကို တွေ့ခဲ့ပါသေးတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က အာဆာ သူပုန်တွေကို စစ်ဆင်ရေးဆင်နွှဲနေတုန်းမှာ ရိုဟင်ဂျာတွေဟာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေ အဖြစ် ထွက်ပြေးနေထိုင်နေကြရပါတယ်။ ဒီ ဒုက္ခသည်တွေဟာ ဒေသတွင်းက မူဆလင်နိုင်ငံတွေဆီကို ပိုကောင်းတဲ့ဘဝကိုရှာဖွေဖို့ ပင်လယ်ကိုဖြတ်ပြီး ခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment