" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 15, 2022

မင်္ဂလာဒုံမြို့နယ်တွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက် 


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက် ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်တွင် ရိုဟင်ဂျာ ၉ ဦးဖမ်း ဆီးခံခဲ့ရကြောင်း မြို့ခံများထံက သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊အမှတ် ၃ လမ်းမကြီး၊ ပုလဲလမ်းဆုံမှတ်တိုင်အနီးရှိ အမှိုက်ကန်အနီး တွင် ရခိုင်ပြည်နယ်ဘက်မှလာသည့် ရိုဟင်ဂျာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရှိရသည်။

“သူတို့ကရခိုင်ဘက်ကနေ ပွဲစားနဲ့လာကြတာလို့သိရတယ် ။ညကအဲ့ဒီနားမှာသူတို့ရောက်နေတယ်ဆိုပြီး သတင်း ပေးလို့ထင်တယ်၊ ပုလဲရဲကင်းကရဲတွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေရောက်လာပြီးလာဖမ်းသွားတာ”ဟု သင်္ဃန်းကျွန်း ကြီး ရပ်ကွက်နေအမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ရိုဟင်ဂျာများအား ဖမ်းဆီးထားပြီး မင်္ဂလာဒုံရဲစခန်းတွင်စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း မင်္ဂလာဒုံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံကသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလနောက်ဆုံးအပတ်နှင့် နိုဝင် ဘာလဆန်းပိုင်းကလည်း ရန်ကုန်တိုင်း၊လှည်းကူးမြို့ နယ်၊ ဒါးပိန်ကျေးရွာအနီးနှင့် အမြန်လမ်း ၀ မိုင်အနီးနေ ရာ ၂ ခုတွင် ရိုဟင်ဂျာ ၂၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း ရန်ကုန်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံကသိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */