Showing posts with label တပ်မတော်. Show all posts
Showing posts with label တပ်မတော်. Show all posts

Thursday, April 4, 2019

မီဒီယာတွေကို ခြိမ်းခြောက်တာမရှိကြောင်းတပ်မ တော်နဲ့ AA ပြောဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-04
မဝေမာထွန်း

 ရခိုင့်တပ်မတော် AA ရဲ့ ၂၀၁၉ ဧပြီ ၃ ရက်နေ့ ထုတ်ပြန်ချက် တစိတ်တပိုင်းကို တွေ့ရစဉ်
-

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းရေးသားဖော်ပြတာတွေနဲ့ ပတ် သက်လို့ သတင်းမီဒီယာဌာနတွေကို အီးမေးလ်၊ ဖေ့စ်ဘွတ်မက်ဆေ့ဂျာတွေကနေတဆင့် ခြိမ်းခြောက်တာ မရှိဘူးလို့ အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Wednesday, April 3, 2019

ရခိုင်ပြည်နယ် ဖြစ်ရပ်တွေ သတင်းပေးတိုင်ကြားလို သူတွေကို တပ်မတော်ဖိတ်ခေါ်

RFA
လွတ်လပ်တဲ့ အာရှအသံ
 2019-04-03

 ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ပြီးနောက် ဆက်စပ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သတင်းပေးတိုင်ကြားလိုသူတွေအနေနဲ့ အချက်အလက်နဲ့ မှတ်တမ်း
တွေ ပေးပို့တိုင်ကြားနိုင်ကြောင်း တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဖိတ်ခေါ်လိုက် ပါတယ်။

Monday, April 1, 2019

ရခိုင်တိုက်ပွဲ အပြန်အလှန်စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဇော်ထက်
 ရက္ခိုင့်တပ်မတော် တပ်များ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပြီး AA ဘက်ကလည်း သူတို့ရဲ့ပြောဆိုချက်တွေ မှန် ကန်တယ်ဆိုတာ စောင့်ကြည့်လေ့လာလို့ ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ နှစ်ဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေတဲ့ တိုက်ခိုက်မှုတွေအတွင်းမှာတော့ အရပ်သားပြည်သူ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ကြရ ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ ထား ပါတယ်။

Sunday, March 31, 2019

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဧပြီလအတွင်း တွေ့ဆုံဖို့ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-30
မသက်စုအောင်
 သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို ၂၀၁၉၊ မတ် ၂၉ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်


အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေး ထိုး ထားတဲ့ အဖွဲ့တချို့အပြင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ လာမယ့် ဧပြီလအတွင်းမှာ တွေ့ဆုံဖို့ရှိတယ် လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

Friday, March 29, 2019

ရခိုင်ပြည်နယ် လူထုကို ကာကွယ်ဖို့ လူ့အခွင့်ရေးအဖွဲ့ တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-28

 မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်က အရပ်သားတွေ နေထိုင်ရာဒေသတွေမှာ စစ်ဆင်တိုက် ခိုက်နေ တာတွေ ကို ချက်ခြင်း ရပ်ဆိုင်းခြင်းအားဖြင့် လူထုကို အကာအကွယ်ပေးဖို့ လန်ဒန်အခြေစိုက် BHRN ခေါ် မြန်မာ လူ့အခွင့်အရေးကွန်ယက် က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

Tuesday, March 26, 2019

ရသေ့တောင်ဒေသခံ စက်လှေသမားတစ်ဦး ကျည်ထိ မှန်သေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-26
ကိုမင်းသိန်းအောင်

 သေဆုံးသွားတဲ့ ကူးတို့သမား ဦးမောင်ချေ ကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာ စက်လှေပြေးဆွဲနေတဲ့ ဒေသခံတစ်ဦးကို အစိုးရတပ်မတော်က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ မိသားစုက ပြောပါတယ်။ 

တပ်မတော်ဘက်ကတော့ အကြောင်းမဲ့ပစ်ခတ်တာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။ဒီအကြောင်း  RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

Monday, March 25, 2019

ပစ်ခတ်မှုလျော့ပါးရေး သဘောတူထားပေမယ့် ရခိုင် တိုက်ပွဲ ပြင်းထန်ဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန)

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျော့ချရေး ဆက်လက် ဆွေးနွေးသွားဖို့ အမျိုးသားပြန်လည် သင့်မြတ် ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ သဘောတူခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာကိုပဲ၊ ရခိုင်ပြည်နယ် အ တွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းအရေး စုံစမ်းစစ်ဆေးဖို့လိုအပ်လို့ ခုံရုံး ဖွဲ့တာလို့ တပ်မတော်ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုဝင်းကိုကိုလတ်နဲ့ ကိုသီဟထွန်း
2019-03-25

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ မတ် ၂၅ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တောဒေသတွေမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေက စွပ်စွဲလာတဲ့ လူ့အခွင့် အရေး ချိုးဖောက်မူတွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်က ခုံရုံး ဖွဲ့စည်းလိုက်တာဟာ လိုအပ်လို့ လုပ်သင့် လုပ်ထိုက်လို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံတကာက စွပ်စွဲပြောဆိုတာတွေကို လျော့နည်းအောင် လုပ်တာ မဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက RFA ကို ဒီနေ့ ပြော ပါတယ်။

Friday, March 22, 2019

မြောက်ဦးမြို့ပစ်ခတ်မှုတွေအကြောင်း မြို့ခံမျက်မြင် တွေ သတင်းစာရှင်းလင်း

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-22
ကိုမင်းသိန်းအောင်

 မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ညက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ ၂ဝ၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့က ဒေသခံတွေ မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီ ANP ရုံးခန်းမှာ ရှင်းလင်းစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ညက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ မနေ့က မြောက်ဦး မြို့ ရခိုင်အမျိုးသားပါတီ ANP ရုံးခန်းမှာ မြို့ခံ မျက်မြင်သက်သေတွေက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြု လုပ်ခဲ့ပါတယ်။

Wednesday, March 20, 2019

AA အဖွဲ့ဝင်ဝင် ၁၃ ဦးကို တပ်မတော် ဖမ်းဆီး စစ်ဆေး ခဲ့

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-20
 မြဝတီ သတင်းစာပါ ထုတ်ပြန်ချက်ကို တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ချောင်းသစ်ကျေးရွာအနီးမှာ မတ်လ ၁၂ ရက်နေ့က AA အဖွဲ့ဝင် ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းစာကနေ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

Tuesday, March 19, 2019

မြောက်ဦးမြို့ပေါ်ပစ်ခတ်မှု အကြောင်းမဲ့ပစ်ခတ်တာ မဟုတ်ကြောင်း တပ်ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-19
ကိုကျော်သူ

 မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာမှာ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ၂၀၁၉ မတ်လ ၁၈ ရက်နေ့ကတွေ့ရစဉ်



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ မနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တပ် မတော် က အကြောင်းမဲ့ ပစ်ခတ်တာမဟုတ်ဘဲ မြောက်ဦးမြိုပေါ်က လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ရင်း တစ်ခုကို AA အဖွဲ့က စတင်ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ရတာလို့ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။

တပ်မတော် ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့မြောက်ပိုင်း ၃ဖွဲ့ ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-19
ကိုကျော်လွင်ဦး
 မြောက်ဦးမြို့ အနောက်မြေထဲစေတီပေါ်မှာ လက်နက်ကြီးကျရောက်တာကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နေရာကို ၂၀၁၉ မတ်လ ၁၆ ရက်နေ့ကတွေ့ရစဉ်



ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ ရခိုင့်တပ်မတော် AA အပါအ၀င် မြောက်ပိုင်းမဟာ မိတ် အဖွဲ့ ၃ ဖွဲ့က ဒီနေ့ ပူးပေါင်းကြေညာချက်ထုတ်လိုက်ပါတယ်။

Monday, March 18, 2019

ARSA နှင့်ပတ်သက်သည့် တပ်မတော် အစီရင်ခံစာ ယနေ့စတင်စစ်ဆေး

DVB 
By
18 March 2019


ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့နဲ့ပတ်သက်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့တဲ့ အစီရင်ခံစာတွေအပေါ် ထပ် ပြီး စိစစ်ဖို့အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး ဒီနေ့ စတင်စစ်ဆေးမယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ပါတယ်။

ဒီဖြစ်စဉ်တွေရဲ့အပေါ် စုံစမ်းစစ်ဆေးခဲ့တဲ့အဖွဲ့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံး က လေ့လာသုံး သပ် အကြံပြုတင်ပြချက်တွေ၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နဲ့ ကုလသမဂ္ဂ အ ချက်အလက်ရှာဖွေရေးအဖွဲ့တို့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြု တင် ပြချက်တွေကြောင့် အစီရင်ခံစာအသီးသီးရဲ့ ရေးသားဖော်ပြချက်တွေကို ထပ်ပြီး စိစစ်အတည်ပြုဖို့ လိုအပ် လာတယ်လို့ ဆိုပါတယ်။

Sunday, March 10, 2019

တပ်မတော်နဲ့ AA တိုက်ပွဲပေါင်းတစ်ရာကျော်ရှိနေပြီ လို့ AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-09
 ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်


တပ်မတော်က စစ်တိုင်း ၅ ခု မှာ အပစ်ရပ် ၄လ ရပ်ဆိုင်းထားမယ်လို့ ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွားပြီး တပ်မတော်ဘက်က ၂၀၀ ခန့် ကျဆုံးခဲ့တယ်လို့ AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ ပြောပါတယ်။

Wednesday, March 6, 2019

ရခိုင်ပြည်နယ်မှာတပ်မတော်ကအင်အားဖြည့်တင်း နေကြောင်း AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
 တပ်မတော်သားတချို့ကို အောက်တိုဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရစဉ်

 ဒီဇင်ဘာလကုန်ပိုင်းကပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က တပ်သားအင်အား ၈ ထောင် ကျော် စေလွှတ်ထားတယ်လို့ AA ရခိုင့်တပ်မတော်က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။တပ်မ ၂၂၊ ၅၅၊ ၆၆ နဲ့ ၉၉ က တပ်ဖွဲ့ဝင်တွေ၊  ကြည်းရေလေ ပူးပေါင်းတပ်ဖွဲ့တွေအပြင် ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင် ပြီး စစ်လက်နက် ခဲယမ်းမီးကျောက်တွေလည်း ဆက်လက်ဖြည့်ဆည်းနေတယ်လို့ ဆိုပါတယ်။

Tuesday, March 5, 2019

AA နဲ့ တပ်မတော် တိုက်ပွဲကြောင့် ဒေသခံ ၁ ဦး သေနတ်ထိမှန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-05

မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် စင်္ဘောကိုင်းရွာကို ထွက်ပြေးလာသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အထက်ပိုင်း ဘုရားကြီးကျေးရွာအနီးမှာ မနေ့ ည က ရက္ခိုင့် တပ် မ တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့ တာကြောင့် ဒေသခံအရပ်သားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ဒီနေ့ စစ်တွေဆေး ရုံကြီး ကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

Sunday, March 3, 2019

ရခိုင်တိုက်ပွဲတွေအပေါ် သူတို့ ဘယ်လိုမြင်ကြလဲ



2 March 2019

ရခိုင်ပြည်နယ်အတွင်းသို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့က ၂၀၁၅ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။ AA သည် ကချင်လွတ်လပ်မြောက်ရေး တပ်မတော် (KIA) ထိန်း ချုပ်နယ်မြေတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းသို့ AA ဝင်ရောက်လာပြီးနောက် တပ်မတော်နှင့် ကြိုကြားကြိုကြား ထိတွေ့မှုများ ရှိ ခဲ့ ပြီးယခုနှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်း ၄ ခုကိုအလစ်အငိုက်ဝင်ရောက်  တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော် အနေဖြင့် AA ကို စစ်ဆင်ရေး ပုံစံဖြင့် ရှင်းလင်းမှုများ ဆက်တိုက် လုပ် ဆောင်လာခဲ့သည်။

အရှိန်မြင့်လာသည်နှင့် တပြိုင်တည်းမှာဘဲ ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်လာပြီး အ ရပ် သားများ၊ အစိုးရဝန်ထမ်းများ ဖမ်းဆီးနှိပ်စက် ခံရမှုများ၊ ထိခိုက်သေဆုံးမှုများ၊ စီးပွားရေး၊ လူမှုရေးနှင့် ပ ညာရေးများကိုပါထိခိုက်မှုများရှိလာပြီး အခြေအနေ တနေ့ထက်တနေ့ ဆိုးရွားလာနေသည်ကို တွေ့ရ သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး နယ်ပယ်အသီးသီးက အမြင်သဘော ထားများကို ဧရာဝတီက စုစည်း ဖော်ပြလိုက်သည်။


ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)နဲ့ အမှုဖွင့်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-02
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးကို ၂၀၁၉၊ မတ်လ ၂ ရက်နေ့က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

Photo: Min Thein Aung/ RFA

ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) (၂) တို့နဲ့ တပ်မတော်က အမှုဖွင့်ထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးက ဒီနေ့ ပြောလိုက်ပါတယ်။

Saturday, February 23, 2019

မြန်မာဘက်ခြမ်း တိုက်ပွဲတွေကြောင့် အိန္ဒိယနယ်စပ် တွင်အင်အားတိုးဖြည့်

VOA
ဗွီအိုအေ (မြန်မာပိုင်း)၊22 ဖေဖော်ဝါရီ၊ 2019


အိန္ဒိယ မြန်မာနယ်စပ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေ တယ်ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယဘက်ခြမ်းက မီဇိုရမ် ကျေးရွာတွေမှာ အိန္ဒိယတပ်တွေကို စေလွှတ် ချထားလိုက်ကြောင်း ကြာသပတေးနေ့က အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Wednesday, February 20, 2019

တပ်မတော် ဆောင်ရွက်ချက်တွေကို ရခိုင်ဒေသခံတွေ ပူးပေါင်းကူညီဖို့ အဆို ပြည်နယ်လွှတ်တော် ပယ်ချ

RFA
လွတ်လပ်တဲ့ အာရှအသံ

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပစဉ်

ရခိုင်ပြည်နယ်ထဲက ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့ တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တပ်မတော်က တင်သွင်းခဲ့ပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်က ဒီနေ့မှာ ပယ်ချလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */