Friday, March 29, 2019

ရခိုင်ပြည်နယ် လူထုကို ကာကွယ်ဖို့ လူ့အခွင့်ရေးအဖွဲ့ တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-28

မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်

   မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်က အရပ်သားတွေ နေထိုင်ရာဒေသတွေမှာ စစ်ဆင်တိုက် ခိုက်နေ တာတွေ ကို ချက်ခြင်း ရပ်ဆိုင်းခြင်းအားဖြင့် လူထုကို အကာအကွယ်ပေးဖို့ လန်ဒန်အခြေစိုက် BHRN ခေါ် မြန်မာ လူ့အခွင့်အရေးကွန်ယက် က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဦးကျော်ဝင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသား ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမဆန်စွာပြုကျင့်နေတာတွေကို အထင်အရှား မြင်နိုင်ကြောင်းနဲ့ လက်ရှိမှာ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်မှုတွေကြောင့် ဒေသခံရွာသား၂ သောင်းကျော် နေရပ်စွန့်ခွာ ထွက် ပြေးနေကြရကြောင်း စသဖြင့် ပြောဆိုပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */