" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 15, 2022

ဘူးသီးတောင်နှင့်မောင်တောတွင် ဆေးဝါးနှင့် ရိက္ခာပြတ်လု နီးပါးဖြစ်နေပြီး ဆန် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခွဲ နီးပါး စျေးပေါက်

CDMM
ချစ်သဲညှာ
Nov 15, 2022


ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောမြို့ကို အကြမ်းဖက်စစ်အုပ်စုက ဖြတ် လေးဖြတ်ပြုလုပ်ထားတာ ကြောင့် ဆေးဝါးနှင့် ရိက္ခာပြတ်လု နီးပါးဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မောင်တောမြို့မှာတော့ ဆန်တစ်အိတ်ကျပ်တစ်သိန်းခွဲထိပေးနေရပြီး ဆန်ထပ်မဝင်တော့တာကြောင့် ၂ လစာ သာ ရိက္ခာကျန်တော့တယ်လို့ ဒေ သခံတွေဆီကသိရပါတယ်။

ပြည်သူ့ဆေးရုံတွေမှာလည်း ဆေးဝါးတွေပြတ်လပ်နေပြီး ခွဲစိတ်ကုသမှုတွေ မပြုလုပ် နိုင်တော့ကြောင်း၊ ခွဲစိတ် ကု သဖို့ အရမ်းအရေးကြီးတဲ့ လူ နာမှပဲကုသပေးနိုင်တော့တယ်လို့ မောင်တောဆေးရုံကြီးနှင့် နီးစပ်တဲ့ ဒေသခံ တစ်ဦး ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့ပြီး စက်တင်ဘာလလောက်ကစလို့ ဆေးဝါးတွေကို ရခိုင်ပြည်နယ်အတွင်း သယ်ယူပို့ဆောင်တာတွေမလုပ်ဖို့ စစ်ကောင်စီကနေ တားမြစ်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်တို့ကြားတိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ပြည်နယ်အနှံ့ သက်ကြီးရွယ်အိုတွေပါမချန် သတ်ဖြတ်တာတွေနဲ့ ရမ်းသမ်းဖမ်းဆီးတာ တွေ ကို လည်း နေ့စဉ် ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။khit thit

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */